Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Tom Cruise ကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ကင်းလွတ်ခဲ့ကြောင်း Nicole Kidman ရင်ဖွင့်

$
0
0

မင်းသမီး Nicole Kidman က မင်းသား Tom Cruise နဲ လက်ထပ်ခဲ့ရလို့ ရရှိခဲ့တဲ့ကောင်းကျိုး တခုအကြောင်း ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

မင်းသား Cruise နဲ့ မင်းသမီး Kidman တို့ဟာ “Days of Thunder“ ရုပ်ရှင်ရိုက်ကွင်းမှာ ဆုံတွေ့ခဲ့ကြပြီးတဲ့နောက် ၁၉၉၀ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပေမယ့် ဆယ်စုနှစ်တခုကျော်ကြာ အိမ်ထောင်သက်တမ်း ရရှိချိန်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် မှာတော့ ကွာရှင်းခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ရဲ့ မွေးစား ကလေးနှစ်ဦးနဲ့ သူတို့ရဲ့ အိမ်ထောင်အကြောင်း ပြောတာ သိပ်မတွေ့ခဲ့ရပေမယ့် အခု အသစ်ထုတ်ဝေလိုက်တဲ့ New York မဂ္ဂဇင်းမှာတော့ မင်းသား Cruise နဲ့ လက်ထပ်ခဲ့ရတာဟာ ဟောလိဝုဒ်မှာ သူရှင်သန်ရပ်တည်ခဲ့တဲ့ အချိန်အတွင်း အကာအကွယ်တခုရှိခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

မင်းသမီး Kidman က “ကျမ အသက် ၂၂ နှစ်မှာ Tom Cruise ကိုလက်ထပ်လိုက်ရတာဟာ အဲဒီအကြောင်းကို ထုတ်ပြောဖို့ အမြဲတွန့်ဆုတ်ခဲ့ရတဲ့ အရာတခုပါ။ ပြီးတော့ ကျမရဲ့ အချစ် (Keith Urban) ဆိုတဲ့အမျိုးသားနဲ့ အခုလက်ထပ်ထားတာ ဖြစ်တဲ့အတွက် မလေးမစားခံစားရမှာကြောင့်လည်း မပြောခဲ့တာပါ။ ပြောရမယ်ဆိုရင် ကျမ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ခဲ့တာဟာ ကျမအတွက် စွမ်းအားတစုံတရာရခဲ့တာ မဟုတ်ပေမယ့် အကာအကွယ်တော့ ရခဲ့ပါတယ်” လို့ အဲဒီမဂ္ဂဇင်းဆောင်းပါးကဏ္ဍမှာ ပြောကြားထားပါတယ်။

“ကျမအချစ်အတွက်လက်ထပ်ခဲ့တယ်။ ဒါပေမယ့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကနေ ကျမကို စွမ်းအားပြင်းပြင်းနဲ့ ကာကွယ်ပေးမယ့်အမျိုးသားတဦးနဲ့ လက်ထပ်ခဲ့ရတာလည်း ဖြစ်တယ်။ ကျမ အလုပ်လုပ်တယ်။ ဒါပေမယ့် ကျမအကာအကွယ်ဆက်ရနေတုန်းပါပဲ။ ဒါကြောင့် ကျမ အသက် ၃၂ နဲ့ ၃၃ ရောက်ရှိလာခဲ့အခါ ကျမတကယ့်ကိုပဲ ရင့်ကျက်လာတဲ့ပုံစံမျိုး ဖြစ်ပါတယ်” လို့ Nicole Kidman က ပြောကြားခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ် မင်းသမီး Kidman ရဲ့ နောက်ဆုံးအင်တာဗျူးမှာ မင်းသား Cruise နဲ့ လက်ထပ်ခဲ့ရတဲ့အကြောင်း ဖွင့်ပြောတာ ဒါဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း Red မဂ္ဂဇင်းမှာ သူငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ခဲ့ရတဲ့အကြောင်းကိုလည်း ပြောဆိုခဲ့ပါသေးတယ်။

မင်းသမီး Kidman မှာ မင်းသား Cruise နဲ့ ကိုယ်ဝန်ရရှိခဲ့သော်လည်း သန္ဓေသားမှာ သားဥအိမ်ပြင်ပမှာ တည်နေခဲ့တဲ့အတွက် ရင်သွေးကို ဆုံးရှုံးခဲ့ရပြီးမှ အစချီကာ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေး ပျက်ပြားခဲ့တဲ့အထိ ဦးတည်ခဲ့ပါတယ်။

ဒီနေ့မှာတော့ မင်းသမီးဟာ ကန်းထရီးစူပါတား Keith Urban နဲ့ လက်ထပ်ထားပါတယ်။ သူတို့နှစ်ဦးဆီမှာ အသက် ၁၀ နှစ်နဲ့ အသက် ၇ နှစ်အရွယ် သမီးနှစ်ဦးထွန်းကားပါတယ်။

Ref: etcanada

The post Tom Cruise ကြောင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ကင်းလွတ်ခဲ့ကြောင်း Nicole Kidman ရင်ဖွင့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...