မင်းသား Liam Hemsworth နဲ့ အဆိုတော် Miley Cyrus တို့ လမ်းခွဲလိုက်ပြီ ဖြစ်တဲ့အကြောင်း ကောလာဟလ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် သူတို့နှစ်ဦးဟာ အခုအချိန်အထိ တပူးတွဲတွဲ ရှိနေကြတယ်လို့ ET မီဒီယာက သတင်းထုတ်ပြန် လိုက်ပါတယ်။
လမ်းခွဲသတင်းတွေ ရရှိခဲ့ပြီး မိနစ်အနည်းငယ်အကြားမှာပဲ မင်းသား Hemsworth ဟာ သူ့ရဲ့ Instagram Stories မှာ အဆိုတော် Miley နဲ့အတူ ကားအတူတူမောင်းနှင်နေတဲ့ ဗီဒီယိုတခုကို တင်ခဲ့ပါတယ်။ ပရိသတ်တယောက် Instagram မှာ တင်ခဲ့တဲ့ပုံမှာတော့ အသက် ၂၈ နှစ်အရွယ် မင်းသားနဲ့ အသက် ၂၅ နှစ် အရွယ် အဆိုတော်တို့ကို လေဆိပ်မှာ အတူတကွ ရှိနေတာကို မြင်တွေ့ခဲ့ကြရပါတယ်။
အခုသီတင်းပတ် အစောပိုင်းမှာ သူတို့ချစ်သူနှစ်ဦးဟာ လမ်းခွဲလိုက်ပြီဖြစ်ပြီး သူ့တို့ရဲ့ စေ့စပ်ထားမှုကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ပရိသတ်တော်တော်များများကတော့ အဆိုတော် Miley အနေနဲ့ ဒီသတင်းပတ် အစောပိုင်းမှာ သူ့ရဲ့ Instagram ထဲက ပုံတွေကို ရှင်းလင်းလိုက်ရတဲ့ အကြောင်းရင်းဟာ လမ်းခွဲလိုက်တဲ့အတွက် ဖြစ်ကြောင်း ထင်ကြေးပေး ပြောဆိုခဲ့တာတွေ ရှိလာခဲ့တာပါ။
သတင်းတွေရဲ့ အဆိုအရ ကလေးယူသင့်တဲ့ အချိန်နဲ့ ပတ်သက်ပြီး နှစ်ဦးကြား မပြေမလည်မှုတွေ ရှိခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၀၉ ခုနှစ်မှာ “The Last Song” ဆိုတဲ့ ရုပ်ရှင် ရိုက်ကွင်းမှာ ဆုံစည်းခဲ့ကြပြီးတဲ့နောက် ပထမဆုံးအကြိမ် တွဲခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၂ ခုနှစ်မှာ စေ့စပ်ခဲ့ပေမယ့် အဲဒီနောက်နှစ်မှာပဲ လမ်းခွဲခဲ့ကြပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်မှာ အချစ်ဇာတ်လမ်း ပြန်ဆက်ခဲ့ကြပြီး အဲဒီအချိန်ကနေစပြီး အခုနောက်ပိုင်းတော့ ဆက်ဆံရေး ခိုင်မာနေတာကို မြင်တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ အများက စိတ်ဝင်စားနေကြတဲ့ လက်ထပ်ပွဲ အတွက် နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေလည်း လုပ်နေကြပြီလို့ ပြီးခဲ့တဲ့ မတ်လမှာ သတင်းရင်းမြစ်တခုက ပြောကြားခဲ့ဖူးပါတယ်။
အဲဒီသတင်းရင်းမြစ်က “Miley ဟာ မတူညီတဲ့ လက်ထပ်ပွဲ အစီအစဉ်တွေ အားလုံးကို စီစဉ်ထားပါတယ်။ သူဟာ မတူကွဲပြားတဲ့ အတွေ့အကြုံ တွေရစေဖို့ အမြဲတမ်း ဖန်တီးမှုတွေနဲ့ အိုင်ဒီယာအသစ်တွေကို စဉ်းစားနေပါတယ်။ ဒါပေမယ့် ရိုးရိုးရှင်းရှင်းပဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ အရမ်းလျှို့ဝှက်တဲ့သူ ဖြစ်တဲ့အတွက် ဘာကိုမှတော့ မကြေညာရသေးပါဘူး”
“ဒါကြောင့် နောက်ဆုံးအချိန်ရောက်မှ သူ့တို့ရဲ့ သူငယ်ချင်းတွေပဲ သိရမှာပါ။ ဒီတကြိမ်မှာတော့ သူတို့ရဲ့ ကိုယ်ပိုင် အစီအစဉ် အတိုင်း အားလုံးကို လုပ်သွားမှာပါ။ ဒါဟာ ရေးဆွဲထားတဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။ နောက်ဆုံး အချိန်မှာ သူတို့ လက်ထပ်မယ်လို့ ပြောလာမယ့် အချိန်မှာတော့ သူတို့က အဲဒါအမှန်လို့ ယုံကြမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
Ref: etcanada
The post လမ်းခွဲလိုက်ပြီလို့ ကောလာဟလ ထွက်နေပေမယ့် အတူတွဲတွေ့နေရသေးတဲ့ Liam နဲ့ Miley appeared first on ဧရာဝတီ.