ကမ္ဘာကျော် ဟောင်ကောင်မင်းသားကြီး ချောင်ယွန်ဖတ်ဟာ ဒေါ်လာ ၇၁၄ သန်းတန်ဖိုးရှိတဲ့ သူပိုင်ဆိုင်သမျှ ငွေကြေးအားလုံးကို ပရဟိတအဖြစ် လှူဒါန်းတော့မှာဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။
“Crouching Tiger, Hidden Dragon” (ပုန်းနေသောနဂါးနှင့် ချောင်းနေသောကျား) ရုပ်ရှင်သရုပ်ဆောင် အသက် ၆၃ နှစ်အရွယ် မင်းသားကြီးဟာ အဲဒီငွေအားလုံးကို လှူဒါန်းပစ်ဖို့ စီစဉ်ထားတဲ့အကြောင်း ဟောင်ကောင်ရုပ်ရှင် site တခု ဖြစ်တဲ့ Jayne Stars ကို ပြောကြားခဲ့တာဖြစ်ပါတယ်။
မင်းသားကြီးချောင်က “ပျော်ရွှင်ပြီး သာမန်လူပုဂ္ဂိုလ်တယောက်ဖြစ်ဖို့ဆိုတာ ကျနော့်အိပ်မက်ပါ။ ဘဝမှာ အခက်ခဲဆုံး အရာက သင်ဘယ်လောက် ငွေဘယ်လောက်ရှာနိုင်သလဲဆိုတာ မဟုတ်ပါဘူး။ ကျန်ရှိတဲ့ဘဝ အချိန်မှာ ရိုးရိုးသားသားနဲ့ စိုးရိမ်ကြောင့်ကြမှုကင်းလွတ်တဲ့ပုံစံနဲ့ ငြိမ်းချမ်းတဲ့ စိတ်အခြေအနေနဲ့ ဘယ်လို နေထိုင်ရမလဲဆိုတာသာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ငွေကြေးခြိုးခြံချွေတာတဲ့ မင်းသားကြီးကို လျော့ဈေးပေးတဲ့ ဈေးဆိုင်တွေမှာ ဈေးဝယ်နေတာနဲ့ ၁၇ နှစ်ကျော်ကြာ Nokia ခေါက်ဖုန်းလေးတခုကိုပဲ စွဲစွဲမြဲမြဲသုံးနေတာကို မြင်တွေ့ခဲ့ကြရပါတယ်။ မင်းသားကြီးက တလကို ၁၀၂ ဒေါ်လာလောက်နဲ့ သက်သောင့်သက်သာနေတယ်လို့ ဆိုပါတယ်။
သူက “တခြားလူတွေအတွက် ကျနော် အဝတ်တွေမဝတ်ပါဘူး။ သက်သောင့်သက်သာဖြစ်တယ်လို့ ကျနော်ထင်နေတဲ့ အချိန်အထိ ကျနော့်အတွက်တော့ လုံလောက်နေပါတယ်” လို့ပြောဆိုပါတယ်။
ဒါပေမယ့် ဘာလို့ ရှာဖွေထားသမျှ ပိုင်ဆိုင်သမျှ ငွေအားလုံးကို လှူဒါန်းမှာလဲဆိုတဲ့ မေးခွန်းကိုတော့ သူက “အဲဒီငွေတွေက ကျနော့်ဟာ မဟုတ်ပါဘူး။ အချိန်တခုကြာ လုံခြုံအောင်လို့ သိမ်းထားပေးရတာပဲရှိတာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။
ကမ္ဘာကျော် သိုင်းရုပ်ရှင်ဖြစ်တဲ့ “Crouching Tiger, Hidden Dragon” အပြင် ဟောင်ကောင် အက်ရှင်မင်းသားကြီး ချောင်ဟာ as “Pirates of the Caribbean: At World’s End”, “Anna and the King”, “The Replacement Killers” နဲ့ “Bulletproof Monk” တို့လိုလိုမျိုး ဟောလိဝုဒ် ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။
Ref: asiaone
The post ပိုင်ဆိုင်သမျှ ငွေကြေးအားလုံးကို လှူဒါန်းမယ့် မင်းသားကြီး ချောင်ယွန်ဖတ် appeared first on ဧရာဝတီ.