Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တဦးတည်းသောသား ရွှေပိုင်ကို ဇော်ပိုင်တို့ ဇနီးမောင်နှံ ဘယ်လိုပြုစုပျိုးထောင်လဲ

$
0
0

အဆိုတော် ဇော်ပိုင်နဲ့ မီမီနေမင်းဝင်းတို့ရဲ့ ချစ်စရာ သားလေး ရွှေပိုင်ဟာ အရမ်း လိမ္မာပြီး စကားပြောဆို ယဉ်ကျေးတာတာကြောင့် ပရိသတ်တွေကော၊ အနုပညာ အသိုင်းအဝိုင်းကပါ အားလုံးက ချစ်ခင်ကြပါတယ်။ သားလေးရွှေပိုင်ကို ဖခင်ဖြစ်သူ ဇော်ပိုင်က လိမ္မာ ယဉ်ကျေးပြီး ပညာတတ်ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

“ကျနော်က သားကိုလိမ္မာ ယဉ်ကျေးပြီး ပညာတတ် ဖြစ်စေချင်ပါတယ်။ သားအနုပညာဝါသနာပါတယ်ဆိုရင်လည်း အကောင်းဆုံးပြုစုပေးမှာပါ။ သားက ငယ်သေးတော့ သူ့ကိုဘာလုပ်ပေးရမလဲ မသိသေးဘူးပေါ့။ သားလေးကို ချစ်ခင်ပေးကြသူတွေကိုလည်း အထူးကျေးဇူး တင်ပါတယ်”လို့ ဖခင်ဖြစ်သူ ဇော်ပိုင်က ပြောပါတယ်။

သားကို နေ့စဉ် ပတ်ဝန်းကျင်မှာလည်း ကောင်းမွန်တာလေးတွေ ကြားရပြီး ဘယ်ဟာပဲဖြစ်ဖြစ် သားငယ်စဉ်ကတည်းက အကောင်းမြင်တတ်အောင် လေ့ကျင့်ပေးတယ်လို့ မိခင်ဖြစ်သူ မမီမီနေမင်းဝင်းက ပြောပါတယ်။

“သားလေးက လိမ္မာတယ်။ သားလေး လိမ္မာတဲ့အတွက် ပီတိ ဖြစ်ရတယ်။ သားကိုလည်းချစ်ကြတဲ့အတွက် ကြည်နူးဝမ်းသာ ဖြစ်ရပါတယ်။ သားကိုတော့ ပြုစုပျိုးထောင်ပေးတာတော့ ရိုးရိုးလေးပါပဲ။ သားရှေ့မှာ စံနမူကောင်း ဖြစ်အောင်ရယ်၊ နေ့စဉ်ပတ်ဝန်းကျင်မှာလည်း ကောင်းမွန်တာလေးတွေကြားရအောင် ကိုယ်တိုင်လည်း ထိန်းသိမ်းပြီးတော့ သူ့အဖေကလည်း အေးအေးဆေးဆေးဆိုတော့ သားကို ပတ်ဝန်းကျင်ကောင်းတခု ဖြစ်အောင်နေပါတယ်”

“အိမ်မှာလည်း ယဉ်ယဉ်ကျေးကျေးနဲ့ ပြောကြတယ်။ ဒါတွေကိုလည်း သားတွေ့အောင် သားသိအောင် ပြုစုပေးပါတယ်။ မြန်မာ့ယဉ်ကျေးမှုကလည်း လုံးဝဆန့်ကျင်လို့ မရပါဘူး။ အစ်မရော၊ အမျိုးသားကပါ မြန်မာတွေဖြစ်တဲ့အတွက် သားကလည်း မြန်မာပါပဲ။ ဘယ်ကျောင်းမှာပဲ နေနေပါ။ သားကိုလည်း နိုင်ငံခြားကျောင်းတွေ ထားတယ်ဆိုတာလည်း ပညာရေးအတွက် ထားတာပါ” လို့ မမီမီနေမင်းဝင်းက ဆိုပါတယ်။

“ကိုယ့်ရိုးရာဓလေ့ မြန်မာဆိုတာကိုလည်း သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာနဲ့ နားလည်ပါတယ်။ အဲ့လို သားလေးသိအောင်လည်း အသိပညာ အမြဲတမ်းပေးပါတယ်။ အစ်မတို့ လင်မယားစကားများ ရန်ဖြစ်တာမျိုးတွေ သားရှေ့မှာ ဖြေရှင်းတာမျိုး မရှိပါဘူး။ သားလေးအတွက် အတွေးအခေါ်ဆိုရင် ဘယ်ဟာပဲဖြစ်ဖြစ် သားငယ်စဉ်ကတည်းက အကောင်းမြင်တတ်တာလေးတွေ တတ်အောင် လေ့ကျင့်ပေးပါတယ်”လို့ မိခင်ဖြစ်သူ မမီမီနေမင်းဝင်းက ပြောပါတယ်။

အဆိုတော် ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ဟာ အိမ်ထောင်သက် ၁၃ နှစ် ရှိပြီဖြစ်ပြီး သားလေး ရွှေပိုင်ကလည်း ၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ အဆိုတော် ဇော်ပိုင်ဟာ ဂီတလောကမှာ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။

The post တဦးတည်းသောသား ရွှေပိုင်ကို ဇော်ပိုင်တို့ ဇနီးမောင်နှံ ဘယ်လိုပြုစုပျိုးထောင်လဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...