Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

MTV Europe Music Awards ဆုပေးပွဲမှာ ဆုတွေသိမ်းကျုံး ရရှိခဲ့တဲ့ Camila Cabello

$
0
0

ကျူးဘားနွယ်ဖွား အမေရိကန်နိုင်ငံသူ အဆိုတော် Camila Cabello ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ MTV Europe Music ဆုပေးပွဲမှာ အကောင်းဆုံး သီချင်းဆု၊ အကောင်းဆုံး အနုပညာရှင်ဆု၊ အကောင်းဆုံး ဗီဒီယိုဆု၊ အကောင်းဆုံး အမေရိကန်ဖျော်ဖြေတင်ဆက်မှုဆု တို့ကို ရရှိခဲ့ပြီး အဆိုတော် Janet Jackson နဲ့လည်း ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာ ကျင်းပခဲ့တဲ့ MTV Video Music Awards ဆုပေးပွဲမှာလည်း ဆုတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် Cabello ဟာ စပိန်နိုင်ငံမြောက်ပိုင်း ဘီလ်ဘာအိုမြို့မှာ ပြုလုပ်တဲ့ ကော်ဇောနီလမ်းမထက်မှာ လျှောက်လာခဲ့တဲ့အချိန် ၂၀၁၈ အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ပရိသတ်တွေကို တိုက်တွန်းခဲ့ပါတယ်။

“Global Icon” ဆုကိုရရှိခဲ့တဲ့ အဆိုတော် Jackson ဟာ သူ့ရဲ့ နှစ် ၄၀ သက်တမ်းရှိတဲ့ အနုပညာသက်တမ်း တလျှောက်မှာ ကျော်ကြားခဲ့တဲ့ သီချင်းတချို့ကို ဖျော်ဖြေခဲ့ပါတယ်။ အဲဒီဆုပေးပွဲကို ဘီလ်ဘာအိုမြို့ရဲ့ ပြပွဲစင်တာမှာပြုလုပ်ခဲ့တာဖြစ်ပြီး “Back to Life” သီချင်းကို ဖျော်ဖြေခဲ့တဲ့ Hailee Steinfeld က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

MTV Europe Music Awards ဆု ၅ ခုရှင် အင်္ဂလိပ်ရော့ခ်တီးဝိုင်း Muse က ဘီလ်ဘာအိုမြို့ရဲ့ ကမ္ဘာ့နာမည်ကျော် ဘောလုံးကစားကွင်း San Mames ကနေ “Pressure” သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။

ဆုပေးပွဲကို Nicki Minaj ရဲ့ နာမည်ကျော်သီချင်း “Good Form” နဲ့စဖွင့်ခဲ့ပြီး အဲဒီ့နောက် Little Mix အဖွဲ့နဲ့အတူ “Woman Like Me” သီချင်းကို ပူးပေါင်း ဖျော်ဖြေခဲ့ပါတယ်။ Minaj က “Best Look” နဲ့ “Best Hip-Hop” ဆုတို့ကို ရရှိခဲ့ပါတယ်။

အမေရိကန် D.J Marshmello က “Best Electronic” ဆုကို ရရှိခဲ့ပြီး အခြားအနုပညာရှင်နှစ်ဦးနဲ့အတူ သီချင်းနှစ်ပုဒ်ကို ဖျော်ဖြေခဲ့ပါတယ်။ အခြား ဆုရရှိခဲ့သူတွေထဲမှာ “Best Pop” ဆုရရှိခဲ့တဲ့ Dua Lipa ၊ “Best Live” ဆုရရှိခဲ့တဲ့ Shawn Mendes နဲ့ “Best Rock” ဆုရရှိခဲ့တဲ့ 5 Seconds of Summer အဖွဲ့တို့ပါဝင်ကြပါတယ်။

Ref: reuters

The post MTV Europe Music Awards ဆုပေးပွဲမှာ ဆုတွေသိမ်းကျုံး ရရှိခဲ့တဲ့ Camila Cabello appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


လုလုအောင် HD အသစ်


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


TTA Oreo Gapp Installer


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး)...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


မြန်မာတွေ ရွှေဖျင်းညီနောင်ကို တစ်ကယ်ပူဇော်ကြသလား


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


နိဗ္ဗာန်ရွာမှ ပိတ်ဖြူ ကဲ့သို့ ဖြူ သော ဆင်ဖြူ တော်


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်