Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စိတ်ရောဂါဝေဒနာရှင်တယောက်ရဲ့ လွတ်မြောက်မှု The Jacket (2005)

$
0
0

ဒီတခါမိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ John Maybury ရိုက်ကူးထားတဲ့ Drama , Fantasy , Mystery အမျိုးအစားရုပ်ရှင်တကားဖြစ်တဲ့ The Jacket (2005) ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Adrien Brody , Keira Knightley , Daniel Craig တို့အပြင် အခြားသော သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Jack ဟာ ၁၉၉၁ခုနှစ် အီရတ်စစ်ပွဲမှာ တိုက်ခိုက်နေရတဲ့ စစ်သားတဦးဖြစ်ပြီး စစ်ပွဲပြီးဆုံးသွားချိန်မှာ ကလေးငယ်တဦးကို ကူညီဖို့ ကြိုးစားရင်းနဲ့ ဦးခေါင်းကို အဲဒီကလေးငယ်က သေနတ်နဲ့ ပစ်ခတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူဟာ အသက် ၂၇ နှစ် ရှိနေပြီဖြစ်ပြီး ကံကောင်းစွာနဲ့ပဲ အသက်ရှင်သန်ခွင့်ရရှိခဲ့ပါတယ်။

Jack ဟာ စစ်ပွဲရဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေ၊ ဦးခေါင်းက သေနတ်ဒဏ်ရာတွေကြောင့် သတိလက်လွတ်ဖြစ်ခြင်းနဲ့ စိတ်ကျရောဂါကို ခံစားနေရသူတဦးလည်းဖြစ်ပါတယ်။

ဆေးရုံကဆင်းဆင်းချင်းမှာပဲ Jack ဟာ ကနေဒါနိုင်ငံမှာရှိတဲ့ သူ့မွေးရပ်ကိုပြန်လာခဲ့ပါတော့တယ်။ အဲဒီအဝေးပြေးလမ်းမပေါ်မှာ ကားပျက်နေတဲ့ သားအမိနှစ်ယောက်လည် းရှိနေပြီး မိခင်ဖြစ်သူဟာ Allergy တခုကြောင့် ထိုင်ရာမှ မထနိုင်ပါဘူး။

Jack က သူတို့သားအမိနှစ်ယောက်ကို ကူညီဖို့ကြိုးစားရင်း ကားကိုပြင်ပေးပြီး လိုရာခရီးကို ဆက်ထွက်လာခဲ့ပါတယ်။ နေရာအနှံ့နှင်းတွေနဲ့ ပြည့်နေပြီး ကျောပိုးအိတ်အကြီးကြီးတလုံးနဲ့ ခရီးဆက်နေသူ Jack ဟာ တနေရာအရောက်မှာ ကားတစီးကို လမ်းကြုံစီးခွင့် ရရှိခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ရဲကားတစီးက သူတို့နောက်ကလိုက်လာပြီး ကားကိုရပ်ပြီး လမ်းဘေးချရပ်ဖို့ ပြောဆိုပါတော့တယ်။ အရာရှိကို ပစ်သတ်မှုနဲ့ Jack ဟာ သူ့ရဲ့ စိတ်ရောဂါကြောင့် ထောင်ဒဏ်မှ ကင်းလွတ်ခဲ့ပေမယ့် သူလက်ခံရမယ့် အရာတခုရှိနေခဲ့ပါတယ်။

အဲဒါကတော့ စိတ်ရောဂါကုဆေးရုံတရုံဖြစ်တဲ့ Alphine Grave မှာ စိတ်ရောဂါကု ဆရာဝန်တွေနဲ့အတူ ဆေးကုသမှု ခံယူရမှာဖြစ်ပြီး Jack ကိုယ်တိုင်လည်း ကုသမှုတိုင်းကို လိုက်နာပြီး သူ့စိတ်ကျန်းမာရေး ပြန်လည်ကောင်းမွန်ဖို့အတွက် ကြိုးပမ်းပါတော့တယ်။ ကုထုံးကတော့ တကိုယ်လုံး တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတဲ့ အထူးပြုလုပ်ထားတဲ့ အင်္ကျီကို ဝတ်ဆင်ထားရပြီး အလောင်းစင်ထဲမှာ ပိတ်လှောင်ခြင်းပဲဖြစ်ပါတယ်။

Jack ဟာ သူ့ရဲ့ လွတ်မြောက်မှုကို ဘယ်လိုရှာတွေ့မလဲ ၊ ကုထုံးကိုရော ခံနိုင်ရည်ရှိပါ့မလားဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။ IMDb rating 7.1 ရရှိထားပြီး အံ့အားသင့်စရာ ဇာတ်ဝင်ခန်းတွေနဲ့ The Jacket (2005) ရုပ်ရှင်ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။

The post စိတ်ရောဂါဝေဒနာရှင်တယောက်ရဲ့ လွတ်မြောက်မှု The Jacket (2005) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...