Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Fan အသစ်တွေတိုးလာတယ်၊ အမျိုးသားပရိသတ်တွေ တိုးလာတယ်”

$
0
0

လတ်တလောမှာ နေခြည်ဦးက သူမကိုင်တဲ့ နာမည်ကြီးတံဆိပ်လက်ကိုင်အိတ်နဲ့ ပတ်သက်လို့ သူမပြောစကားတခွန်း ကြောင့် ဝေဖန်ခံနေရပါတယ်။ ဒီလိုဝေဖန်ခံနေရတာကြောင့် သူမမှာအမျိုးသားပရိသတ်များပိုတိုးလာတယ်လို့ နေခြည်ဦးက ဆိုပါတယ်။

”အွန်လိုင်းမှာ ပြောစရာစကားတခုရသွားတာပေါ့။ ဒီ Brand ကိုမကိုင်တော့ဘူးလို့ပြောနေတော့ ပေါက်သွားတာပေါ့။ ဒါနဲ့ ပတ်သက်ပြီးလည်း သတင်းမီဒီယာတွေကို ရှင်းပြပေးပြီးသွားပါပြီ။ Fan အသစ်တွေလည်း တိုးလာတယ်။ အမျိုးသားပရိသတ်တွေ တိုးလာတယ်။ ဝေဖန်တဲ့ ပရိတ်သတ်တွေအတွက်လည်း အေးဆေးပါ။ အမြဲတမ်းလည်း နေခြည်ကအေးဆေးပါပဲ၊ ပြောနေဦးမှာပါပဲ” လို့ ပြောပါတယ်။

နေခြည်ဦးဟာ မကြာခင်မှာ သရုပ်ဆောင်ဝတ်မှုံရွှေရည်၊ Make Up We Wee တို့ နဲ့အတူ L’oreal Paris Fashion Week ကို သွားရောက်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့အတွက် စိတ်လှုပ်ရှားနေသလို ဝတ်ပုံစားပုံတွေကိုလည်း မြန်မာမှုပြုပြီးဝတ်ဆင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ နေခြည်တို့ L’oreal Paris Fashion Week ကို နေခြည်ရယ်၊ မကစ်ရယ်၊ Wee Weeရယ် သုံးယောက်သွားရောက် ကြမှာပါ။ လေးညအိပ် ငါးညခရီးစဉ်ဖြစ်ပါတယ်။ Fashion Week ဖြစ်တဲ့အတွက် နေခြည်လည်း အရမ်းစိတ်လှုပ်ရှား နေပါတယ်။ Fashion Week မှာတော့ နေခြည်ဦးဝတ်ပုံစားပုံတွေကတော့ နည်းနည်းလေး မြန်မာမှုပြုဖို့တော့ ကြိုတင်ပြင်ဆင်ထားပါတယ်”

”နေခြည်အရမ်းချစ်ရတဲ့ ဒီဇိုင်နာအားလတ်ရဲ့ ဝတ်စုံတွေ ဝတ်ဖို့ရှိတယ်။ နေခြည်အရမ်းကြိုက်တဲ့ ဒီဇိုင်နာတွေကို ကြည့်ရမှာဖြစ်တဲ့ သူတို့ပစ္စည်းလေးတွ ကြိုဝယ်ထားတယ်။ သူတို့ပွဲကို သူတို့ပစ္စည်းလေးတွေနဲ့ တက်တော့ အမှတ်တရ ဖြစ်စေချင်လို့ပါ။ မနှစ်ကတော့ Maybelline နဲ့ Fashion Week တက်ဖူးတော့ ပွဲအတွေ့အကြုံတော့ ရှိနေတာပေ့ါ။ ကမ္ဘာကျော်အနုပညာရှင်တွေ ဒီဇိုင်နာတွေကို အပြင်မှာတွေ့ရမှာ ဖြစ်တော့ အရမ်းကို ရင်ခုန်နေပါတယ်” လို့ ပြောပါတယ်။

Beauty Blogger အပြင် ဇာတ်ကားတွေပါ ရိုက်ကူးလာတဲ့ နေခြည်ဦးက တတိယမြောက် ဇာတ်ကားရိုက်ကူးမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ဟာသဇာတ်ကားဖြစ်တာကြောင့် သူ့အတွက် စိန်ခေါ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

“အနုပညာလှုပ်ရှားမှုအနေနဲ့ တတိယမြောက်ရုပ်ရှင်ကား ရိုက်ဖို့ရှိပါတယ်။ ဟာသကားဖြစ်တဲ့အတွက် နေခြည့်အတွက် အပြောင်အပျက်လေးတွေပေါ့နော်။ နေခြည်လည်း ဟာသကားဖြစ်တဲ့အတွက် Challenge ဖြစ်ပါတယ်။ ပထမကားနဲ့ ဒုတိယကားက အချစ်ဒရမ်မာကားတွေဆိုတော့ ဒီတတိယမြောက်ကားမှာ လူတွေကို တမင်လုပ်ရယ်ရတာမျိုးမဟုတ်ဘဲနဲ့ နေခြည်မှာလည်း နေခြည် Plot လေးတွေ ရှိတဲ့အတွက် ထည့်ပြီးတော့ ကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ” လို့ ဆိုပါတယ်။

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပြီး အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့နောက်မှာတော့ Beauty Blogger တင်မက အနုပညာအလုပ်တွေလည်း ဆောင်ရွက်လို့နေတာဖြစ်ပါတယ်။

သူပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာဖြစ်ပြီး L’oreal Paris Fashion Week ပွဲကိုလည်း သူမရဲ့ အကောင့်တွေကနေ live သွားမယ်လို့ သိရပါတယ်။

The post “Fan အသစ်တွေတိုးလာတယ်၊ အမျိုးသားပရိသတ်တွေ တိုးလာတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...