Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တခါက နာမည်ကြီး ရော့ခ်ဂီတအဖွဲ့ရဲ့ ဘဝခရီးလမ်းကို ကြည့်ရှုရမယ့် “Bohemian Rhapsody”

$
0
0

တခါက ဗြိတိန်နိုင်ငံမှာ နာမည်ကြီးရော့ခ်ဂီတ အဖွဲ့တဖွဲ့ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ၁၉၇၀ ခုနှစ်မှာတော့ Freddie Mercury, Brian May, Roger Taylor နဲ့ John Deacon ဆိုတဲ့ ဂီတကို မြတ်နိုးသူတွေ စုပေါင်းပြီး “Queen” ဆိုတဲ့ Rock Band တခု ဖြစ်လာခဲ့ပါတယ်။

အဲဒီအထဲကမှ Lead Vocal အဆိုရှင် ဖြစ်တဲ့ Freddie Mercury ရဲ့အကြောင်းဟာ အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ပုံပြင်တပုဒ်လိုပါပဲ။ “Queen” Band ရယ်လို့ မဖြစ်လာခင် Brian May နဲ့ Roger Taylor ဟာ “Smile” ဆိုတဲ့ Band မှာ ဂီတလုပ်ငန်းကို အတူ လုပ်ကိုင်ခဲ့ပါတယ်။

နောက်မှ Smile ရဲ့ ပရိသတ်ဖြစ်တဲ့ Freddie တို့ဆုံတွေ့ကြရင်း Queen ဆိုတဲ့ အဖွဲ့လေးဖြစ်လာပါတယ်။ ရူးသွပ်တဲ့ ဂီတလုပ်ငန်းကိုလုပ်ရင်း သူတို့ကို နာမည်တရှိန်ထိုး အောင်မြင်စေခဲ့တာက “Bohemian Rhapsody” ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းဟာ UK Single Chart မှာ ၉ ပတ်တိတိ ရပ်တည်နိုင်ခဲ့တာပါတယ်။

ဒီသီချင်းကို ရေးသားသူကတော့ တခြားသူ မဟုတ်ပါဘူး။ Lead Vocal အဆိုရှင် ဖြစ်တဲ့ Freddie Mercury ကိုယ်တိုင်ပါပဲ။ Freddie ဟာ ငယ်စဉ်က အိန္ဒိယမှာ ကြီးပြင်းခဲ့ပြီး စန္ဒရား တီးခတ်ခြင်းကို အသက် ၇ နှစ်အရွယ်ကတည်းက သင်ယူခဲ့ပါတယ်။

ငယ်ရွယ်စဉ်ဘဝမှာတည်းက အခက်အခဲမျိုးစုံကို ဖြတ်သန်းလာခဲ့ရပြီး ဆယ်ကျော်သက်အရွယ်မှာတော့ အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ သူဟာ West London မှာ Art ဘာသာရပ်ကို သင်ယူခဲ့ပြီး အဆိုတော် မဖြစ်ခင်က ကြုံရာအလုပ်ကို လုပ်ကိုင်ခဲ့ရပါတယ်။ နောက်ပိုင်း Queen မှာ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး အောင်မြင်တဲ့ အနုပညာရှင်တယောက် ဖြစ်လာခဲ့ပါတယ်။

သူဟာ အောင်မြင်မှုတွေရသလို ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း ကြုံခဲ့ရပါသေးတယ်။ သူဟာ ဂေးတယောက် ဖြစ်တယ်ဆိုတာ ဝန်ခံခဲ့သလို စင်အောက်ရောက်တဲ့အခါမှာ ရှက်ပြီးကြောက်ရွံ့တတ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ဘဝက ခက်ခဲကြမ်းတမ်းခဲ့သလို အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အဖွဲနဲ့ အောင်မြင်မှုတွေရခဲ့သလို တကိုယ်တော် လှုပ်ရှားမှုမှာလည်း ပရိသတ်အားပေးမှုကို တခဲနက်လက်ခံရရှိခဲ့ပါတယ်။

Freddie ဟာ AIDS ရောဂါကို ကူးစက်ခဲ့ပြီး အသက် ၄၅ နှစ်မှာ ဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့ အနုပညာကို အားပေးတဲ့ ပရိသတ်တွေကတော့ သူ့ရဲ့သေဆုံးမှုအတွက် နှမြောနေကြတာအမှန်ပါပဲ။

“Queen” အဖွဲ့ရဲ့အောင်မြင်မှုဟာလည်း ကြောက်ခမန်းလိလိပါပဲ။ သူတို့အဖွဲ့ဟာ ဆုတွေမြောက်မြားစွာ ပိုင်ဆိုင်ခဲ့သလို ရော့ခ်ပရိသတ်တွေ ရင်ထဲမှာတော့ အမြဲရှိနေမှာပါ။ ဒီလိုအကြောင်းတွေကို ရိုက်ကူးထားတဲ့ “Bohemian Rhapsody” ဟာ လက်ရှိ တကမ္ဘာလုံးမှာ ရုံတင် ပြသနေပြီး ပရိသတ်တွေ သဘောကျမယ့် ဇာတ်ကားတကားပါ။ ဒါကြောင့်မို့လို့ ဒီရုပ်ရှင်ကို သွားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

The post တခါက နာမည်ကြီး ရော့ခ်ဂီတအဖွဲ့ရဲ့ ဘဝခရီးလမ်းကို ကြည့်ရှုရမယ့် “Bohemian Rhapsody” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ရခိုင်လူမျိုး နှင့် “မောဂ်”ဟူသော ဝေါဟာရ အမည်၏ ဇစ်မြစ်များ ဖြစ်တည် လာရာ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ချစ်စရာ့ မြန်မာ့ဓလေ့


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


တာနောယက္ခ


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


TTA Oreo Gapp Installer


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


မြန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့...