Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ်တွေ သည်းထိတ်ရင်ဖို ကြည့်ရဦးမယ့် “Inrang” ကိုရီးယားရုပ်ရှင်

$
0
0

ဒါရိုက်တာ Kim Jee Won ရိုက်ကူးတဲ့ သည်းထိတ်ရင်ဖို သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ဖြစ်တဲ့ “Inrang” ကို ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့မှာ မီဒီယာတွေထံ မိတ်ဆက်ခဲ့ပါတယ်။ ၂၀၂၉ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အဲဒီအချိန်မှာ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ညီညွှတ်တဲ့ အစိုးရတခုကို ထူထောင်ဖို့ သဘောတူလိုက်ကြပါတယ်။

ဒါပေမယ့် “Sect” လို့ ခေါ်တဲ့ ပြန်လည်ပေါင်းစည်းရေးကို ဆန့်ကျင်တဲ့ အကြမ်းဖက်အုပ်စုကို ရပ်တန့်ဖို့ အထူးအဖွဲ့တခုကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဖွဲ့စည်းခဲ့ပါတယ်။ အခုလိုမျိုး ကြောက်မက်ဖွယ် ရဲအဖွဲ့ရဲ့ ကြီးထွားလာတဲ့ လွှမ်းမိုးမှုရဲ့ ခြိမ်းခြောက်မှုကို ခံစားရလာတဲ့အခါ နိုင်ငံတော်ထောက်လှမ်းရေး အေဂျင်စီက အဲဒီအဖွဲ့ကို ဖျက်ဆီးဖို့ စီစဉ်ပါတော့တယ်။

အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ အထူးအဖွဲ့ဟာ “wolves” လို့ခေါ်တဲ့ လျှို့ဝှက်လူသား လက်နက်တွေကို အသုံးပြုနေတဲ့ အကြောင်း နိုင်ငံတဝန်းကို ကောလာဟလတွေ ဖြန့်ခဲ့ပါတော့တယ်။ အဲဒီကနေတဆင့် ဒီဇာတ်လမ်း ဖြစ်ပေါ်လာခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဒါရိုက်တာ Kim က “ဇာတ်လမ်းရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ‘“Inrang” ကတော့ ကိုရီးယားစကားကနေ ဆင်းသက်လာပြီး “ဝံပုလွေလူသား” လို့ အဓိပ္ပာယ်ရပါတယ်။

အဲဒီရုပ်ရှင်မှာတော့ လူသားလက်နက်တခုအဖြစ် ပြုစုပျိုးထောင်ခံလာရတဲ့ Im Joong-kyung ဆိုတဲ့ အမျိုးသားဟာ သူ့စိတ်ထဲမှာ ရှိတဲ့ စိတ်နေစိတ်နေတွေရဲ့ ပဋိပက္ခတွေကြောင့် ပြိုလဲပျက်စီးနေတဲ့ သူလည်း ဖြစ်ပါတယ်” လို့ ပြောကြား ခဲ့ပါတယ်။

အခုရုပ်ရှင်ကတော့ ဂျပန် Animation ဒါရိုက်တာ Hiroyuki Okiura ရဲ့ “The Wolf Brigade” Animation ရုပ်ရှင်ကို ပြန်လည်အခြေခံ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

အခုလိုမျိုး Animation ကို ပြန်လည် ရိုက်ကူးဖို့ မစဉ်းစားဘဲ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပေမယ့် မူရင်းရုပ်ရှင် ပရိသတ်တွေကို စိတ်မပျက်စေဖို့ ကြိုးစားထားတဲ့ အကြောင်း ဒါရိုက်တာ Kim က ဆိုပါတယ်။

ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ အထူးရဲတပ်ဖွဲ့က တာဝန်ပေးအပ်ခြင်း ခံထားရတဲ့ အဆင့်မြင့် လေ့ကျင့်ထားတဲ့ အဖွဲ့ဝင် Im Joong-kyung အဖြစ် မင်းသား Gang Dong-won က ပါဝင် သရုပ်ဆောင်ထားတာပါ။

မင်းသား Im က “ကျနော် ၂၀၁၂ ခုနှစ်လောက်မှာ ဒါရိုက်တာ Kim ရဲ့ လက်ထောက်ဒါရိုက်တာထံကနေ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အဲဒီ ကမ်းလှမ်းချက်ကို ကျနော်လက်ခံခဲ့ပြီး ဒီရုပ်ရှင်ထွက်လာဖို့ အချိန် ၆ နှစ်ကြာ မြင့်ခဲ့ပါတယ်” လို့ အခုလိုမျိုး ဇာတ်ရုပ်မှာ ပါဝင်ခဲ့ပုံကို ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် စစ်သည်တော် ဇာတ်ရုပ်အတွက် ကီလိုဂရမ် ၄၀ ကျော် လေးတဲ့ အထူးဝတ်စုံတခုကိုလည်း ဝတ်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။

မင်းသမီး Han Hyo-joo ကတော့ ဒီရုပ်ရှင်မှာ Lee Yoon-hee ဇာတ်ရုပ်မှာ ပါဝင်ရတာဟာ မင်းသမီးတယောက် အနေနဲ့သူ့ အတွက် စိန်ခေါ်မှုကြီး တခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အခြားနာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Jung Woo-sung က ရဲတပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်း အကြီးအကဲ Jang Jin-tae အဖြစ် သရုပ်ဆောင်ထားပြီး SHINee အဖွဲ့ဝင် Choi Min-ho က အထူးရဲတပ်ဖွဲ့ဝင် ခေါင်းဆောင်နဲ့ Jang ရဲ့ ညာလက်ရုံးအဖြစ် သရုပ်ဆောင်ထားကြပါတယ်။

Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်တဲ့ “Inrang” ရုပ်ရှင်ကိုတော့ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံ တွေမှာ ဇူလိုင် ၂၅ ရက်စလို့ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref:Yonhap

The post ပရိသတ်တွေ သည်းထိတ်ရင်ဖို ကြည့်ရဦးမယ့် “Inrang” ကိုရီးယားရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...