Quantcast
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင် ဇဏ်ခီအတွက် ဇနီးဖြစ်သူ ခရစ်စတီးနားခီရဲ့ မွေးနေ့ဆုတောင်း

သြဂုတ်လ ၂၅ ရက်နေ့က သရုပ်ဆောင် ဇဏ်ခီရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ အမှတ်တရအဖြစ် ဇနီးဖြစ်တဲ့ ဒါရိုက်တာခရစ္စတီးနားခီကတော့ ချစ်စရာကောင်းတဲ့ မွေးနေ့ဆုတောင်းကို ရေးသားခဲ့ပါတယ်။ ခင်ပွန်းကိုလည်း

မွေးနေ့မှ မဟုတ်ဘဲ နေ့တိုင်း ဆုတောင်းပေးဖြစ်တဲ့အကြောင်း ပြောပြထားပါသေးတယ်။

” Happy Birthday par Honey yay! လိုချင်တာတွေ မျိုသိပ်ရတာများလာတော့ ဘာလိုချင်မှန်းမသိသူနဲ့ မပေးနိုင်တာများလာတော့ ဘာပေးရမှန်းမသိတော့တဲ့သူ ၂ ယောက်အတွက် နေမကောင်းဖြစ်နေတဲ့ သားကပဲ ဘဝဆိုတာ ဒီလိုပါပဲဆိုပြီး နောက်ထပ်ခရီးဆက်ဖို့ ဖြစ်လာမယ်ထင်ပါတယ်။ အထူးတလည် ဘာမှ မဆုတောင်းပေးတော့ဘူးနော်၊ နေ့တိုင်းတောင်းတဲ့ ဆုထဲမှာပါပြီးသားမို့လေ I love you more than you know par” ဆိုပြီးသူ့ရဲ့ Facebook ပေါ်မှာ ရေးသားခဲ့ပါတယ်။

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ တို့ရဲ့ မိသားစုကိုတော့ ပရိသတ်တိုင်းက လေးစားအားကျလျက်ရှိတဲ့ အနုပညာရှင်စုံတွဲတတွဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ အမြဲတွေ့မြင်ရတဲ့ မိသားစုလည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေတယ်လို့ သိရပါတယ်။

အနုပညာလောကမှာ ပရိသတ်တွေရဲ့ မေတ္တာနဲ့အားပေးမှု အများကြီးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ

ခရစ္စတီးနားခီ တို့ရဲ့ မိသားစုကတော့ မြင်ရသူပရိသတ်တိုင်း အားကျရတဲ့မိသားစုဖြစ်ပါတယ်။

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ ‘ ဥပါယ်တံမျဉ် ‘ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး မြန်မာနိုင်ငံကပရိသတ်တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့  ‘မုဒြာရဲ့ခေါ်သံ ‘ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီးကလည်း အောင်မြင်ခဲ့ပါသေးတယ်။

The post သရုပ်ဆောင် ဇဏ်ခီအတွက် ဇနီးဖြစ်သူ ခရစ်စတီးနားခီရဲ့ မွေးနေ့ဆုတောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...