Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ညီဖြစ်သူ မင်းသွေးအတွက် ရည်စူးပြီး သာသနာ့ဘောင်ဝင်မယ့် နေတိုး

$
0
0

သရုပ်ဆောင်နေတိုးက ညီဖြစ်သူ မင်းသွေးကွယ်လွန်ပြီးနောက်မှာတော့ ဘုန်းကြီးဝတ်ကာ မင်းသွေးအတွက် ကုသိုလ်ယူမယ်လို့ မီဒီယာတွေကိုဆိုပါတယ်။

“သူမပြီးပြတ်သေးတဲ့ အနုပညာလှုပ်ရှားမှုတွေ သူဖြစ်ချင်ခဲ့တဲ့ အနုပညာတွေလည်း ပြီးဆုံးအောင် ဖြည့်စည်းသွားဖို့ ရှိပါတယ်။ ကျနော့် ခံစားမှု ကျနော့် page မှာရှယ်ထားပါတယ်။ ကျနော်တို့က သတိရှိဖို့လိုတယ်။ သတိရှိရှိနဲ့ပဲ အရာရာကို ဖြတ်ကျော်နိုင်တယ်။ မေတ္တာတရားက အရာရာကို ဖြတ်ကျော်နိုင်တယ်”

“ မင်းသွေးအိပ်မက်ပေးတယ် ဆိုတာမဟုတ်ပါဘူး။ ကျနော်လည်း မပြောပါဘူး။ အဲ့ဒါက ကောလာဟလပါ။ ကျနော်တို့ကို ပရိသတ်တွေ အနေနဲ့က ရုပ်ရှင်သရုပ်ဆောင်တွေဆိုတော့အကုန်လုံးက အနုပညာရှင်တွေကို ကြည့်ချင်ကြမှာပါပဲ။ ကျနော်တို့ အနေနဲ့ ပရိသတ်ကို ဘာမှပြောစရာမရှိပါဘူး။ သူငယ်ချင်းတွေနဲ့တူ ဘုန်းကြီးဝတ်ဖို့ရှိပါတယ်။ ကျနော်သူငယ်ချင်းတွေရော မင်းသွေးနဲ့ ခင်တဲ့ သူတွေရော ပါမှာပါ” လို့ နေတိုးက ဆိုပါတယ်။

သာသနာ့ဘောင်ကို ဝင်ပြီးဘုန်းကြီးဝတ်တဲ့အခါ မှော်ဘီမှာရှိတဲ့ အောင်ဇဗ္မူတောရမှာ ဝတ်ဖြစ်မယ်လို့ ဆိုပြီး အချိန်ကတော့ တပတ်လောက်ဝတ်ဖြစ်မယ်လို့ နေတိုးက ဆိုပါတယ်။

“မင်းသွေးအတွက် ရည်စူးပြီး ဘုန်းကြီးဝတ်ပြီးရတဲ့ ကုသိုလ်တွေလှူဒါန်းမှုလေးလုပ်မယ်။ အောက်တိုဘာ ၂၅ရက်နေ့မှပဲ ရုပ်ရှင်ပြန်ရိုက်မှာပါ။ ပုပ္ပါးမှာသွားရိုက်မှာပါ။ မင်းသွေးအတွက် အလှူအတန်းတွေလုပ်ပေးတယ်။ သူဘဝနောင်သံသရာ အတွက် ဆုတောင်းပေးတော့ မိသားစုဝင်တယောက်အနေနဲ့ အရမ်းဝမ်းသာပါတယ်။ အကုန်လုံး ကွေးသော လက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ ဘယ်ချိန်မဆိုဘဝကူးပြောင်းသွားနိုင်တယ်။ ဒီပေါ်မေတ္တာစိတ်လေးနဲ့ ဖြတ်သန်းဖို့ တိုက်တွန်း ချင်ပါတယ်”

“ကံကို ကျနော်တို့ ယုံတယ်။ သူ့အနေနဲ့ သူ့ကံဒီလောက်ပဲ ပါလာလို့ ဒီလောက်ပဲ နေခွင့်ရှိတယ်ပေါ့။ သူလုပ်ခဲ့တဲ့ အလုပ်တွေ နောင်ဘဝအဆက်ဆက်မှာ သူလုပ်ငန်းတွေ ပြီးမြောက်အောင် လုပ်ကိုင်နိုင်ပါစေလို့ပဲ ဆိုတောင်းပါတယ်။ မင်းသွေး ဇာတ်ကားကို အမြန်ဆုံး ရုံတင်ခွင့်ရအောင်ဝိုင်းပြီးလုပ်ပေးကြတယ်။ အခုလို ဝန်းရံပေးတော့ ကျေးဇူးတင်ပါတယ်။ ညီလေးငယ်ကိစ္စနဲ့ ပတ်သက်ပြီး ကူညီပေးသူတွေ အနုပညာသမားတွေ သူ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင် ပါတယ်”လို့ နေတိုးကပြောပါတယ်။

မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ညပိုင်းက ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ မင်းသွေးဟာ သူငယ်ချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။

မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။ ဈာပနအခမ်းအနားအပြီး အိမ်အပြန်မှာလည်း လာရောက်ကြတဲ့ ပရိသတ်ကို အပြုံးနဲ့ နှုတ်ဆက်ပေးနိုင်တဲ့ နေတိုးက ပရိသတ်ရဲ့ အားပေးမှုကို ပိုမိုရရှိနေသူပါ။

The post ညီဖြစ်သူ မင်းသွေးအတွက် ရည်စူးပြီး သာသနာ့ဘောင်ဝင်မယ့် နေတိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...