Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Thugs of Hindostan”ရုပ်ရှင် အက်ရှင်ဇာတ်ဝင်ခန်းကြောင့် ဒဏ်ရာဖြစ်ခဲ့ရတဲ့ အမီတာဘဂျမ်း

$
0
0

ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်းဟာ “Thugs of Hindostan” ရုပ်ရှင်မှာပါဝင်တဲ့ အက်ရှင်ဇာတ်ဝင်ခန်း တွေကြောင့် အရိုးတော်တော်များများကျိုးခဲ့ရပေမယ့် ဒါရိုက်တာ Vijay Krishna Acharya ရဲ့ ဆန္ဒတွေကို ဂုဏ်ပြုလိုတဲ့အတိုင်း ပြုလုပ်ခဲ့တာသာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက မင်းသားကြီး အမီတာဟာ ပုခုံးနဲ့ နောက်ကျောဒဏ်ရာခံစားခဲ့ရတဲ့အကြောင်း ပူးတွဲသရုပ်ဆောင် မင်းသား Aamir Khan က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၇၅ နှစ်အရွယ် မင်းသားကြီးက “အဲဒါတွေအားလုံးကို လုပ်ရတော့မယ့် အရွယ်မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ ဒါရိုက်တာက ဒီလိုလုပ်ပါဆိုလို့ လုပ်ခဲ့တာပါ။ မကျိုးခဲ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းရယ် လို့မရှိခဲ့ပါဘူး။ ကျနော်မပြဖူးတဲ့ ဆရာဝန်လည်းမရှိတော့ပါဘူး။ တိုးတက်မှုတော်တော်များများ မရှိခဲ့ပါဘူး” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဲဒီစကားကို “Thugs of Hindostan” ရုပ်ရှင် အမြည်းဗီဒီယို မိတ်ဆက်တဲ့အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ မင်းသားကြီးအနေနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့တဲ့အခါမှာလည်း ဒုက္ခများခဲ့ရတယ်လို့ ဆိုပါတယ်။

သူက “သာမန်အဝတ်တွေကိုပဲ သူတို့က ကျနော့်ကို ဝတ်ခိုင်းလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ပိုလွယ်မယ်လို့လည်း ထင်ထားတာ။ ဒါပေမယ့် ကျနော်သံချပ်ကာအကျီၤကို ဝတ်ခဲ့ရတယ်။ သူတို့က ကျနော့်ကို သားရေအကျီတွေ ဝတ်ခိုင်းတယ်။ ပြီးတော့ အဲဒါက အရမ်းလေးတယ်။ ၃၀-၄၀ ကီလိုဂရမ်လောက်ရှိတယ်”

“ ပြီးတော့ သူတို့ က ကျနော့်ကို ဓါးတချောင်း၊ ခေါင်းပေါင်းနဲ့ ဆံပင်ရှည်ကိုလည်း ပေးတယ်လေ။ အဆင်သင့်ဖြစ်လို့ ကျနော် ၃ နာရီလောက် အချိန်ယူရတယ်။ အန္တရာယ်အများဆုံးအပိုင်းကတော့ မိုးရေကြောင့် အကျီတွေက ပိုလေးသွားလို့ မိုးရေထဲမှာ ရိုက်ခဲ့ရတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေ အားလုံးပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နည်းပညာပိုင်းဆိုရင် တိုးတက်လာမှုဟာလည်း သရုပ်ဆောင်တယောက်ရဲ့ အလုပ်ကိုပိုခက်ခဲ စေတယ်လို့ ဆိုပါတယ်။

သူက “နည်းပညာက တိုးတက်လာခဲ့ပြီးတဲ့နောက် လူတွေက ပိုအသေးစိတ် တကျ ကြည့်လာကြပါပြီ။ ကျနော်တို့တို့ ပိုကြိုးစားရပါမယ်။ နည်းပညာကြောင့် ကျနော်တို့ အလုပ်က လွယ်ကူသွား ပြီလို့တော့ မထင်လိုက်ပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီရုပ်ရှင်ဟာ ၁၈၉၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာ Philip Meadows Taylor ရဲ့ “Confessions of a Thug” ဆိုတဲ့ ဝတ္ထုကို အခြေခံထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီရုပ်ရှင်ကိုလည်း ဟောလိဝုဒ်ရဲ့ “Pirates of the Caribbean” ရုပ်ရှင်နဲ့လည်း နှိုင်းယှဉ် ဖော်ပြနေပါတယ်။

Ref:ptinews

The post “Thugs of Hindostan” ရုပ်ရှင် အက်ရှင်ဇာတ်ဝင်ခန်းကြောင့် ဒဏ်ရာဖြစ်ခဲ့ရတဲ့ အမီတာဘဂျမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...