Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဖေ ချစ်ကောင်းနဲ့ အစ်မ အိမ့်ချစ်တို့လို သီချင်းဆိုတော့မယ့် ဂျူနီယာချစ်ကောင်း

$
0
0

နိုင်ငံကျော် တေးသံရှင် ချစ်ကောင်းရဲ့သား၊ အဆိုတော် အိမ့်ချစ်ရဲ့မောင်ဖြစ်သူ ပြည့်ဖြိုးပိုင်က “ဂျူနီယာ ချစ်ကောင်း” ဆိုတဲ့နာမည်နဲ့ သီချင်းတွေ စတင်သီဆိုတော့မှာပါ။ အဆိုတော်များစွာ ပါဝင်တဲ့ “M United “တေးစီးရီးမှာ ဂျူနီယာချစ်ကောင်းက “အခြေအနေပေးရင်”ဆိုတဲ့ သီချင်းတပုဒ် ပါဝင် သီဆိုထားပါတယ်။

“စဆိုဆိုချင်းဆိုတော့ Pressure တော့ နည်းနည်း များတာပေါ့နော်။ တယောက်တည်း ဆိုရတဲ့ သီချင်းဖြစ်တဲ့အတွက် ကောင်းအောင်၊ ပြည့်စုံအောင် ကြိုးစားထားပါတယ်။ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးကြဖို့ ပြောချင်ပါတယ်။ ၇၀ ရာခိုင်နှုန်း သဘောကျပါတယ်။ ၃၀ ရာခိုင်နှုန်းကတော့ Recording ခန်းကို အခုမှ တယောက်တည်း စဝင်တဲ့အတွက် လိုအပ်ချက်တော့ ရှိနေပါတယ်။ အစ်မ (အိမ့်ချစ်) ကတော့ အရမ်းကြီး Control လိုက်လုပ်တာတော့ မရှိပါဘူး။ Guideline ချပေးတာတော့ ရှိတယ်”လို့ ဂျူနီယာချစ်ကောင်းက ပြောပါတယ်။

အစ်မဖြစ်သူ အိမ့်ချစ်နဲ့ သီချင်းတွဲဆိုဖြစ်တဲ့ အကြောင်းနဲ့ “M United “တေးစီးရီးမှာ ပါဝင်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ဂျူနီယာချစ်ကောင်းက အခုလိုပဲ ဆိုပါတယ်။

“အစ်မ (အိမ့်ချစ်)နဲ့ တွဲဆိုတာ တပုဒ်ပဲ ရှိတယ်။အစ်မရဲ့ ပွဲတွေမှာ လိုက်ဆိုဖူးတယ်။ ဒီလောက်ပါပဲ။ အစ်မက ကျနော် ဝါသနာပါတယ်ဆိုတာ သိတယ်။ Facebook မှာလည်း Cover Song တွေ လုပ်နေတော့ အနုပညာကို တကယ်လုပ်တော့မလား။ သီချင်းဆိုတော့မလားလို့ မေးတယ်။ ကျနော်က အိုကေ၊ ချမယ်ဆိုပြီး ဒီအခွေလေးလုပ်တဲ့အချိန်နဲ့ ကွက်တိဖြစ်သွားတယ်။ အစ်မက ထုတ်ဝေသူ မသီတာတို့ကို ပြောပေးတယ်။ ဒါနဲ့ပဲ သူတို့ထုတ်တဲ့ အခွေမှာ ပါဖြစ်သွားတယ်” လို့ ဂျူနီယာချစ်ကောင်းက ဆိုပါတယ်။

ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့ အစ်မဖြစ်သူ အိမ့်ချစ်တို့ကို ကြည့်ပြီး အားကျစိတ်နဲ့ အဆိုတော် လုပ်ကြည့်ချင်တာလား။ ကိုယ့်အတွင်းစိတ်နဲ့ လုပ်ဖြစ်တာလားဆိုတဲ့ အမေးကို ဂျူနီယာ ချစ်ကောင်းက “အနုပညာကို ငယ်ငယ်လေးကတည်းက စိတ်ဝင်စားပါတယ်။ ဂစ်တာတီး၊ သီချင်းဆိုတာလောက်ပဲ လုပ်ခဲ့တာ။ အဖေတို့၊ အစ်မတို့ကိုကြည့်ပြီး အားကျပြီး အောင်မြင်ချင်တာမျိုး မဟုတ်ဘဲ ကိုယ်တိုင်က ဂီတကိုကြိုက်တဲ့၊ အနုပညာကိုကြိုက်တဲ့ အတွက် လုပ်နေတာ” လို့ ဆိုပါတယ်။

