Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြန်မာပြည် Underground Hip Hop လောကမှ “အကုသိုလ်” Mixtape အခွေအကြောင်း

$
0
0

Hip Hop ဂီတဟာ လူငယ်တွေကြားမှာ အလွန် ရေးပန်းစားတဲ့ ဂီတအမျိုးအစား တခုဖြစ်ပြီး သေချာ နားမထောင်ဖူးတဲ့ လူတွေအတွက်တော့ အမြင်ကြည်စရာ သိပ်မရှိတဲ့ ဂီတအမျိုးအစား တခုပါ။ မြန်မာပြည်မှာ Hip Hop ဂီတရေစီးကြောင်း ဖြစ်ပေါ်လာခဲ့တာ နှစ် ၂၀ ကျော် သက်တမ်းရှိပြီလို့ ဆိုရပါမယ်။ ဒါပေမဲ့ ပရိသတ်ရှေ့ကို စစ်မှန်တဲ့ Hip Hop သီချင်းတွေကို သီဆိုပြီး ရောက်လာသူတွေက မရှိသလောက် ရှားလွန်းတာကို တွေ့မြင်ရမှာပါ။

လူကြီး လူငယ်မရွေး သွားလာနေတဲ့ လမ်းတွေမှာ တပါးသူရဲ့ ချစ်သူကို ခိုးယူချင်တဲ့ အကြောင်းတွေ၊ လူ့ကျင့်ဝတ်ကို ဖောက်ပြန်ဖို့ ဖိအားပေးနေတဲ့ သီချင်းတွေကသာ နေရာယူထားတာကို တွေ့မြင်နေရပါတယ်။ တကယ်တော့ Hip Hop ဂီတဆိုတာ အဲဒီအရာတွေထက် အများကြီး ပိုမို လေးနက်ကြောင်းကို သီဆိုပြသနေတဲ့ လူငယ်တွေကတော့ နေရာတခုကို ရောက်မလာကြပါဘူး။

ဒီလိုရောက်မလာတဲ့ လူငယ်တွေဟာ Underground လို့ ခေါ်တဲ့ အကန့်အသတ်တခုမှာ ချို့ချို့တဲ့တဲ့နဲ့ မိမိယုံကြည်ရာကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ Mixtape လို့ ခေါ်တဲ့ ခွေကြမ်းတွေကို ဝေလေ့ရှိပါတယ်။ ဒီခွေကြမ်းကို သူတို့ဟာ အခငွေကြေး မယူဘဲ ဝေပြီး နေရာတခုရအောင် ကြိုးစားလေ့ရှိကြပါတယ်။

ဒီတခါမှာ “T+I+B (Time Is Bars)” လို့ အမည်ရတဲ့ Underground Hip Hop အဖွဲ့ရဲ့ အဖွဲ့ဝင် တဦးဖြစ်တဲ့ ဇော်ဗိုလ် ရဲ့ မကြာသေးခင်က ထွက်ရှိထားတဲ့ “အကုသိုလ်” ဆိုတဲ့ Mixtape နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇော်ဗိုလ်ဟာ တွံတေးမြို့ကနေ ရန်ကုန်ကို လာရောက်နေထိုင်ပြီး သီချင်းတွေ လုပ်နေတဲ့ လူငယ်တယောက်လည်း ဖြစ်ပါတယ်။

ဒီ Mixtape အခွေမှာ သီချင်းစုစုပေါင်း ၈ ပုဒ် ပါဝင်ပါတယ်။ ဒီ Mixtape ကို လုပ်ဖြစ်တဲ့ အကြောင်းအရင်းနဲ့ အခက်အခဲတွေကို ဧရာဝတီ သတင်းဌာနမှ အခုလိုပဲ သွားရောက်မေးမြန်းခဲ့ပါတယ်။

