ဗြိတိသျှအမျိုးသမီး Pop အဆိုတော်အဖွဲ့တခုဖြစ်တဲ့ Spice Girls ဟာ လာမယ့်နှစ်ထဲ ယူကေနိုင်ငံမှာ အဖွဲ့ကို ပြန်လည်ဖွဲ့စည်းမယ့်အကြောင်း ကြေညာခဲ့ပြီးတဲ့နောက် အယ်လ်ဘမ်သစ်ထွက်ဖို့ ပြင်ဆင်နေတဲ့အကြောင်း နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြောဆိုခဲ့တာရှိပေမယ့် “Posh Spice” လို့ခေါ်တဲ့ ဗစ်တိုးရီးယားဘက်ခမ် းမပါဘဲ ဖျော်ဖြေရမှာ ထူးဆန်းနေသလို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။
ဖက်ရှင်ဒီဇိုင်နာဗစ်တိုးရီးယားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က Spice Girls နဲ့ အတူ ဖျော်ဖြေမှုမှာ ပါဝင်တော့မှာမဟုတ်တဲ့အကြောင်းနဲ့ ကျန်အဖွဲ့ဝင်တွေကို လာမယ့်နှစ်မှာ နေရာ ၆ ခုမှာ ပြုလုပ်မယ့် ပွဲတွေအတွက် ဆုမွန်ကောင်းတောင်းပေးတဲ့အကြောင်း Instagram အကောင့်မှာတင်ခဲ့ပါတယ်။
Heart Radio နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ အဖွဲ့ဝင် Chisholm က “သူက ကျမတို့အတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကျမတို့ထဲက ဘယ်သူကမှ Spice Girls အဖွဲ့ ဖျော်ဖြေမှာကို မကြည့်နိုင်တော့တာကြောင့် ထူးဆန်းနေမှာပါ။ ဒါပေမယ့် သူမပါဝင်နိုင်တော့ပါဘူး” လို့ ဗစ်တိုးရီးယားနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။
အဖွဲ့ဝင် Brown က သူတို့ ၄ ဦးပါဝင်တဲ့အဖွဲ့ဟာ လာမယ့်သီတင်းပတ်ကစလို့ အယ်လ်ဘမ်သစ်အတွက် အသံစသွင်းတော့မှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
၆ ရက်ကျင်းပမယ့် သူတို့အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကြေညာခဲ့တာဟာ ၁၉၉၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး “Wannabe” နဲ့ “Say You’ll Be There” သီချင်းတို့အပါအဝင် နာမည်ကျော် သီချင်းတွေပါဝင်တဲ့ အယ်လ်ဘမ် သန်းနဲ့ချီပြီးရောင်းချခဲ့ရတဲ့ ဗြိတိသျှရဲ့ အကြီးမားဆုံ းမိန်းကလေးအဖွဲ့တခုရဲ့ နောက်ဆုံးပြန်လည် ပေါင်းစည်းမှုလည်း ဖြစ်ပါတယ်။
အဖွဲ့ဝင် Horner က ၁၉၉၈ ခုနှစ်မှာ အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး ကျန်ရှိတဲ့အဖွဲ့ဝင်တွေကလည်း “Forever” အယ်လ်ဘမ်ထွက်ပြီးတဲ့နောက် နှစ်နှစ်အကြာမှာပဲ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ ၂၀၀၇-၂၀၀၈ ခုနှစ်တုန်းက နယ်လှည့်ဖျော်ဖြေပွဲတခုကို ပြုလုပ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ် ပိတ်ပွဲအခမ်းအနားမှာလည်း ဖျော်ဖြေခဲ့ကြပါတယ်။
Ref:reuters
The post ဗစ်တိုးရီးယားဘက်ခမ်း မပါတော့တဲ့ Spice Girls အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ် appeared first on ဧရာဝတီ.