Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမြွှာကလေးနှစ်ဦး ရရှိတော့မယ့် မင်းသားဟယ်ရီတို့ ဇနီးမောင်နှံ

$
0
0

တော်ဝင်မင်္ဂလာပွဲ ပြီးဆုံးခဲ့တာ တလကြာပြီးတဲ့နောက် မင်းသား ဟယ်ရီနဲ့ မင်းသမီး Meghan Markle တို့ဟာ မိသားစုဝင် အရေအတွက်ကို တိုးချဲ့ဖို့ အဆင်သင့်ဖြစ်နေကြပြီလို့ ဆိုပါတယ်။ သတင်းတခုရဲ့ အဆိုအရ Sussex မြို့စားကတော်ဟာ ယောကျာ်းလေးတဦးနဲ့ မိန်းကလေးတဦးကို အမြွှာရင်သွေးအနေနဲ့ လွယ်ထားရပြီဖြစ်တယ် လို့သိရပါတယ်။

HollywoodLife.com မီဒီယာကနေတဆင့် OK Magazine ရဲ့ သတင်းမှာတော့ မေလ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လက်ထပ်ပွဲ ပြီးတဲ့နောက်မှာ အရှေ့အာဖရိကကို ပျားရည်ဆမ်းခရီး ထွက်ခဲ့ရာကနေ ပြန်လည်ရောက်ရှိခဲ့ပြီးတဲ့ သူတို့ စုံတွဲနှစ်ဦးဟာ အခုလိုမျိုး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ သတင်းနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့တာတော့ မရှိပါဘူး။ မင်းသား ဝီလီယမ်တို့ စုံတွဲကိုတော့ သူတို့နှစ်ဦးက ပထမဆုံး ပြောပြခဲ့တယ်လို့ ဆိုကြပါတယ်။

မင်းသားဝီလီယမ်တို့ စုံတွဲက တော်တော်လေး အကူအညီပေးကြတယ်လို့ သတင်းအရင်းအမြစ်တခုက အဲဒီမဂ္ဂဇင်းကို ပြောပါတယ်။ မင်းသားဝီလီယမ်ရဲ့ ကြင်ယာတော်၊ ကလေး ၃ ဦးမိခင် Kate ကတော့ တော်ဝင်ထုံးတမ်းတွေအရ ကိုယ်ဝန် ဆောင်ထားတဲ့ ဗိုက်ကို အကာအကွယ်ပေးပုံတွေကနေ စလို့ ကိုယ်ဝန်ဆောင်စဉ် ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေအထိ အရာအားလုံးကို သင်ကြားပြသပေးတယ်လို့ သတင်းရင်းမြစ်တွေမှာဆိုပါတယ်။

ဒါ့အပြင် Kate အနေနဲ့ သူကိုယ်ဝန်ဆောင်ခဲ့ဖူးတဲ့ ကာလတလျှောက်မှာ အကောင်းဆုံး ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ အဆက်အသွယ် ရှိခဲ့တဲ့အတွက် အခု Meghan ကိုလည်း သူတို့သမျှ အရာတိုင်းကို ပြောပြနေတယ်လို့လည်း ဆိုပါတယ်။

သတင်းရင်းမြစ် တခုမှာတော့ “ဟယ်ရီနဲ့ Meghan တို့ဟာ ပျော်ရွှင်မှုတွေက အထွဋ်အထိပ် ရောက်နေကြပါတယ်။ အခုလိုမျိုး မြန်မြန် ကိုယ်ဝန်လွယ်ရလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ပြီးတော့ သူတို့ဟာ သားလေးတယောက်၊ သမီးလေးတယောက် နှစ်ယောက်ရတော့မယ်ဆိုတာကို သိတော့ ပိုပြီး စိတ်လှုပ်ရှားနေကြပါတယ်” လို့ ဆိုပါတယ်။ သူတို့စုံတွဲနှစ်ဦးဟာ အဲလိဇဘက်ဘုရင်မကြီး၊ မင်းသားချားလ်စ်နဲ့ ကြင်ယာတော် ကမ်မီလာတို့ကလည်း ဒီအကြောင်း ပြောပြပြီးပြီလို့ ဆိုပါတယ်။

မကြာခင် မိဘဖြစ်ကြတော့မယ့် တော်ဝင်ဇနီး မောင်နှံနှစ်ဦးဟာ Meghan တို့အတွက် အကောင်းဆုံး ဖြစ်မယ်ဆိုရင် အမေရိကန်နိုင်ငံမှာ အမြွှာလေးတွေကို ပြုစုပျိုးထောင်တာ အပါအဝင် ကလေးတွေအတွက် အရာအားလုံး လုပ်ပေးဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

အတွင်းသတင်းတခုက “Meghan ဟာ တော်ဝင်ဘဝမှာ ဝင်ဆန့်ဖို့ မရေအတွက်နိုင်အောင် စွန့်လွှတ်ခဲ့ရပါတယ်။ သူရဲ့ နှလုံးသား တစိတ်တပိုင်းဟာ အမြဲတမ်း ကယ်လီဖိုးနီးယားမှာ ရှိနေတယ်ဆိုတာ ဟယ်ရီက သိပါတယ်။ ပြီးတော့ သူ့အိပ်မက်ထဲက အမျိုးသမီး၊ သူ့ကလေးတွေရဲ့ မိခင်ကိုလည်း ကျေနပ်စေချင်ပါတယ်” လို့ ပြောဆိုပါတယ်။

Ref: aceshowbiz

The post အမြွှာကလေးနှစ်ဦး ရရှိတော့မယ့် မင်းသားဟယ်ရီတို့ ဇနီးမောင်နှံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...