မေး။ ။ Mixtape ကို ဘာကြောင့် ထုတ်ဖြစ်ခဲ့တာလဲ။

ဖြေ။ ။ အခွေလုပ်ဖြစ်ပုံကို ပြောရမယ်ဆိုရင် T+I+B ဆိုတာကနေ စမှရမယ်။ ကျနော် တယောက်တည်း သီချင်းတွေလုပ်နေရင်း Trigger နဲ့ ရင်းနှီးခဲ့ပါတယ်။ Trigger က ကြည့်မြင်တိုင်မှာ နေတာဖြစ်လို့ သူ့အပိုင်းထဲက လူတွေဆီကို ခေါ်သွားပေးတာကြောင့် သီချင်းတွေတီးတဲ့ A-LvL (ကိုကောင်းမှု) ဆီမှာ တီးလုံးတွေ အပ်ပြီး ကျနော် တယောက်တည်း ဆက်လုပ်ဖြစ်နေရင်း Reddish နဲ့ ထပ် ခင်မင်ခဲ့ရာကနေ အဖွဲ့ဖွဲ့ဖြစ်ခဲ့တာပါ။

သူတို့နဲ့ သီချင်းတွေ လုပ်ရင်း ကျနော် တယောက်တည်း သီချင်းတွေ လုပ်ရင်းနဲ့ ၃ နှစ်၊ ၄ နှစ်လောက်ကြိုးစားပြီးတဲ့နောက် ကျနော့်ရဲ့ Mixtape ကို တည်ဖြစ်သွားတာပါ။ အဓိက အရှိန်တင်တွန်းအားပေးခဲ့တာကတော့ T+I+B ပါပဲ။

မေး။ ။ Mixtape နာမည်ကို ဘာလို့ “အကုသိုလ်”လို့ နာမည်ပေးဖြစ်ခဲ့တာလဲ။

ဖြေ။ ။ ဒီစကားက လူတွေကြားထဲမှာ အမြဲတမ်းလိုလို ကြားနေရတဲ့ စကားလုံး တခုပဲလေ။ ဥပမာဗျာ လူတယောက်က သူစိတ်တိုင်း မကျတဲ့သူ၊ သူ့ကို ကောင်းကျိုးမပေးတဲ့ သူကို “အကုသိုလ်ကောင်” လို့ သုံးတတ်ကြတယ်။ ကျနော် ကိုယ်တိုင်လည်း ခဏခဏ အပြောခံဖူးတယ်။ အဲဒီအတွက် ကျနော့်ရဲ့ တသီးပုဂ္ဂလ ခံစားချက်တခုအနေနဲ့ ပေးဖြစ်ခဲ့တာပါ။

မေး။ ။ ခွေ မထုတ်ခင် ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရလဲ။

ဖြေ။ ။ အခက်အခဲဆိုရင်တော့ ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ ကျနော် ကိုယ်တိုင်က တကယ် စိတ်ထဲက ရူးသွပ်လို့ ဒီ Rap တွေကို ရွတ်နေတာ။ ဒါတွေက ကျနော့် အတွက် စိတ်ထွက်ပေါက်ဖြစ်နေတော့ အခက်အခဲလို့ မမှတ်ယူပါဘူး။ အဲတော့ ခက်ခဲလည်း ကျော်ဖြတ်ရမှာပဲ။ မလုပ်နိုင်ရင်သာ ရှုံးတယ်လို့ တွက်ထားတာဆိုတော့ အခက်အခဲဆိုတဲ့ ကောင်ကြီးနဲ့ ကြုံရင် စိတ်ဓာတ်ကျဖို့ထက် နည်းစနစ်ကျကျနဲ့ ဖျက်စီးနိုင်ဖို့ကို ပိုပြီး ကြိုးစားရမှာပဲလေ။

