မြန်မာ ပရိသတ်တွေကြားမှာ “ချိုဝမ်” လို့ လူသိများတဲ့ ကိုရီးယားမင်းသမီး Lee Da Hae က တရုတ်နိုင်ငံမှာ အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တဲ့ ပရိုမိုးရှင်းပွဲတွေအကြောင်းနဲ့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ပြောကြားခဲ့ပါတယ်။
သြဂုတ်လ ၇ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ SBS ရုပ်သံလိုင်းရဲ့ “Night of Real Entertainment” အစီအစဉ်မှာ အလှကုန်ပစ္စည်း ကြော်ငြာရိုက်ကွင်းတခုမှာ မင်းသမီး Lee ကို အင်တာဗျူးခဲ့ပါတယ်။
မင်းသမီး Lee ဟာ တရုတ်အလှကုန်ပစ္စည်းတွေအတွက် မော်ဒယ်အဖြစ် ၅ နှစ်လောက် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ သူ့ရဲ့စာချုပ်တွေကို အသစ်ထပ်တိုး ချုပ်ဆိုနိုင်ခဲ့တဲ့ နောက်ကွယ်က လျှို့ဝှက်ချက်နဲ့ ပတ်သက်လို့တော့ သူက “ကျမ တရုတ်အလှကုန်ပစ္စည်းတွေကို ၅ နှစ်လောက် ကြော်ငြာပေးခဲ့ပြီးပါပြီ။ ပြီးတော့ နှစ်တိုင်းရောင်းအားက ၃၀ ရာခိုင်နှုန်းလောက် တိုးနေတယ်လို့ ပြောပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မင်းသမီးဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက တရုတ်ဒရာမာ ဇာတ်လမ်းတွဲတွေမှာ စတင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံမှာ သူ့ရဲ့ နာမည်ကျော်ကြားမှုဟာ အခုအထိ ခိုင်မာနေဆဲ ဖြစ်ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ LETV ရုပ်ရှင်နဲ့ ဒရာမာဆုပေးပွဲမှာ အကောင်းဆုံး ဒရာမာ မင်းသမီးဆုကို ပထမဆုံးကိုရီးယား မင်းသမီးအနေနဲ့ ရရှိခဲ့ပါတယ်။ မင်းသမီးရဲ့ “‘My Girl’ ဒရာမာဟာ တရုတ်နိုင်ငံမှာ အောင်မြင်ခဲ့ပါတယ်။
“အဲ့ဒီဒရာမာရဲ့ ကျေးဇူးကြောင့် လူတွေက ကျမကို မှတ်မိနေတာ ဖြစ်တယ်လို့ ကျမ ထင်ပါတယ်။” လို့ မင်းသမီးက ဆိုပါတယ်။ အဲ့ဒီနောက် သူ့ကိုသူ လှပတယ်လို့ တွေ့ရှိခဲ့တဲ့အချိန် အခိုက်အတန့်တွေ အကြောင်း မေးမြန်းခဲ့ပါတယ်။ မင်းသမီး Lee က “အတိတ်တုန်းက အခိုက်အတန့် အချို့ရှိခဲ့မယ်လို့ ကျမထင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန် အခိုက်အတန့်တွေဟာ တဦးတယောက်ကြောင့် ဖြစ်လာခဲ့တာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။
ဆက်လက်ပြီး မင်းသမီး Lee က အလှအပရေးရာနဲ့ ပတ်သက်ပြီးတော့လည်း “အခုလတ်တလောမှာ ကျမ ဆံပင်တွေ တော်တော်ကျွတ်နေပါတယ်။ ဆံပင်ကျွတ်သက်သာတဲ့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးဖို့ ကျမလိုအပ်နေပြီလားလို့ တွေးမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အချိန် ၃ နှစ်ကြာမြင့်ပြီဖြစ်တဲ့ ဆက်ဆံရေးရှိတဲ့ သူမရဲ့ ချစ်သူ Se7en နဲ့ ပတ်သက်လို့တော့ အဆင်ပြေကြောင်းသာ ပြန်လည်ဖြေဆိုခဲ့တာ တွေ့ရပါတယ်။
Ref: soompi
The post ဆံပင်တွေ ကျွတ်လို့ စိတ်ညစ်နေရတဲ့ ကိုရီးယားမင်းသမီး ချိုဝမ် appeared first on ဧရာဝတီ.