Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဖွေးဖွေးပြောတဲ့ စိန်ခေါ်မှုတွေများခဲ့တဲ့ “သမ္မတကြီးထံ ပေးစာ”

$
0
0

သရုပ်ဆောင်ဖွေးဖွေးက ”သမ္မတကြီးထံ ပေးစာ” ဇာတ်ကားကသူ့အတွက် စိတ်ခေါ်မှုများသလို ဇာတ်ကားရိုက်ကူးခဲ့စဉ်က စကားလုံးတွေကို သတိတော်တော်ထားပြီးပြောခဲ့ရတယ်လို့ မီဒီယာတွေကိုပြောပါတယ်။

“သမ္မတကြီးထံ ပေးစာ’ ဇာတ်ကားက ဖွေးအတွက် တော်တော်စိတ်ခေါ်မှုများပါတယ်။ အချစ်ဇာတ်လမ်းမဟုတ်ဘဲ နိုင်ငံရေးကားလို့တောင်ပြောလို့ ရတယ်ပေါ့နော်။ အရင်ခေတ်တုန်းက ဆင်ဆာမရတဲ့ စကားလုံးတော်တော်များများကို ခုဆင်ဆာပြန်ရတယ်။ အဲ့အတွက်လည်း စကားလုံးတွေကို သတိတော်တော်ထားပြီးပြောခဲ့ရပါတယ်”

”ဖွေးအနေနဲ့လည်း လုံးဝသရုပ်မဆောင်ဖူးဘူး၊ အဲ့ကာရိုက်တာကိုပရိသတ်တွေ အနေနဲ့လည်း မြင်ရခဲတဲ့ ပြကွက်တွေ မြင်ရမှာပါ။ ကြည့်ရတာ တန်မယ်လို့ ဖွေးယုံကြည်ပါတယ်။ စိန်ခေါ်မှုရှိတဲ့ ကားလေးတွေ ခဏထားပြီးဖွေး ပေါ့ပေါ့ပါးပါးလေးတွေပဲ ရိုက်လိုက်ပါဦးမယ်” လို့ဖွေးဖွေးက ပြောပါတယ်။

သမ္မတကြီးထံပေးစား ရုပ်ရှင်ကားကြီးက ဥပဒေနဲ့သက်ဆိုင်တဲ့ အာဂတိလိုက်စားမှုအကြောင်းကို ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် အလင်းရောင် ၊ ချမ်းမင်းရဲထွဋ် တို့က ဖွေးဖွေးနဲ့ အတူ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

သရုပ်ဆောင် ဖွေးဖွေး /ချစ်ပိုး/ဧရာဝတီ

ဖွေးဖွေးက လတ်တလောမှာ သရုပ်ဆောင်မြင့်မြတ်နဲ့အတူ ရည်းစားရွေးနည်း ဆိုတဲ့ ဇာတ်ကားကိုရိုက်ကူးနေပြီး အပျိုကြီးကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ အွန်လိုင်းမီဒီယားများ ပေါများနေတာနဲ့ပတ်သက်ပြီးလည်းဖွေးဖွေးက သူရဲ့အမြင်ကို အခုလိုဆိုပါတယ်။

“ဖွေးက အစတည်းက Facebook Page ပဲသုံးတာဆိုတော့ သိပ်စိတ်ပူစရာမရှိပါဘူး။ Facebook မရှိတော့ရင် အွန်လိုင်းမီဒီယာတွေလည်း ဖြုတ်သိမ်းသွားမှာပေါ့။ မရှိဘူးတော့ မဖြစ်လောက်ပါဘူး။ အရင်တုန်းကဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ပြန်ကောင်းလာမှာပေါ့။ အနုပညာလုပ်တာ ၁၁ နှစ်ကျော်ပြီ။ အွန်လိုင်းမီဒီယာတွေ မရှိခင်တည်းက လုပ်ခဲ့တာ”

”အွန်လိုင်းမီဒီယာတွေရော၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေရာ ကြိုက်ပါတယ်။ အားလုံးနဲ့လည်း အဆင်ပြေတယ်။ အခုတော့ ဖွေး zomba ကရတာကို ကြိုက်နေတယ်။ အဲ့လိုဆော့တဲ့အတွက် ခန္ဓာကိုယ်ကျလာတယ်။ အမောခံနိုင်လာတယ်။ အခု ကိုယ်နေဟန်ထား ပုံကျလာတယ်လို့ ထင်တယ်။ တပတ်သုံးကြိမ်လောက်ကဖြစ်တယ်”လို့ပြောပါတယ်။

ပရိသတ်အားပေးမှုများစွာကို ရရှိထားတဲ့ ဖွေးဖွေးက ၂၀၁၂ ခုနှစ်မှာ “လက်ပံ” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာတော့ “ကျမက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင် ထားနိုင်သူတဦးလည်း ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် “သမ္မတကြီးထံပေးစာ” ထဲမှ ပြည်ထောင်စုဝန်ကြီးရဲ့သား ချမ်းမင်းရဲထွဋ်

The post ဖွေးဖွေးပြောတဲ့ စိန်ခေါ်မှုတွေများခဲ့တဲ့ “သမ္မတကြီးထံ ပေးစာ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...