“T+I+B (Time Is Bars)” အဖွဲ့မှ အဖွဲ့ဝင် ဇော်ဗိုလ်

မေး။ ။ လက်ရှိ မြန်မာနိုင်ငံက Hip Hop လောကကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျနော် ကိုယ်တိုင်က ဘာကောင်ကြီးမှ မဟုတ်သေးတော့ အဲဒါကို ပြောဖို့က လိုပါသေးတယ်။ ဒါပေမဲ့ ကျနော် သိသလောက်နဲ့ ကျနော် တယောက်တည်းရဲ့ အမြင်ကို ပြောရမယ်ဆိုရင် ဒီနိုင်ငံမှာ ထုတ်ကုန်တခုက လူသုံးများဖို့ လူကြိုက်များဖို့ ဆိုတာ တခုတည်း အတွက် အရည်အသွေးအစစ်တွေ ပျက်ခဲ့ရပေါင်းလည်း များနေပါပြီ။ အဲ့တော့ ကိုယ်ဖန်တီးတဲ့ အရာတိုင်း၊ ထုတ်ကုန်တိုင်းကို စနစ်တကျနဲ့ စည်းထားပြီး လူကြိုက်အောင်လုပ်မယ် ဆိုရင်တော့ ပိုမိုကြီးမြတ်လာမှာပဲလို့ မြင်ပါတယ်။

မေး။ ။ ရန်ကုန်က မဟုတ်ဘဲ ရန်ကုန်မှာ တိုးရတဲ့ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။

ဖြေ။ ။ ကျနော်က ကျနော်ကြိုက်လို့ ကျနော် လုပ်နေတာလေဗျာ။ အရင်တုန်းကလို သမဝါယမ ဆိုင်မှာ ကုန်ပစ္စည်းကို တိုးပြီး ဝယ်နေတာမှ မဟုတ်တာ။ သူများတွေကို ကြည့်ပြီး ငါနေရာ လုမယ်၊ တိုးမယ်ဆိုတဲ့ စိတ်မပြောနဲ့။ သူများတွေလို ငါဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးတောင် မရှိဘူး။ ကျနော့်ရဲ့စိတ်ထဲမှာတော့ ကိုရဲကြီး (Bigg-Y) ပြောသလိုပဲ ပရိသတ်လက်ခံတဲ့ အတိုင်းအတာတခုထိ လိုချင်တဲ့ စိတ်တော့ ရှိပါတယ်။

ကျနော်က ဘော်ဒါတိုင်း၊ မိတ်ဆွေတိုင်းကို စေတနာထားတယ်။ ကျနော်နဲ့ အဆင်မပြေဘူးဆိုတာကလည်း မရှိသလောက်ပါပဲ။ ဒါကြောင့်ပဲ အခု Mixtape ကိုလည်း စေတနာရောင်ပြန်ဟပ်ပြီး အဆင်ပြေပြေ ထုတ်နိုင်ခဲ့ပါတယ်။

မေး။ ။ ရှေ့ဆက်ပြီး လုပ်မယ့် ရည်ရွယ်ချက်တွေက ဘာတွေ ဖြစ်မလဲ။

ဖြေ။ ။ စိတ်ကူးနဲ့ လုပ်ချင်တာတွေကတော့ အများကြီးပဲ။ အကုသိုလ်တွေ ပေးပြီးသွားပြီ ဆိုပေမယ့် ဒီထက်ပိုမိုက်တဲ့ အသစ်တခုကို ထပ်ပေးဖို့တော့ ကျန်နေသေးတယ်။ အဲဒါက ဘာလဲဆိုတာတော့ မပြောသေးဘူး (ရယ်လျက်)။

ဇော်ဗိုလ်ရဲ့ “အကုသိုလ်” Mixtape အခွေကို နားထောင်ချင်တယ်ဆိုရင်တော့ Joox Music Application မှာ ဝင်ရောက် နားထောင်နိုင်ပါတယ်။ ။

The post မြန်မာပြည် Underground Hip Hop လောကမှ “အကုသိုလ်” Mixtape အခွေအကြောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...