Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Billboard ရဲ့ “Woman of the Year”အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ Ariana Grande

$
0
0

အဆိုတော် Ariana Grande ဟာ Billboard မဂ္ဂဇင်းရဲ့ “Woman of the Year” ဖြစ်လာခဲ့ပါပြီ။ အသက် ၂၅ နှစ်အရွယ် အဆိုတော် Ariana ကို ဂီတနဲ့ ပတ်သက်တဲ့ မဂ္ဂဇင်းကနေ ၂၀၁၈ ခုနှစ်အတွက် “Woman of the Year” အဖြစ် သတ်မှတ်လိုက်တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၆ ရက်၊ နယူးယောက်မြို့မှာ ပြုလုပ်မယ့် နှစ်စဉ် ကျင်းပနေကျ Women in Music ညစာစားပွဲနဲ့ ဆုပေးပွဲမှာ သူ့ကို ဂုဏ်ပြုကြဦးမှာ ဖြစ်ပါတယ်။

Billboard ရဲ့ Content ပိုင်းဆိုင်ရာ ဒုဥက္ကဋ္ဌ Ross Scarano က “Ariana Grande ဟာ သူ့ရဲ့ နယ်ပယ်မှာ ကြယ်တပွင့်ဖြစ်ပြီးတော့ ဂီတလုပ်ငန်းအတွင်းမှာ ဂီတနဲ့ဆိုင်တဲ့ ပုံစံနဲ့ လမ်းကြောင်းကနေ ဘယ်တော့မှ သွေဖီခဲ့တာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်အတွက် ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သလို ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာလည်း ဒီလိုမျိုး ခွန်အားတွေ ရှိတယ်ဆိုတာကို လက်မခံချက်တဲ့ ကမ္ဘာကြီးမှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ရပ်တည်နိုင်ခဲ့ပါတယ်”

“သူ့ရဲ့ဂီတသက်တမ်းတလျှောက်မှာ အကောင်းဆုံးဂီတတွေကို ဖန်တီးနိုင်တဲ့သူ တယောက်ဖြစ်ပြီး Woman of the Year ဆုနဲ့ လုံးဝထိုက်တန်ပါတယ်” လို့ ကြေညာချက်တခုထဲမှာ ပြောကြားခဲ့ပါတယ်။

အဆိုတော် Ariana ကလည်း အဲဒီသတင်းနဲ့ ပတ်သက်လို့ ပျော်ရွှင်မိကြောင်း နိုဝင်ဘာလ ၆ ရက်နေ့က Twitter မှာ တင်ခဲ့ပါသေးတယ်။ သူက “Billboard မှာ အခုလိုမျိုး ဂုဏ်ပြုခံရလို့ ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

Ariana အတွက်တော့ ချစ်သူဟောင်း Mac Miller ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကွယ်လွန်ခဲ့ပြီးတဲ့အပြင် ခင်ပွန်းလောင်း Pete Davidson နဲ့လည်း ပြီးခဲ့တဲ့လကမှ လမ်းခွဲခဲ့တာဖြစ်လို့ ဒီနှစ် တနှစ်လုံးမှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဘဝဟာ ခက်ခဲကြမ်းတမ်းနေခဲ့ပါတယ်။

ဒါပေမဲ့ သူကတော့ ဒီနှစ်ကို အကောင်းမြင်ထားတာတွေလည်း ရှိပါတယ်။ “Thank u, next” ဆိုတဲ့ သီချင်းအသစ်ဟာ Apple Music ရဲ့ Top 100 Global Chart နဲ့ Top 100 US Chart တို့ရဲ့ နံပါတ် ၁ နေရာကို ရယူနိုင်တဲ့ ပထမဆုံး Pop သီချင်းဖြစ်လာခဲ့ပါတယ်။

အဲဒီသီချင်းဟာ ကမ္ဘာတဝန်းမှာ ၂၄ နာရီအတွင်း နားထောင်မှု အကြိမ်အရေအတွက် ၉ သန် းရှိခဲ့ပြီး Spotify မှာလည်း နားထောင်မှု အကြိမ် ၈ ဒဿမ ၁၉ သန်း အထိ ရှိခဲ့လို့ အမျိုးသမီးတဦးအတွက် အမြင့်ဆုံးစံချိန်ရရှိခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လမှာတော့ သူ့ရဲ့ အယ်လ်ဘမ် “Sweetener” ဟာ Billboard 200 chart မှာ နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ပါတယ်။

Ref: asiaone

The post Billboard ရဲ့ “Woman of the Year” အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ Ariana Grande appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...