Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တက္ကသိုလ်စာမေးပွဲ မေးခွန်းမှာ ထည့်သွင်းမေးခံရလို့ ပီတိဖြစ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်

$
0
0

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ အဝေးသင် တက္ကသိုလ်၊ ဒဿနိက မေဂျာ၊ ဒုတိယနှစ် စာမေးပွဲရဲ့ အင်္ဂလိပ်စာမေးခွန်းမှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Show ပွဲနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ထားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်တွေ တင်မကဘဲ လူကြီးများကပါ အသိအမှတ်ပြုတဲ့အတွက် ကြည်နူးပီတိဖြစ်မိတယ်လို့ ပြောပါတယ်။

“မကြာခဏ လွန်ခဲ့တဲ့နှစ်တွေကတည်းက တချို့စာမေးပွဲမေးခွန်းတွေမှာ စိုင်းစိုင်းရှိုးသွားကြည့်ရင်တို့ဆိုတဲ့ မေးခွန်းမျိုးတွေ တွေ့ဖူးပါတယ်”

“အဲဒီအချိန်မှာ ဘယ်လိုခံစားရလဲဆိုတော့ စာမေးပွဲ မေးခွန်းထုတ်တဲ့ တက္ကသိုလ်က ဆရာမကြီးတွေ၊ ဆရာကြီးတွေကအစ ကျနော့်ကို မြန်မာနိုင်ငံက အဆိုတော် တယောက်အနေနဲ့ အသိအမှတ်ပြုပြီးတော့ သတိထားမိတယ်ဆိုတဲ့ ခံစားချက်ရတဲ့အတွက် ပရိသတ်တွေ တင်မကဘူး၊ လူကြီးတွေ ဆရာကြီးဆရာမကြီးတွေပါ မြန်မာနိုင်ငံမှာ စိုင်းစိုင်းဆိုတဲ့ အဆိုတော်ရှိပါလား အသိအမှတ်ပြုပါလားဆိုပြီး ကြည်နူး ပီတိဖြစ်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

မေးခွန်းထည့်သွင်း အမေးခံရခြင်းဟာ ပထမဆုံးအကြိမ် မဟုတ်တော့ဘဲ မကြာခဏ အမေးခံရပြီး ယခုနှစ်မှာတော့ လူပိုသိသွားတာလို့ သိရပါတယ်။

စိုင်းစိုင်းကတော့ မကြာသေးခင် အချိန်က “ပြီးခဲ့သောဇာတ်လမ်းအကျဉ်း” ဆိုတဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို ပြုလုပ်ထားပြီး အဲ့ဒီဖျော်ဖြေပွဲရဲ့အခွေကိုတော့ ဒီဇင်ဘာလမှာ ပြန်လည်ထုတ်ပေးမယ်လို့ ပြောပါတယ်။

“ပြီးခဲ့သောဇာတ်လမ်းအကျဉ်းကို ဒီဗီဒီအနေနဲ့ရော Audio အနေနဲ့ရော ပြန်ပြီးတော့ထုတ်ဖို့ရှိပါတယ်။ ဒီဇင်ဘာမှာ ထွက်ပါမယ်။ ဒီနှစ်ထဲမှာ ရုပ်ရှင်တကား ရိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ကျနော်ရဲ့ကားတွေ ရုံတင်ဖို့ အတွက်လည်း ထုတ်လုပ်ရေးတွေက ကြိုးစားနေပါတယ်” လို့စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲကို သွားရောက်ဖို့အတွက်လည်း သူငယ်ချင်းတွေနဲ့ တိုင်ပင်နေပြီး သွားဖြစ်ဖို့များတယ်လို့ ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က လတ်တလောမှာတော့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် အဆိုတော် G Fatt ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲမှာလည်း ပါဝင်ပြီး သီဆိုဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။

The post တက္ကသိုလ်စာမေးပွဲ မေးခွန်းမှာ ထည့်သွင်းမေးခံရလို့ ပီတိဖြစ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၁၉၈၈ ခုနှစ်အရေးအခင်း (အပိုင်း - ၂)


TTA Oreo Gapp Installer


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ဇော်လူစိမ်း ● ကာလပေါ်ဝတ္ထု