Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဆယ်ကျော်သက်တုန်းက လိင်တူချင်း အကြမ်းဖက်ခံခဲ့ရကြောင်း မင်းသား Ezra Miller ပြော

$
0
0

Flash မင်းသား Ezra Miller ဟာ သူအသက် မပြည့်ခင် အရွယ်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရတဲ့ အကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် ၂၆ နှစ်ရွယ် မင်းသားဟာ အမည်မဖော်လိုတဲ့ ဒါရိုက်တာ တယောက်က သူ့ကို အရက်တိုက်ပြီး သူ့ကိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့တဲ့ အကြောင်း ဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။

မင်းသား Ezra က “သူတို့ ကျနော့်ကို ဝိုင်တိုက်တယ်။ ပြီးတော့ ကျနော် အသက်မပြည့်သေးဘူး။ သူတို့က ဂေးတော်လှန်ရေးအကြောင်း ငါတို့ရဲ့ ရုပ်ရှင်မှာပါချင်လားလို့ မေးတယ်။ ကျနော်က မပါချင်ဘူး။ ခင်ဗျားတု့ိက မကောင်းဆိုးဝါးတွေလို့ ပြန်ပြောလိုက်တယ်”လို့ ဆိုပါတယ်။

“Fantastic Beasts: The Crimes of Grindelwald” ရုပ်ရှင်စတား Ezra က အဲဒီရုပ်ရှင်နဲ့ ဒါရိုက်တာကို နာမည်တပ်ပြီး မပြောခဲ့ပေမယ့် မကောင်းတဲ့ အကျင့်ဆိုးတွေအကြောင်း လူတွေ ထုတ်ဖော်ပြောလာချိန်မှာ အခုလိုမျိုး ထုတ်ပြောလာတာ ဖြစ်ပါတယ်။ သူပထမဆုံးသရုပ်ဆောင်စလုပ်ချိန်မှာ သရုပ်ဆောင်တွေအားလုံးက လိင်လုပ်သားတွေလို့ ထင်ခဲ့ကြောင်း ပြောဆိုပါတယ်။

သူက “အဲဒီတုန်းက တော်တော်လေး ငယ်သေးတယ်။ လက်မခံနိုင်လောက်အောင်ပါပဲ။ ဟောလိဝုဒ်ဆိုတာ ဒါပါလားလို့ သိလာတယ်။ ကျနော်တို့တွေအားလုံးဟာ လိင်လုပ်သားတွေဖြစ်တယ်လို့ ကျနော် ထင်ခဲ့တယ်” လို့ ပြောဆိုပါတယ်။

“Justice League” ရုပ်ရှင်မှ ာပါဝင်ခဲ့တဲ့ မင်းသား Ezra က အမျိုးသားတွေကို ဖြိုခွင်းချင်တဲ့အကြောင်းပြောခဲ့ပြီးတဲ့နောက် အခုလိုပြောဆိုချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

လိင်တိတိကျကျ ဖော်ပြခြင်းမရှိတဲ့ မင်းသား Ezra က “အမျိုးသားတွေကို ပြန်လည်ထူထောင်ကြပါတယ်။ အမျိုးသားတွေကို ဖြိုခွင်းကြပါစို့။ ကျနော် သဘောတူပါတယ်။ မြေပြင်ပေါ်ရောက်မှ သူတို့ကို ရှင်သန်ခွင့်ပေးလိုက်ပါ။ ဒါဟာ Wonder Woman တွေ ဒီမှာလုပ်နေတဲ့ ပုံအတိုင်းပါပဲ။ အမေဇုံတွေက ဒီလိုမျိုးပဲ ဖြေရှင်းကြတာ ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Ref: contactmusic

The post ဆယ်ကျော်သက်တုန်းက လိင်တူချင်း အကြမ်းဖက်ခံခဲ့ရကြောင်း မင်းသား Ezra Miller ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...