Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ချမ်းမြေ့မောင်ချိုရဲ့ အဖေက “ဒူဘိုင်းသူဌေးရဲ့ အတွင်းရေးမှူး မဟုတ်ပါဘူး”

$
0
0

Myanmar Idol Season 3 ရဲ့ နောက်ဆုံး Final အဆင့်အထိ ရောက်သွားပြီ ဖြစ်တဲ့ ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုဟာ ဝေဖန်မှုများစွာ ရှိနေပြီး သူ့ရဲ့ ဖခင်ဟာ ဒူဘိုင်းသူဌေးရဲ့ အတွင်းရေးမှူးဆိုတဲ့ ကောလာဟလများ ရှိနေပါတယ်။ အဲဒီသတင်းဟာ မဟုတ်မမှန်ကြောင်း ချမ်းမြေ့မောင်ချိုရဲ့ မိခင်ဖြစ်သူ အဆိုတော် အိအိက ဧရာဝတီကို ပြောပါတယ်။

“ကျမရဲ့ အမျိုးသားကို ဒူဘိုင်းသူဌေးရဲ့ အတွင်းရေးမှူးလို့ ပြောတာတွေ ရှိတယ်။ ကျမ အခြေအနေလည်း ကြည့်သွားလို့ရတယ်။ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ နေနေရတာ။ လူတွေရဲ့ ပြောတတ်တဲ့ သဘောကို ပြောတာ။ ကျမ မချမ်းသာပါဘူး။ ကျမက အပေါ်ကို မကြည့်ဘူး။ အောက်ကိုပဲ ကြည့်တယ်။ ကျန်တဲ့အပိုင်း ဘာအပူအပင်မှ မရှိဘူး။ ကိုယ့်မိသားစုလေးနဲ့ ဒီလိုနေရတာ ကျေနပ်တယ်” လို့ အဆိုတော် အိအိက ပြောပါတယ်။

ချမ်းမြေ့မောင်ချိုရဲ့ ဖခင်ဖြစ်သူမှာ အများထင်နေကြသလို မဟုတ်ဘဲ သင်္ဘောအရာရှိ တဦးဖြစ်ပြီး လက်ရှိ သူမတို့ မိသားစုမှာလည်း အများနည်းတူ လူတန်းစေ့ နေနိုင်ရုံသာ ရှိပါတယ်လို့ ဆိုပါတယ်။

“သူတို့တွေ စိတ်ဝင်စားလို့ပြောတာ အထင်ခံရနည်းလား။ ဒုဗိုလ်မှူးကြီး ဘာညာနဲ့ ၂နှ စ်ရှိပြီ။ စင်ကာပူမှာ ကပ္ပတိန် စာမေးပွဲ သွားဖြေတယ်၊ အောင်တယ်။ ဒါပေမယ့် ရုံးမှာကျတော့ ချက်ချင်း ရာထူး မပေးဘူး။ သင်္ဘော ပြန်လိုက်ရသေးတယ်။ သင်္ဘောအရာရှိ အနေနဲ့ပဲ လိုက်နေရတာ။ ၄ ခေါက်မြောက်ပါ။ အခုနေရတာက အခုခေတ်မှာ လူတန်းစေ့ပါပဲ” လို့ အဆိုတော် အိအိက ပြောပါတယ်။

ချမ်းမြေ့မောင်ချိုအနေနဲ့ Myanmar Idol ပြိုင်ပွဲမှာ အမှားအယွင်းများ ရှိခဲ့သော်လည်း နောက်ဆုံး ဖိုင်နယ်အထိ ပါသွားတဲ့အတွက် ဝေဖန်မှုများက မြင့်တက်လာခဲ့ပြီး ဖခင်ဖြစ်သူက ပိုက်ဆံရှိလို့ Voting ပေးနိုင်တာကြောင့် ပါသွားခဲ့တာဆိုတဲ့ စကားသံများလည်း ရှိနေခဲ့ပါတယ်။

ချမ်းမြေ့မောင်ချိုအတွက် Myanmar Idol သီချင်းဆို ပြိုင်ပွဲဟာ ပထမဆုံးပြိုင်ပွဲတခုဖြစ်ပြီး ပြိုင်ပွဲဝင်များထဲမှာလည်း အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တဦးလည်း ဖြစ်ပါတယ်။

“သူ (ချမ်းမြေ့မောင်ချို) က အသက် ၁၈ နှစ်အရွယ်။ ကလေးလေးလို့ ပြောရအောင်လည်း လူကောင်က ထွားနေတယ်။ သူတို့ ၁၈ နှစ် အရွယ်က ဘာတွေလုပ်နေကြသလဲ။ ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီးပြောပါ။ အသက် ၁ ၈နှစ် အရွယ်ကလေးမှာ ဒီလိုအခြေအနေတွေ ဖြစ်လာတယ်။ မှားရင်လမ်းတည့်ပေးပါ” လို့ အဆိုတော် အိအိက ဆိုပါတယ်။

မိခင်ဖြစ်သူ အဆိုတော်အိအိမှာ တခေတ်တခါက အောင်မြင်ခဲ့တဲ့ တေးသံရှင်တယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာလောကထဲက ထွက်သွားခဲ့ပေမယ့် သားဖြစ်သူကလည်း သရုပ်ဆောင် တယောက်အနေနဲ့ ပြိုင်ပွဲမှာ ဆုရရှိခဲ့ပြီး အနုပညာလောကထဲကို ဝင်ရောက်လာသလို သမီးဖြစ်သူ ချမ်းမြေ့မောင်ချိုကလည်း Myanmar Idol ပြိုင်ပွဲမှတဆင့် အဆိုတော် တယောက် ဖြစ်ဖို့အတွက် ကြိုးစားနေတာကြောင့် သားနဲ့ သမီးအတွက် ပံ့ပိုးမှုများစွာကို လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

“အန်တီက သူတို့ ဘာဝါသနာပါလဲဆိုတာကို အကုန်လုပ်ပေးမှာ။ ကောင်းတာမှန်သမျှ အကုန်လုပ်ပေးမှာ။ ရုပ်ရှင် ရိုက်ဖို့ကမ်းလှမ်းတာတွေလည်းရှိတယ်။ ငယ်တုန်းလေး စန်းရှိတုန်းလေး လုပ်ပေးမှာ။ အနုပညာဘယ်လောက်ပဲ ဝါသနာပါပါ စန်းရှိမှဖြစ်မှာ။ သူတို့လမ်းလေးကို ဖြောင့်ဖြောင့်တန်းတန်း သွားဖို့ကို သူတို့ဝါသနာပါတဲ့ဟာကို ရူးသွပ်ပါ။ တာဝန်ကြေပါ။ အဲ့ဒါလေးပဲ ပြောထားတာပါ။ ပေါ်ပင်တော့မလုပ်နဲ့လို့ ပြောထားတာပေါ့” လို့ အဆိုတော် အိအိက ပြောပါတယ်။

ဆက်စပ် သတင်းလင့်ခ်အနုပညာလမ်းကြောင်းမှာ “မောင်ချို” ဆိုတဲ့ နာမည်တလုံး ကျန်စေချင်တယ်

The post ချမ်းမြေ့မောင်ချိုရဲ့ အဖေက “ဒူဘိုင်းသူဌေးရဲ့ အတွင်းရေးမှူး မဟုတ်ပါဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


TTA Oreo Gapp Installer


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် အကောင်အထည် မပေါ်ခဲ့သော အတိုင်ပင်ခံ...


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...