“အစ်မကလည်း ပြောတယ်။ ဒီလိုကြီးပဲ လုပ်နေတော့မှာလား။ တကယ့်လမ်းကြောင်းပေါ်မှာ ဆိုမှာလား။ ကိုယ်လည်း အသက်အရွယ်တခု ရောက်နေပြီ။ လုပ်လည်း လုပ်ချင်ပြီဆိုတော့ စမ်းကြည့်မယ်ဆိုပြီး လုပ်ဖြစ်တာပါ။ အမေနဲ့ အစ်မကတော့ ကျနော့်ဘဝအတွက် ရှေ့ဆောင် လမ်းပြပါပဲ။ အားတခုပါပဲ။ Generation Gap တော့ ဖြစ်သွားတာပေါ့။ အစ်မတုန်းကနဲ့တော့ မတူတော့ဘူးပေါ့။ ဒါပေမယ့် သူသိသလောက်၊ တတ်သလောက်၊ နားလည်သလောက်တော့ လမ်းပြတယ်။ အဓိကတော့ စိတ်ဓာတ်ခွန်အားတွေ အမြဲပေးပါတယ်”လို့ ဂျူနီယာချစ်ကောင်းက ဖြေပါတယ်။

ဖခင်ဖြစ်သူ အဆိုတော် ချစ်ကောင်းထံကနေ အနုပညာအမွေရရှိခဲ့ပုံ၊ လွှမ်းမိုးခံရမှု အပိုင်းကိုလည်း အခုလို ပြောပါတယ်။

“အဖေ့ လွှမ်းမိုးမှုက ကြီးတာပေါ့နော်။ Pressure ကကြီးတာပေါ့။ ဆိုတဲ့အပိုင်းမှာတော့ တူတာ ရှားပါတယ်။ အဓိကတော့ အဖေ့ရဲ့ ပွဲမှာ တင်ဆက်မှု၊ Performance ကို ပိုပြီး အတုယူတာ များတယ်”လို့ ဂျူနီယာချစ်ကောင်းက ပြောပါတယ်။

“ကျနော် သီချင်းဆိုတာ အဖေ သိပါတယ်။ အဖေနဲ့ ကျနော်က အနေဝေးနေတော့ အရမ်းတော့ စကား မပြောဖြစ်ဘူးဗျ။ ဒါပေမယ့် ကိုယ်ဆိုတဲ့သီချင်းလေး ပို့လိုက်ရင် ဒါလေးတော့ ကောင်းတယ်။ ဒီလိုပုံစံ ဆိုပေါ့။ အဲဒီလိုတော့ ပြောပါတယ်။ လုပ်ချင်ရင်လုပ်။ ဖြစ်အောင်တော့ လုပ်လို့ မှာပါတယ်။ အားတော့ တက်ပါတယ်။ အရင်တုန်းကတော့ ကြောက်တယ်ဗျ။ အခုတော့ ကြောက်စိတ်တော့ မရှိတော့ဘူး။ ရှေ့ဆက်ပြီး အားမာန်အပြည့်နဲ့ သွားဖို့ ဆုံးဖြတ်ထားပါတယ်”လို့ ဂျုနီယာချစ်ကောင်းက ဧရာဝတီကို ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “ဒီဘက်ခေတ်က တိုးတက်တယ်၊ နွေးထွေးမှု မရှိဘူး” ဆိုတဲ့ အဆိုတော် ချစ်ကောင်း

The post အဖေ ချစ်ကောင်းနဲ့ အစ်မ အိမ့်ချစ်တို့လို သီချင်းဆိုတော့မယ့် ဂျူနီယာချစ်ကောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...