Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အမျိုးသားသုံး မျက်နှာသစ်ဆေး”ထုတ်လုပ်လိုက်တဲ့ အဆိုတော် နောနော်

$
0
0

အဆိုတော် နောနော်က “JANAW” (ဂျာနော်) ဆိုတဲ့ မျက်နှာသစ်ဆပ်ပြာကို မကြာခင်မှာ ဈေးကွက်အတွင်း ဖြန့်ချိရောင်းချတော့မှာ ဖြစ်ပါတယ်။

“ကျနော် မျက်နှာသစ်ဆပ်ပြာ ထုတ်ဖြစ်တာက ကျနော် စွဲသုံးနေတဲ့ မျက်နှာသစ်ဆပ်ပြာက မထုတ်တော့ဘူး။ အဲဒီတော့ ကျနော့်အတွက် အကျပ်ရိုက်ပါတယ်။ တခြား မျက်နှာသစ်ဆပ်ပြာကလည်း ကျနော်နဲ့ အဆင်မပြေပါဘူး။ ကျနော်စဉ်းစားပြီး ဘာလုပ်ရင်ကောင်းမလဲပေါ့။ ဒါနဲ့ မျက်နှာသစ်ဆပ်ပြာထုတ်မယ်ပေါ့။ စမ်းထုတ်ပြီး ကျနော်ကိုယ်တိုင်ကို စမ်းသပ်ခဲ့တယ်”

“ကျနော်သုံးတာ အဆင်ပြေတယ်။ အညစ်အကြေးတွေလည်း ထွက်ကုန်တယ်။ အရမ်းကောင်းတယ်။ တရုတ်ပြည်ကနေ အကုန်လုံးလုပ်ပြီး ဖြန့်ပါတယ်။ ဈေးနှုန်းလည်း သက်သက် သာသာနဲ့ ထုတ်လုပ်ပေးထားပါတယ်။ နောက်လည်း မိန်းကလေးတွေအတွက် ထွက်ဖို့ရှိတယ်။ နာမည်ပေးဖို့ အရမ်းလည်း ခက်ခဲခဲ့ပါတယ်။ နာမည်တူမှာလည်း ဆိုးတယ်။ ဒါနဲ့ ကျနော့် နာမည်ပဲ ပေးလိုက်တာပါ။ ဂျာနော်ဆိုပြီး ပေးဖြစ်လိုက်တာပါ”လို့ နောနော်က ပြောပါတယ်။

ဆံပင်အရှည်နဲ့ တွေ့ခဲ့ရတဲ့ အဆိုတော် နောနော်က ဆံပင်ရှည်ထားရတာ ကြိုက်ပေမယ့် ချွေးထွက်များတော့ နှာတွေပါစေးတာကြောင့် ညှပ်လိုက်တာလို့ ဆိုပါတယ်။

“ကျနော်အပြင်တွေသွားတယ်။ သီချင်းတွေ လုပ်တယ်။ ကျနော့် ပရိသတ်တွေနဲ့ ထိတွေ့ခွင့်တဲ့အခါ အရင်လို မဟုတ်တော့ပဲ လေးလေးစာစားနဲ့ ဆက်ဆံလာကြတယ်။ သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းတော့ ပရိသတ်တွေက ပိုပြီးသဘောကျကျ တယ်။ ဆံပင်ရှည်မထားတော့တာက အရှည်ထားရတာကြိုက်တယ်။ ထားချင်တယ်။ ဘာလို့ မထားတော့တာလဲဆို ချွေးထွက်များတော့ တခါတလေ နှာတွေ ဘာတွေစေးတယ်။ အဲ့လိုတွေဖြစ်တာ များလာတော့ မဖြစ်တော့ဘူး ဆိုပြီး ညှပ်လိုက်တာပါ”လို့ နောနော်က ပြောပါတယ်။

နောနော်ဟာ ၂၀၀၁ ခုနှစ်ကတည်း သီချင်းတွေ ကိုယ်တိုင်ရေးသားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ပထမဆုံး တကိုယ်တော် စီးရီးခွေ “အတိုင်းထက်အလွန်” စီးရီးကို ထွက်ရှိခဲ့ပါတယ်။

အဲဒီသီချင်းနဲ့ပဲ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး မြန်မာတပြည်လုံး အတိုင်းအတာ ပေါက်မြောက် အောင်မြင်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်တဲ့ အနုပညာရှင်များအနေနဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊ မေခလာတို့ပြီးရင် အလှကုန်ပစ္စည်း ထုတ်လုပ်လိုက်သူကတော့ အဆိုတော် နောနော်ပဲ ဖြစ်ပါတယ်။

The post “အမျိုးသားသုံး မျက်နှာသစ်ဆေး” ထုတ်လုပ်လိုက်တဲ့ အဆိုတော် နောနော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...