Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လျှို့ဝှက်ချက်တွေ ပြည့်နှက်နေတဲ့ Marrowbone (2017)

$
0
0

ဒီတခါမိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Sergio G.Sanchez ရိုက်ကူးထားတဲ့ Drama , Horror , Thriller အမျိုးအစားရုပ်ရှင်တကားဖြစ်တဲ့ Marrowbone (2017) ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ မင်းသား George MacKay , Charlie Heaton , မင်းသမီး Mia Goth , Anya Taylor-Joy တို့အပြင် အခြားသော သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။

Jack , Billy , Jane နဲ့ Sam တို့ မောင်နှမတသိုက်ကို သူတို့အမေဟာ သူမငယ်စဉ်ကကြီးပြင်းခဲ့ရတဲ့ Marrowbone အိမ်ကြီးဆီကို ခေါ်ဆောင်လာခဲ့ပါတယ်။ သူတို့အားလုံးဟာ တစုံတခုကို ထိတ်လန့်ချောက်ချားစွာ ပုန်းရှောင်လာရင်းကနေ ဒီအိမ်ကြီးမှာ လုံလုံခြုံခြုံနေထိုင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တခုထဲနဲ့ ရောက်ရှိလာခဲ့ကြတာလည်းဖြစ်ပါတယ်။

သားသုံးယောက်ဖြစ်တဲ့ Jack , Billy နဲ့ Sam ၊ သမီး Jane တို့အားလုံး အိမ်ကြီးနဲ့ အခြေတကျရှိချိန် သူတို့မောင်နှမတွေရဲ့ သူငယ်ချင်းအသစ် Allie တို့ ပျော်ရွှင်နေချိန်မှာပဲ သူတို့အမေဟာ နှစ်ပေါင်းများစွာခံစားလာရတဲ့ စိတ်ထောင်းကိုယ်ကြေ ဝေဒနာကြောင့်ပဲ သေဆုံးသွားပါတော့တယ်။

အကြီးသုံးယောက်က အရွယ်ရောက်လုနီးဖြစ်လို့ သိရှိနားလည်ပေမယ့် အငယ်ဆုံးလေး Sam ကတော့ သူ့အမေကို လွမ်းဆွတ်တသလို့ “မေမေ့ကိုလွမ်းတယ်”လို့ဆိုရင်း မျက်ရည်တွင်တွင် ကျနေတတ်သေးတဲ့ ကလေးလေးတယောက် ပဲဖြစ်ပါတယ်။

တနေ့ Jane ဟာ ပြတင်းပေါက်ဘောင်ပေါ်ထိုင်ရင်း ပန်းတွေလဲနေတုန်းမှာပဲ သူမဘေးက ပြတင်းပေါက်မှန်ဟာ တစုံတခုရဲ့ ပစ်ခတ်မှုကြောင့် ကွဲသွားခဲ့ပြီး Jane တယောက်အပြင်ကို လှမ်းကြည့်လိုက်ချိန်မှာတော့ သေနတ်တလက် ကိုင်ဆောင်ထားတဲ့ လူတယောက်ကို တွေ့မြင်လိုက်ရပါတော့တယ်။

သူတို့အားလုံးဟာ သူတို့အဖေကို စွန့်ခွာလာခဲ့ကြတာဖြစ်ပြီး Marrowbone အိမ်ကြီးထဲမှာ လာရောက် ပုန်းအောင်းနေခဲ့ကြရတဲ့ သနားစဖွယ် မိသားစုအသိုက်အမြုံလေးတခုလည်းဖြစ်ပါတယ်။

သူတို့အဖေဟာ ဘယ်လိုလူမျိုးဖြစ်မလဲ။ သူတို့မောင်နှမတွေအားလုံးကို Jack တယောက်ထဲ စောင့်ရှောက်နိုင်ပါ့မလား။ ထိတ်လန့်စရာကောင်းတဲ့ နေရာအကျယ်အဝန်းနဲ့ Marrowbone အိမ်ကြီးမှာ ဘယ်လိုလျှို့ ဝှက်ချက်တွေရှိမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။

IMDb rating 6.6 ရရှိထားတဲ့ Marrowbone (2017) ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ရပါတယ်။

The post လျှို့ဝှက်ချက်တွေ ပြည့်နှက်နေတဲ့ Marrowbone (2017) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles