Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Batman ရုပ်ရှင်သစ်ကို လာမယ့်နှစ်နွေရာသီတွင် စတင်ရိုက်ကူးမည်

$
0
0

၂၀၁၆ ခုနှစ်ကစလို့ Caped Crusader အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ben Affleck ဟာ ဇာတ်ညွှန်းရေးသူနဲ့ ဒါရိုက်တာအဖြစ် လုပ်ဆောင်ဖို့ အစီအစဉ်ကနေ နုတ်ထွက်သွားပြီးတဲ့နောက် Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးဟာ ဒါရိုက်တာအသစ် Matt Reeves ရဲ့ ဇာတ်ညွှန်းကို အတည်ပြုခဲ့ပြီး အခုတော့ Batman ရုပ်ရှင်စတင်ရိုက်ကူးမယ့်ရက်ကို သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

The Wrap မီဒီယာရဲ့ Umberto Gonzalez က “စတူဒီယိုဟာ သူ့ရဲ့ လင်းနု့ိလူသား ရုပ်ရှင်ဇာတ်ညွှန်းအကြမ်းကို သဘောကျပါတယ်။ သူဟာ ပြန်လည်သုံး သပ်နေပြီးတော့ ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ် နွေရာသီကာလမှာ စတင်ထုတ်လုပ်ဖို့ မျှော်မှန်းထားပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

အခုလိုမျိုး ရိုက်ကူးရေးနဲ့ပတ်သက်တဲ့ကိစ္စတချို့က လျင်လျင်မြန်မြန် တိုးတက်နေပေမယ့် ထုတ်လုပ်သူ တွေကတော့ အဲဒီစိတ်ကူးယဉ် စူပါဟီးရိုးဇာတ်ကောင် လင်းနို့လူသားနေရာမှာ သရုပ်ဆောင်ဖို့ မင်းသား တယောက် ယောက်ကို ရှာမတွေ့ဘူးလို့ ဆိုပါတယ်။

မင်းသား Affleck ကလည်း လင်းနို့လူသား နေရာမှာ ပြန်လည်ပါဝင်ဖို့ မကျိန်းသေသေးဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့် မင်းသား Jon Hamm ကတော့ တကယ်လို့သာ ဇာတ်ညွှန်းက ခိုင်မာမယ်ဆိုရင် သူဟာ အသက် ၄၆ နှစ်အရွယ် မင်းသား Affleck ရဲ့ ခြေရာအတိုင်း လိုက်နင်းနိုင်လိမ့်မယ်လို့ ထင်တဲ့အကြောင်း ပြောဆိုထားပါတယ်။

ဒါပေမယ့် မင်းသား Affleck ကတော့ လင်းနို့လူသားအဖြစ် ထပ်မံသရုပ်ဆောင်နိုင်ချေနဲ့ ပတ်သက်လို့ တရားဝင် ပြောဆိုမှုမလုပ်ရသေးတဲ့အကြောင်း ပြောဆိုထားပြန်ပါတယ်။

သူက “’Mad Men’ ရဲ့ ပထမရာသီရိုက်ကူးချိန် ကတည်းက ကောလာဟလတွေ ရှိနေခဲ့တာပါ။ အဲဒါနဲ့ပတ်သက်လို့ ဘယ်သူနဲ့မှ တရားဝင် မပြောရသေးပါဘူး။ ကုမ္ပဏီကလူတွေနဲ့ တခန်းထဲမှာ ထိုင်ခဲ့ပေမယ့် သူတို့ဖက်က ဘာကိုမှ ကမ်းလှမ်းခဲ့တာမရှိပါဘူး။ အင်တာနက်ပေါ်ကလူတွေ လိုချင်တာက သူတို့လိုချင်တာပါပဲ။ ကျနော်ဆိုလိုချင်တာက အင်တာနက်ပေါ်က လူတွေချည်မဟုတ်ဘဲ လူတော်တော်များများက တောင်းဆိုလာရင်လို့ ပြောတာပါ” လို့ ပြောကြားဖူးပါတယ်။

မင်းသား Affleck ဟာ လက်ရှိမှာတော့ ကျန်းမာရေးအတွက် ပြန်လည်ထူထောင်ရေး ကုသမှုကို ရက် ၃၀ ကြာ ခံရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာတော့ မင်းသားဟာ စတူဒီယိုမှာ ဓါတ်ပုံ ရိုက်ဖို့ လာရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ကုသရေးလုပ်ငန်းစဉ် ပြီးဆုံးခဲ့ပြီလို့ဆိုပေမယ့် အချိန်နည်းနည်း ထပ်ပြီး ကုသမှုလုပ်ငန်းစဉ်ကို ထပ်ခံရယူရဦးမယ်လို့ ဆိုပါတယ်။ မင်းသားဟာ ၂၀၁၁ ခုနှစ်မှာလည်း အခုလို ပြန်လည်ထူထောင်ရေး ကုသမှုခံယူခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မတ်လမှာ အရက်စွဲတဲ့ဝေဒနာအတွက် ကုသမှု ပြီးဆုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဆက်စပ်ဖတ်ရှုရန်Batman ရုပ်ရှင်အသစ်မှာ လင်းနို့လူသားအဖြစ် Ben Affleck ကို တွေ့ရဦးမှာလား

လင်းနို့လူသားအဖြစ် မြင်တွေ့ရနိုင်ဖွယ် ရှိတဲ့ မင်းသား Kit Harington

Ref: contactmusic

The post Batman ရုပ်ရှင်သစ်ကို လာမယ့်နှစ်နွေရာသီတွင် စတင်ရိုက်ကူးမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...