Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂ နှစ်ကျော်ကြာ တွဲခဲ့တဲ့ ရည်းစားနဲ့ လမ်းခွဲလိုက်တဲ့ အလှမယ် ရွှေအိမ်စည်

$
0
0

မြန်မာနိုင်ငံက အလှမယ်တွေထဲမှာ ခန္ဓာကိုယ် အလှအပ၊ ဝတ်စားဆင်ယင်မှု ဖက်ရှင်၊ စကားပြော ကျွမ်းကျင်မှုများကြောင့် ပရိသတ်ရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့ အလှမယ် ရွှေအိမ်စည်က သူမရဲ့ Relationship နဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ဝေဖန်ခံခဲ့ရတာတွေ ရှိပါတယ်။

ယခုအချိန်မှာတော့ သူမဟာ အဆိုပါ Relationship ကို နှစ်ယောက်စလုံး စိတ်ဆင်းရဲရမယ့် အတူတူ အဆုံးသတ်လိုက်ပြီလို့ အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းက သူမရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာကနေတဆင့် ပရိသတ်ကို အသိပေးပြောပြထားပါတယ်။

“အိမ်စည် ၂ နှစ်ခွဲကျော်ကျော်အထိ အတိုင်းအတာတခုကို သည်းခံပြီးသွားပြီ။ ဒီနေ့ ဒီအချိန်ထိလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ဒီနေရာထိ ရောက်အောင် စိတ်ရော၊ လူရော အစွမ်းကုန် အိမ်စည် ကြိုးစားခဲ့တယ်။ ဒါပေမယ့် Relationship တခုမှာ နားလည်မှုဆိုတာ လိုအပ်တယ်။ ညှိနှိုင်းလို့ မရတော့တဲ့ အခြေအနေတခုမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချဖို့လိုအပ်တယ်” လို့ ရွှေအိမ်စည်က ရေးသားထားပါတယ်။

မကြာခင်မှာလည်း ရွှေအိမ်စည်က “Miss Supernational 2018” ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ပြိုင်ပွဲအတွက် ဖိအားများနေချိန်မှာ တခြား စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အရာများအတွက် အချိန်မရှိဘူးလို့ ဆိုပါတယ်။

“အခုချိန်ဟာ အိမ်စည့်အတွက် တကယ့်ကို အရမ်းအရေးကြီးတဲ့ အချိန်ပါ။ ပြိုင်ပွဲအတွက် အများကြီး ပြင်ဆင်နေရတဲ့အပြင် အိမ်စည်အတွက် အခြားဖိအားတွေ များနေတဲ့အတွက် တခြား စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေအတွက် အိမ်စည် အချိန်မရှိဘူး” လို့ ရွှေအိမ်စည်က ဆိုထားပါတယ်။

ဆက်လက်ပြီးတော့လည်း “အိမ်စည် နားလည်ပါတယ်။ လူတွေဆိုတာ အချိန်တန်ရင် ပြောင်းလဲတတ်ပါတယ်။ အဲဒီတော့ လက်ရှိအခြေအနေကို ကြည့်ပြီးဆုံးဖြတ်ရမှာပဲ။ ဒါပေမယ့် နှစ်ယောက်စလုံး စိတ်ဆင်းရဲရမယ့်အတူတူ အိမ်စည်တို့ Relationship ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါပြီ” လို့ ရွှေအိမ်စည်က ဆိုပါတယ်။

အဆိုပါ အကြောင်းအရာကို ရွှေအိမ်စည်က ရေးသား တင်ပြီးနောက်ပိုင်းမှာတော့ ယောင်္ကျားလေး ပရိသတ်များသာမက မိန်းကလေးပရိသတ်များကပါ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ယခင်က သဘောမကျခဲ့တာကြောင့် ယခုအချိန်မှာ ဝမ်းသာတဲ့ သဘော သက်ရောက်တဲ့ အနေနဲ့ ရွှေအိမ်စည့်ကို အားပေး ဝန်းရံနေကြပါတယ်။

ရွှေအိမ်စည်ဟာ အရင်က စစ်ဗိုလ်ချုပ်ဟောင်း၊ ဗိုလ်ချုပ်နေဝင်းရဲ့ မြေးဖြစ်သူ အေးနေဝင်းနဲ့ ချစ်ကြိုက်ခဲ့တာ ဖြစ်ပြီး ချစ်ကြိုက်နေစဉ် ကာလအတွင်းမှာလည်း ပရိသတ်များရဲ့ ဝေဖန်မှုများစွာကို ခံခဲ့ရသူ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်ရွှေအိမ်စည်ရဲ့ ယုံကြည်မှုက အဟိုက်အပြတ် ဝတ်တဲ့ပေါ်မှာ မမူတည်ပါဘူး

The post ၂ နှစ်ကျော်ကြာ တွဲခဲ့တဲ့ ရည်းစားနဲ့ လမ်းခွဲလိုက်တဲ့ အလှမယ် ရွှေအိမ်စည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...