Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အပျော်ရည်းစားထားဖို့ အချိန်မရှိပါဘူးလို့ ဆိုလာတဲ့ ဟန်နာယူရီ

$
0
0

Makeup Artist တဦးဖြစ်တဲ့ ဟန်နာယူရီ (Hanna Yuri) က အသက်အများကြီးငယ်တဲ့သူကို စိတ်မဝင်စားသလို အသက်ရလာပြီဆိုတော့ အပျော်ရည်းစားထားဖို့ အချိန်မရှိတော့ဘူးလို့ ဆိုပါတယ်။

“ညီမက ဘန်ကောက်မှာပဲ ရိုက်ကူးတာ များတယ်။ ရန်ကုန်မှာ သိပ်မရိုက်ဖြစ်ဘူး။ မြင်နေကျ မဟုတ်လို့ တွဲနေကြတယ်လို့ ထင်မှာဖြစ်မှာပါရှင့်။ တခြားမင်းသားတွေနဲ့လည်း တွဲရိုက်ထားပါတယ်။ ရှုတင်ရိုက်ထားတဲ့ပုံတွေကို တင်ပေးဖြစ်တယ်။ သတင်းလုပ်ပြီးလည်း ဖြစ်စရာ မလိုပါဘူး”

“ညီမထက်အသက်အများကြီးငယ်တဲ့သူကိုလည်း စိတ်မဝင်စားတော့ အခုထွက်နေတဲ့သတင်းတွေကမဟုတ်ပါဘူး။ ညီမက မိန်းကလေးတယောက်ဆိုတော့ ကိုယ့်က စိတ်ချအားကိုးရမယ့်သူကိုရွေးချင်တယ်။ ညီမလည်း အသက်ရလာပြီဆိုတော့ အပျော်ရည်းစားထားဖို့ အချိန် မရှိတော့ဘူး။ ညီမကအသက်ငယ်တဲ့သူကို စိတ်မဝင်စားပါဘူး”လို့ ဟန်နာယူရီက ပြောပါတယ်။

Special Make up Effect အပြင် အနုပညာလုပ်ငန်းတွေပါ လုပ်ကိုင်နေတဲ့ Hanna Yuri က ကိုရီးယား သရုပ်ဆောင်နဲ့ အတူတွဲပြီးကြော်ငြာရိုက်ကူးဖို့ရှိပါတယ်လို့ ဆိုပါတယ်။

“’တခါကဆတ်သေချာင်း’ ဇာတ်ကားသွားရိုက်ကြတာ မပင်ပန်းဘူးထင်ထားတာ တကယ်သွားတဲ့အခါမှာခက်ခဲ ပင်ပန်းတယ်။ အာလုံးက ဝိုင်းဝန်းကူညီပေးခဲ့ကြတာကြောင့် အခက်အခဲ မရှိသလောက်ပါပဲ။ ညီမက အိမ်သာ ညစ်ပတ်နေရင် မသွားတတ်ဘူး။ တချို့နေရာတွေမှာဘုန်းကြီးကျောင်းတွေမှာ သွားရတယ်။ အိမ်သာညစ်ပတ်နေရင် ရှုတင်နားချိန် အိမ်သာဆေးလိုက်တယ်။ ရှုတင်ကလူတွေလည်း သွားလို့ရအောင်ပေါ့။ အိမ်သာပြဿနာကတော့ အဆိုးဆုံးပဲ”

“ပြီးတော့လက်ဆေးပြီးမှ ကိုအောင်ရဲလင်းကို လက်သေချာဆေးလာပါတယ်ဆိုပြီးပြောပြီး အိမ်သာသွားလို့ ရတယ်လို့ပြောတယ်။ ကိုအောင်ရဲလင်းကလည်း ဘုရားတရား လုပ်တဲ့သူဆိုတော့ နားလည်ပေးပါတယ်။ ညီမက ဇီဇာကြောင်တာ တော်တော်ဆိုးတယ်။ သူငယ်ချင်းတွေမိတ်ဆက်ပေးလို့ မကြိုက်တဲ့အချက်တွေတွေ့ရင် မကြိုက်တော့ဘူး။ ချစ်သူဆိုရင် ကိုယ်ကျင့်တရားနဲ့ စိတ်ဓာတ်တွေကို ကြည့်ပြီးရွေးချယ်မှာပါ။ ကိုရီးယား သရုပ်ဆောင်နဲ့ အတူတွဲပြီးရိုက်ကူးဖို့ရှိပါတယ်”လို့ ဟန်နာယူရီက ဆိုပါတယ်။

Hanna Yuri ဟာ နာမည်ကျော် အဆိုတော်ရဲ့ ချစ်သူဟောင်းအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပြီးနောက်ပိုင်း Special Make Up Effectတွေ ပြင်ဆင်ပေးကာ အနုပညာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေပါပြီ။

The post အပျော်ရည်းစားထားဖို့ အချိန်မရှိပါဘူးလို့ ဆိုလာတဲ့ ဟန်နာယူရီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...