Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြန်မာအနုပညာရှင်တွေနဲ့ ထိတွေ့ခွင့်ရလို့ ပျော်နေတဲ့ အဝင်း

$
0
0

မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မြန်မာပြည်ဖွား ဂျပန်နိုင်ငံသား မိုရီဆာကီဝင်း (အဝင်း)က MNTV ကနေထုတ်လွှင့်မယ့် “Win’s Shooow Time” မှာ မြန်မာအနုပညာရှင်တွေနဲ့အတူ ထိတွေ့မှုရရှိခဲ့တဲ့အတွက် ပျော်ရွှင်ရတယ်လို့ ဆိုပါတယ်။

“Win’s Shooow Time Varity Show မှာ  မြန်မာပြည်နဲ့ ဂျပန်ပြည် Culture မတူတော့ ကွာခြားတာတွေတော့ အများကြီးရှိတယ်။ ဂျပန်ပြည်မှာတော့ အရင်ကတည်းက ရိုက်ကူးနေကြတယ်။ မြန်မာနိုင်ငံမှာတော့ အခုမှ စရိုက်တာ ဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ မြန်မာစကားတွေကို အများကြီးသင်ယူရတယ်။ ဦးအရိုင်းတို့ဆီကလည်း သင်ယူရတယ်။ အတွေ့အကြုံ အများကြီးရတယ်” လို့ အဝင်းက ဆိုပါတယ်။

အဝင်းက မြန်မာနိုင်ငံကို အနုပညာလှုပ်ရှားမှုများရှိတဲ့အခါတိုင်း ပြန်လာလေ့ရှိပြီး သူရဲ့  အနုပညာလှုပ်ရှားမှုများကို စောင့်ကြည့်နေတဲ့ မြန်မာပရိသတ်အများအပြားလည်း ရှိနေပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်နေတဲ့အဝင်းက ဂီတနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“One man show ကျင်းပချင်တာပေါ့။ အဲ့တာကို ဘယ်လိုဖြစ်လာမလဲတော့ မပြောတတ်ဘူး။ လုပ်လို့ရရင် လုပ်ချင်တယ်။ စိတ်ဆန္ဒတော့ အများကြီးရှိပါတယ်။ အနုပညာတွေနဲ့ ရှေ့ဆက်အများကြီးလုပ်ဖို့ ရှိပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အဝင်းက “ပုဂံကိုလည်း  အရမ်းသွားချင်ပါတယ်။ အရမ်းလည်း ပျော်ဖို့ကောင်းတယ်။ ကျနော့်ကိုလည်း မြန်မာစကားတွေနဲ့ စကြတယ်။ ပျော်ကြတယ် အရမ်းလည်း ကြည်နူးဖို့ကောင်းပါတယ်။ အရင်ကတည်း က မြန်မာပြည်က အနုပညာရှင်တွေနဲ့ ထိတွေ့မှု မရှိခဲ့ဘူး။ အခုမှ ထိတွေ့မှုရှိခဲ့တာဆိုတော့ အရမ်းပျော်ပါတယ် ခင်ဗျာ” လို့ ပြောပါတယ်။

မိုရီဆာကီဝင်းဟာ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာပြည်ကပရိသတ်တွေနဲ့ စတင်ရင်းနှီးခဲ့တာ ဖြစ်ပါတယ်။ အဝင်းက မြန်မာနိုင်ငံသားတဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ  ကြီးပြင်းလာတဲ့ လူငယ်တယောက်ဖြစ်ပါတယ်။

မြန်မာသီချင်းကိုလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သီဆိုနေတာကို တွေ့ရပါတယ်။ မိုရီဆာကီဝင်းပါဝင်ထားတဲ့ Win’s Shooow Time ကိုလာမယ့် နိုဝင်ဘာ၁၇ရက်နေ့မှ စတင်ပြီးပြသတော့မှာ ဖြစ်ပါတယ်။

The post မြန်မာအနုပညာရှင်တွေနဲ့ ထိတွေ့ခွင့်ရလို့ ပျော်နေတဲ့ အဝင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...