Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာတဝှမ်း လက်ရှိ ရုံတင်ပြသနေတဲ့ “Bohemian Rhapsody”ရုပ်ရှင် ဝင်ငွေကောင်းနေ

$
0
0

ကမ္ဘာကျော် ဗြိတိသျှတီးဝိုင်း Queen အဖွဲ့နဲ့ အဖွဲ့ခေါင်းဆောင် Freddie Mercury ရဲ့ ဘဝဇာတ်ကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ “Bohemian Rhapsody” ရုပ်ရှင်ဟာ နိုင်ငံတကာ ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၇၂ ဒဿမ ၅ သန်းနဲ့ ဦးဆောင်နေပါတယ်။

မင်းသား Rami Malek က Queen အဖွဲ့ရဲ့ နာမည်ကျော်ခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ အမေရိကန်နိုင်ငံတွင်းမှာပဲ ဒေါ်လာ သန်း ၅ဝ ရရှိထားပြီး ကမ္ဘာတဝန်းမှာတော့ ဒေါ်လာ ၁၂၂ ဒဿမ ၅ သန်း ရရှိထားတာကိုတွေ့ရပါတယ်။

Queen အဖွဲ့ မူလဖြစ်တည်ခဲ့ရာ ဗြိတိန်နိုင်ငံမှာတော့ ဒေါ်လာ ၁၂ ဒဿမ ၂ သန်းဝင်ငွေရရှိထားပြီး နိုင်ငံအတွင်း ပွဲဦးထွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင် ဖြစ်ပါတယ်။ Fox ရုပ်ရှင်ထုတ်လုပ်ရေးက ဒီရုပ်ရှင်ကို ဒေါ်လာ ၅၂ သန်း အကုန်အကျခံပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒါရိုက်တာ Bryan Singer နဲ့ပတ်သက်တဲ့ ဇာတ်ဝင်ခန်းတွေ နောက်ကွယ်က ပဋိပက္ခနဲ့ ဝေဖန်သူတွေထံကနေ ထွက်ပေးလာတဲ့ စိတ်ဝင်စားမှုနည်းပါးတဲ့ သုံးသပ်ချက်တွေ ရှိခဲ့ပေမယ့် ပရိသတ်တွေကတော့ နှစ်နှစ်ခြိုက်ခြိုက် အားပေးခဲ့ကြပါတယ်။ Rotten Tomatoes မှာ ၉၆ ရာခိုင်နှုန်းနဲ့ CinemaScore မှာ A အဆင့် ရရှိထားပါတယ်။

“Bohemian Rhapsody” ရုပ်ရှင်မှာတော့ Queen အဖွဲ့ကို စတင်ထူထောင်ချိန်မှသည် ၁၉၈၅ ခုနှစ်၊ ဝင်ဘာလေကွင်းမှာ ဖျော်ဖြေပွဲပြုလုပ်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့အကြောင်းနဲ့ အဖွဲ့ဝင်အချင်းချင်း အကြား တင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ဂယက်တွေနဲ့ နောက်ဆုံး ခေါင်းဆောင် Freddie က AIDS ရောဂါနဲ့ ကွယ်လွန်ခဲ့ချိန်အထိ ဖြစ်ရပ်တွေကို အသေးစိတ်ပြသထားပါတယ်။

Disney ရဲ့ မိသားစုကြည့်ရုပ်ရှင် “The Nutcracker and the Four Realms” ကတော့ နိုင်ငံတကာ ဈေးကွက် ၄၅ ခုမှာ ဒေါ်လာ ၃၈ ဒဿမ ၅ သန်းနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ Universal နဲ့ Blumhouse တို့ရဲ့ “Halloween” ကတော့ ဒေါ်လာ ၁၈ ဒဿမ ၃ သန်းရရှိထားပါတယ်။ အခုအထိဆိုရင် ကမ္ဘာတဝန်းကနေ ရုံဝင်ငွေ စုစုပေါင်း ဒေါ်လာ ၂၂၉ သန်းရရှိထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

Sony ရဲ့ “Venom” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၅ ဒဿမ ၆ သန်းနဲ့ ဝင်ငွေကောင်းနေဆဲဖြစ်ပါတယ်။ မင်းသား Tom Hardy ပါဝင်သရုပ်ဆောင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ စုစုပေါင်း ဒေါ်လာ ၃၄၂ ဒဿမ ၉ သန်း ရရှိထားပြီး ဖြစ်ပါတယ်။ လေဒီဂါဂါနဲ့မင်းသား Bradley Cooper တို့ရဲ့ “A Star Is Born” ရုပ်ရှင်ဟာ ဒေါ်လာ ၁၃ ဒဿမ ၉ သန်းရရှိခဲ့ပါတယ်။ အခုအချိန်အထိတော့ ဒေါ်လာ ၂၉၃ ဒဿမ ၉ သန်းရရှိထားပြီးဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်တခါက နာမည်ကြီး ရော့ခ်ဂီတအဖွဲ့ရဲ့ ဘဝခရီးလမ်းကို ကြည့်ရှုရမယ့် “Bohemian Rhapsody”

Ref:Variety

The post ကမ္ဘာတဝှမ်း လက်ရှိ ရုံတင်ပြသနေတဲ့ “Bohemian Rhapsody” ရုပ်ရှင် ဝင်ငွေကောင်းနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...