Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပြည်ပမှာ ကျောင်းသွားတက်မယ့် ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်သူ ဘုန်းမင်းနေလ

$
0
0

ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ်အနုပညာရှင်များရဲ့ သားသမီးများကို ပွဲထုတ်ရာမှ ပရိသတ်မျက်စိရှေ့ကို ရောက်ရှိလာ ခဲ့တဲ့ အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့ သားဖြစ်သူ ဘုန်းမင်းနေလကတော့ အခုချိန်မှာ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် ကောင်လေးတယောက်ဖြစ်လို့ နေပါတယ်။

Single Mother တယောက်အနေနဲ့ ရပ်တည်လာခဲ့တဲ့ မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်ကိုလည်း အမေတယောက်တည်း ရှိတာဖြစ်တဲ့အတွက်ကြောင့် အမေကိုအရမ်းချစ်တဲ့သားတယောက်အဖြစ် ပြောလို့ရတယ်လို့ ဘုန်းမင်းနေလက ပြောပါတယ်။

“အမေက သားသမီးတွေကို စိတ်ပူတတ်တယ်။ စိတ်ပူလွန်တယ်။ နားလည်ပေးတယ်။ တခါတလေကျရင် စကားပြောရခက်တယ်။ တခါတလေကျရင် အရမ်းနားလည်ပေးတယ်။ မေမေ့ကိုပြောတာကတော့ စိတ်ချပါပေါ့။ အရမ်းစိတ်ပူတော့ သိပ်စိတ်မပူစေချင်ဘူး။ ကျနော်အပြင်သွားတာတို့ ဘာတို့ဆို အမေအိပ်ရေးပျက်မှာ စိုးလို့ပါ။ စိတ်မပူရအောင် အပြင်သွားရင် ဖုန်းအမြဲဆက်တယ်။ အမေပဲရှိတာ အမေချစ်တဲ့သားပေါ့” လို့ ဘုန်းမင်းနေလက ပြောပါတယ်။

လတ်တလောမှာတော့ ဘုန်းမင်းနေလအနေနဲ့ အနုပညာအလုပ်တွေ လုပ်ဖို့ အထွေအထူးမရှိသေးဘဲ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

ခင်ဇာခြည်ကျော်နဲ့ သားဖြစ်သူ ဘုန်းမင်းနေလ /Khin Zar Chi Kyaw’s Facebook

“ကျနော်အခုလောလောဆယ်တော့ အနုပညာလှုပ်ရှားမှုက သိပ်မရှိသေးဘူး။ နိုင်ငံခြားကျောင်းတက်ပြီး ပြန်လာရင် ဒါမှမဟုတ် ကျောင်းတက်နေရင်းနဲ့ ပြန်လာတဲ့အချိန်တွေလုပ်ဖြစ်မယ်။ ကျောင်းသွားမတက်ခင်တော့ လုပ်ဖြစ်ကောင်း လုပ်ဖြစ်နိုင်တယ်။ မသေချာသေးဘူး” လို့ ဘုန်းမင်းနေလက ပြောပါတယ်။

အနုပညာနဲ့ ပတ်သက်တဲ့ဘာသာရပ်ကို သွားရောက်သင်ကြားမှာဖြစ်တဲ့အတွက် ကိုယ်ပိုင်ထုတ်လုပ်ရေးလည်း ရှိတာကြောင့် မိခင်ဖြစ်သူကို အနုပညာနဲ့ပတ်သက်တဲ့ အကြံဉာဏ်များ ပေးနိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

“မေမေ့ကိုက အကြံဉာဏ်ကတော့ ပေးပါတယ်။ ပထမကားတုန်းကလည်း အကြံဉာဏ်ပေးတယ်။ ပထမကားတုန်းက ကျနော့်အကြံကို မသုံးဘူး။ ဒုတိယကားမှာတော့ ကျနော့်ဆီက အကြံကိုယူရမှာပါ။ ဘာလို့လဲဆိုတော့ ကျနော်က အနုပညာနဲ့ ပတ်သက်တာကို သွားတက်မယ်။ Business နဲ့ပတ်သက်တာလည်း တက်မှာပါ။ အနုပညာကို သွားတက်မှာ ဆိုတော့ ဒါကိုစိတ်ဝင်စားတဲ့သူတယောက်ကို မေမေကလည်းတွဲခေါ်မှာပါ” လို့ ဘုန်းမင်းနေလကပြောပါတယ်။

ဘုန်းမင်းနေလကတော့ အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့ သားသမီး ၂ယောက်ရှိတဲ့အနက် သားအကြီးဆုံးဖြစ်ပါတယ်။

The post ပြည်ပမှာ ကျောင်းသွားတက်မယ့် ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်သူ ဘုန်းမင်းနေလ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...