Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Myanmar Idol အကဲဖြတ်ဒိုင် မြန်မာပြည်သိန်းတန်ကို ဝေဖန်မှုများ မြင့်တက်နေ

$
0
0

မနေ့ညက ပြုလုပ်ခဲ့တဲ့ Myanmar Idol Season3 ရဲ့ Rock Week သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ် ဒိုင်လူကြီး တဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်က ပြိုင်ပွဲဝင်များအပေါ် ခွဲခြားပြီး ဝေဖန်မှတ်ချက်များ ပေးခဲ့တယ်ဆိုပြီး ပရိသတ်များကြား ဝေဖန် ပြောဆိုမှုများ မြင့်တက်နေပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ညက ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်စုစုပေါင်း ၆ ဦးက Rock သီချင်းများနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး ပြိုင်ပွဲဝင် နီလန်း၊ ငွေစင်လှိုင်း၊ ဖြိုးမြတ်အောင်၊ ဇော်ကြီး၊ နေ့ခန့်မင်းသစ်နဲ့ ချမ်းမြေ့မောင်ချိုတို့က ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ရှေ့က ပြိုင်ပွဲဝင်များရဲ့ သီဆိုမှုအပေါ် အကဲဖြတ်ဒိုင်ဖြစ်တဲ့ မြန်မာပြည်သိန်းတန်က ရင်ထဲ မရောက်ဘူးလို့ မှတ်ချက်ပေးခဲ့ပြီး ပြိုင်ပွဲမှာ ပရိသတ်အားပေးမှု အများအပြား ရရှိထားတဲ့ ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်ကိုတော့ “သူရဿတီမယ်တော်” က အသံပိုင်းနဲ့ ပတ်သက်ပြီး စောင့်ရှောက်နေတဲ့ သူတယောက် ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့တဲ့အတွက် အများက ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

ပြိုင်ပွဲဝင် ဖြိုးမြတ်အောင် သီဆိုနေစဉ်

 

မြန်မာပြည်သိန်းတန်ရဲ့ အကဲဖြတ် ပြောစကားများအပေါ် ကြည့်ရှှုနေကြတဲ့ ပရိသတ်များက အော်ဟစ်ပြီး ပြောဆိုခဲ့ပေမယ့် သူကတော့ သူ့ရဲ့ဂီတသက်တမ်း အတွေ့အကြုံ့များနဲ့ သမာသမတ် ကျကျသာ ဝေဖန်ပြောဆိုခြင်း ဖြစ်တယ်လို့ ပြန်လည်တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

လက်ရှိကျင်းပနေတဲ့ Myanmar Idol Season3 ရဲ့သီချင်းဆိုပြိုင်ပွဲမှာတော့ အကဲဖြတ်ဒိုင်များအဖြစ် မြန်မာပြည်သိန်းတန်၊ ရန်အောင်၊ မျိုးကျော့မြိုင်နဲ့ တင်ဇာမော်တို့ လေးဦးကပါဝင်ဆောင်ရွက်နေပေမယ့် မြန်မာပြည်သိန်းတန် တဦးတည်းရဲ့ မှတ်ချက်စကားများကသာ ပရိသတ်များရဲ့ ဝေဖန်မှုများ ုပြုလုပ်ခြင်း ခံနေရတာ ဖြစ်ပါတယ်။

Rock Week ဆိုတဲ့အတိုင်း ပြိုင်ပွဲဝင်များကတော့ Rock သီချင်းများကို အကောင်းဆုံး ပါဝင်သီဆိုသွားကြပြီး ဒီနေ့ည ၉ နာရီအချိန်မှာတော့ ပြိုင်ပွဲကနေ Voting စနစ်အရ မဲအရေအတွက် အနည်းဆုံးရရှိသူနှစ်ဦးက ထွက်ခွာရမှာ ဖြစ်ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲဟာ လက်ရှိမြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်ပြီး နှစ်တိုင်းမှာလည်း ပရိသတ်များကြား ဝေဖန်မှုများမြင့်တက်နေတဲ့ ပြိုင်ပွဲတခုလည်း ဖြစ်ပါတယ်။

The post Myanmar Idol အကဲဖြတ်ဒိုင် မြန်မာပြည်သိန်းတန်ကို ဝေဖန်မှုများ မြင့်တက်နေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...