Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိုးပျံတံတားပေါ်မှ မတော်တဆမှုများ (သို့မဟုတ်) U Turn

$
0
0

ဒီတခါ မိတ်ဆက်ပေးမယ့် ရုပ်ရှင်က ဒါရိုက်တာ Pawan Kumar ရိုက်ကူးထားတဲ့ Crime, Drama, Horror အမျိုးအစား ဘောလိဝုဒ် ရုပ်ရှင် “U Turn” ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Samantha Ruth Prabhu, Aadhi နဲ့ Bhoomika Chawla တို့အပြင် အခြား သရုပ်ဆောင်များစွား ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ Rachana ဟာ “The Times of India” သတင်းဌာနရဲ့ သတင်းထောက်တဦးဖြစ်ပြီး မိုးပျံတံတားပေါ်က မတော်တဆမှုတွေအကြောင်းကို ဆောင်းပါးရေးဖို့ ကြိုးစားနေသူတဦးပါ။ ဆောင်းပါးအတွက် သတင်းအချက်အလက်တွေကို သူမနဲ့ အတူ မှုခင်းသတင်းထောက်တဦးဖြစ်တဲ့ Aditya က ကူညီစုဆောင်းပေးနေတာဖြစ်ပြီး အဲဒီ အချက်အလက်တွေအရ မတော်တဆမှုတွေ ဘာကြောင့် ဖြစ်ပွားရလဲဆိုတာကို တွေ့ရှိသွားပါတယ်။

အဲဒါကတော့ ဆိုင်ကယ်စီးသူတွေဟာ လမ်းအလယ် ဘလောက်တုံးတွေကို ရွှေ့ပြီး လိုရာခရီးကို ဆက်သွားကြပေမယ့် တဖက်ယာဉ်ကြောက လာတဲ့ ယာဉ်တွေဟာ ဘလောက်တုံးတွေကို ဝင်တိုက်မိတဲ့အတွက် ဖြစ်ပါတယ်။

Rachana အတွက် နောက်ထပ် သတင်းပေးသူတဦးကတော့ တံတားပေါ်မှာ နေထိုင်တဲ့ အိမ်ယာမဲ့ လူတယောက်ဖြစ်ပြီး ဘလောက်တုံးရွှေ့တဲ့ ဆိုင်ကယ်တွေရဲ့ နံပါတ်တွေကို မှတ်ထားပေးလေ့ ရှိပါတယ်။ Rachana လည်း သူမရဲ့ ဌာနဆိုင်ရာ အသိတဦးဆီကနေ ဆိုင်ကယ်နံပါတ်ရဲ့ အိမ်လိပ်စာကို ရရှိသွားပြီး လိုက်လံစုံစမ်းပေမယ့် အဲဒီ အိမ်မှာ ဘယ်သူမှရှိမနေတဲ့အတွက် လက်လျှော့ ပြန်လာခဲ့ရပါတော့တယ်။

ဒါပေမဲ့ သူမ အိမ်ပြန်လာတဲ့အချိန်မှာပဲ ရဲတွေဟာ သူမကို စစ်မေးစရာ ရှိကြောင်း ပြောဆိုပြီး စခန်းကို ခေါ်ဆောင်သွားပါတော့တယ်။ အကြောင်းကတော့ သူမ သွားရောက်ခဲ့တဲ့ အိမ်လိပ်စာမှာ ဆိုင်ကယ်ပိုင်ရှင် အမျိုးသားဟာ သေဆုံးနေပြီး သူမကို သံသယရှိသူအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သူမက ဆောင်းပါးအတွက် အင်တာဗျူးမေးဖို့ သွားရောက်ခဲ့ကြောင်း ဒါ့အပြင် သူမမှာ နောက်ထပ် ဆိုင်ကယ် နံပါတ်တွေနဲ့ ပတ်သက်တဲ့ အိမ်လိပ်စာ ၉ ခု ရှိသေးကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီ အိမ်လိပ်စာတွေမှာ နေထိုင်သူတွေဟာ လွန်ခဲ့တဲ့ ရက်ပိုင်း အနည်းငယ်ကတည်းက သေဆုံးသွားခဲ့ကြပြီဖြစ်ကြောင်း သိလိုက်ရချိန်မှာတော့ ရဲတွေရော Rachana ပါ မယုံကြည်နိုင် ဖြစ်ခဲ့ကြပါတယ်။

Rachana အနေနဲ့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ ဘာကြောင့် မိုးပျံတံတားပေါ်မှာ ဂငယ်ကွေ့ ကွေ့ခဲ့တဲ့ ဆိုင်ကယ်သမားတွေချည်း သေဆုံးရသလဲဆိုတာ ဇာတ်ကားမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။

ဇာတ်လမ်းရဲ့ အစပိုင်းမှာ ဆွဲဆောင်မှု မရှိသေးပေမယ့် မထင်မှတ်တဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ တဖြည်းဖြည်း ဇာတ်လမ်းအဆုံးထိ ဆွဲဆောင်မှုရှိရှိ ဆွဲခေါ်သွားမယ့် ရုပ်ရှင်ကားကောင်းတကား ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေ ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။

The post မိုးပျံတံတားပေါ်မှ မတော်တဆမှုများ (သို့မဟုတ်) U Turn appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...