Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရွှေမှုံရတီနဲ့ ရိုက်မယ့် ဇာတ်ကားကို ခင်ဝင့်ဝါနဲ့ ပြောင်းရိုက်မယ့် ညွှန့်မြန်မာညီညီအောင်

$
0
0

ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်ကတော့ သူရဲ့ တပည့်ဖြစ်သူ သရုပ်ဆောင် ရွှေမှုံရတီ နဲ့ နောင်ဘယ်တော့မှ ဇာတ်ကားတွေ မရိုက်တော့ဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဒါနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဖြေဆိုလိုခြင်း မရှိဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော် အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး မဖြေချင်လို့ စိတ်မရှိပါနဲ့နော်။ အခြားသတင်းနဲ့ ပတ်သက်လို့မေးရင် ဖြေပေးပါမယ့်။ ကျနော်က အသက်ကြီးတော့သူဆိုတော့ နောက်ပိုင်းဇာတ်ကားတွေ ရိုက်ဖို့ဆိုတာကလည်း စဉ်းစားရမယ့် ကိစ္စတွေပါ။ အခုရိုက်မယ့် “ငါမုန်းတဲ့အက္ခရာ” ဇာတ်ကားမှာတော့ ရွှေမှုံရတီနေရာမှာ ခင်ဝင့်ဝါရိုက်သွားမှာပါ”

“အခုလတ်တလောတော့ ဇာတ်ကားတကား ရိုက်ဖို့ ပြင်ဆင်နေတုန်းပါ။ ကားနာမည်က ၃၊ ၄ မျိုးဖြစ်နေတော့ ဘယ်ဟာ အတည်ပြုရမှန်းမသိ ဖြစ်နေလို့ပါ”လို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ဆိုပါတယ်။

သရုပ်ဆောင်ရွှေမှုံရတီကတော့ လတ်တလောမှာ ချစ်သူ ရွှေထူးနဲ့ မင်္ဂလာလက်မှတ်ရေးထိုးထားပြီး မင်္ဂလာဧည့်ခံပွဲကိုတော့ လာမယ့်နိုဝင်ဘာ ၁၁ ရက်နေ့၊ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

ရွှေမှုံရတီနဲ့ ရိုက်ကူးမယ့် “ငါ့မုန်းတဲ့ အက္ခရာ” ဇာတ်ကား ရိုက်ကူးဖို့ မပြီးပြတ်သေးခင် ရွှေမှုံရတီက ဒီလိုလက်ထပ်ပွဲကို ရုတ်တရက် ပြုလုပ်လိုက်တဲ့အတွက် ဇာတ်ကား ရိုက်ကူးမှုများ နှောင့်နှေးခဲ့ပြီး အခက်အခဲတွေ ဖြစ်ပေါ်နေခဲ့တယ်လို့လည်း သိရပါတယ်။

ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်ဟာ ၂၀၁၆ ခုနှစ်မှာ “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်နဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ “အမှောင်မှာ ရွာချတဲ့ မိုးတိမ်” (ကျွန်) ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး အဲဒီဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်က အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။

The post ရွှေမှုံရတီနဲ့ ရိုက်မယ့် ဇာတ်ကားကို ခင်ဝင့်ဝါနဲ့ ပြောင်းရိုက်မယ့် ညွှန့်မြန်မာညီညီအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...