ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပုရိသတွေ စွဲမက်သဘောကျကြတဲ့ သရုပ်ဆောင် မင်းသမီး အိချောပိုကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။
“ဒီအသက်အရွယ်ထိ ရည်းစားမထားဖူးဘူးရယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘဝရဲ့ လက်တွဲဖော်အနေနဲ့ ရွေးချယ်ရမယ့်သူ မဟုတ်သေးဘူးပေါ့။ ကိုယ့်မိဘနဲ့လည်း အဆင်ပြေမယ်။ ကိုယ်နဲ့လည်း အဆင်ပြေတယ်။ ကိုယ့်ဘဝကို နားလည်ပေးနိုင်တဲ့သူဆိုရင်တော့ ပရိသတ်ကို ချပြမှာပါ” လို့ အိချောပိုက ပြောပါတယ်။
ခန္ဓာကိုယ်ကောက်ကြောင်းလှတဲ့ သူတယောက်အနေနဲ့ တချို့က သဘောကျ နှစ်သက်ကြသလို သူမရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Troll တာတွေလည်းရှိလို့နေတယ်လို့လည်း ဆိုပါတယ်။
“ဖက်ရှင်ပိုင်းကတော့ တချို့ထွင်တာတွေက ကိုယ်နဲ့လိုက်ချင်မှလည်း လိုက်တာလေ။ အိချောကတော့ အဆင်ပြေသလို ဝတ်လိုက်တယ်။ သူများမျက်လုံးထဲမှာ တခါတလေလည်း လှသွားပေမယ့် တခါတလေလည်း ကြည့်ရဆိုးမှာပါ” လို့ အိချောပိုက ပြောပါတယ်။
အိချောပိုက မကြာခင်မှာလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဖန်တီးရိုက်ကူးမယ့် Lady Boy ရုပ်ရှင်ဇာတ်ကားမှာ ယခင်ကပုံစံများနဲ့ မတူ အမြင်ဆန်းတဲ့ပုံစံနဲ့ မြင်တွေ့ရမယ်လို့ ပြောပါတယ်။
“ဒီကားမှာက နိုင်ငံခြားမှာရောက်နေတဲ့ မော်ဒယ် မင်းသမီး တယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ။ ကိုယ့်နိုင်ငံကိုယ့် လူမျိုးတွေပဲ ရိုက်တာ မဟုတ်ဘူး။ အားလုံးပူးပေါင်းပြီး ရိုက်တာဆိုတော့ အမှားအယွင်း မရှိအောင် ပြင်ဆင်ရမှာပေါ့။ ဇာတ်လမ်းအရလည်း ဆန်းတယ်။ ကိုယ့်ဘက်က မြန်မာလူမျိုးပဲ မဟုတ်ဘူး။ သူများနိုင်ငံက လူတွေနဲ့လည်း ရိုက်ရမှာ ဆိုတော့ ဆန်းပါတယ်။ အိချော ကားလေးတွေမှာ အိချော ရိုက်နေကျ ပုံစံ မဟုတ်ဘဲနဲ့ အမြင်ဆန်းစေတာလေးတွေ ပါပါတယ်” လို့ အိချောပိုက ပြောပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကိုတော့ ထိုင်းနိုင်ငံမှာ သွားရောက် ရိုက်ကူးမှာဖြစ်ပြီး အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သေချာပြင်ဆင်ထားတယ်လို့ သိရပါတယ်။
The post “ဒီအသက်အရွယ်ထိ ရည်းစားမထားဖူးဘူးရယ်တော့ မဟုတ်ပါဘူး” appeared first on ဧရာဝတီ.