Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ယနေ့ထိ အဖြေရှာ မရသေးတဲ့ ကမ္ဘာကျော်တို့ရဲ့ သေဆုံးခြင်းများ

$
0
0

ခေတ်အဆက်ဆက်မှာ သာမန်ထက် ထူးကဲပြီး ကျော်ကြားခဲ့သူတွေဟာ သူတို့နေထိုင်ရတဲ့ ဘဝကို အလိုမကျတာတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့် မိမိကိုယ်ကို သတ်သေတာတွေ ပြုလုပ်တတ်ကြပြီး သတ်သေရတဲ့ အကြောင်းတွေကိုတော့ ပရိသတ်တွေက မသိရပါဘူး။

တချို့တွေရဲ့ အယူအဆတွေကတော့ မနာလိုတဲ့သူတွေ လက်ချက်နဲ့ သေသွားကြတာ ဖြစ်နိုင်တယ်လို့လည်း တွေးကြ ပါတယ်။ ယနေ့ထိ အဖြေရှ ာမရသေးတဲ့ ကမ္ဘာကျော်အချို့ရဲ့ သေဆုံးမှုတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Marilyn Monroe

၁၉၆၂ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတပုဒ်ကြောင့် တကမ္ဘာလုံး အံ့သြခဲ့ရပါတယ်။ အဲဒီသတင်းကတော့ အသက် ၃၆ နှစ်အရွယ် မင်းသမီး မွန်ရိုး နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိတယ် ဆိုတာပဲ ဖြစ်ပါတယ်။

ရဲတွေကတော့ မူးယစ်ဆေးလွန်ပြီး သေဆုံးတယ်လို့ ထွက်ဆိုထားပါတယ်။ ဒါပေမဲ့ ဒီလို သေအောင် မူးယစ်ဆေးကို အလွန်အကျွံလုပ်တာ ဖြစ်နိုင်တယ်လို့လည်း ဝေဖန်ကြပါတယ်။ ဒါပေမယ့် သူမက ဘာလို့ ကိုယ့်အသက်ကို သေနိုင်တဲ့အထိ မူးယစ်ဆေးဝါး သုံးစွဲခဲ့တယ် ဆိုတာကိုတော့ ဘယ်သူမှ မသိပါဘူး။

(၂) Thelma Todd

 

မင်းသမီး Thelma Todd ကိုတော့ ၁၉၃၅ ခုနှစ်မှာ သူမရဲ့ ကားအတွင်း သေဆုံးနေတာကို ရဲတွေက တွေ့ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးချိန်မှာ အသက် ၂၉ နှစ်သာ ရှိသေးတဲ့ မင်းသမီးကို အောက်ဆီဂျင် ပြတ်တောက် သေဆုံးတယ်လို့ သက်ဆိုင်ရာက အတည်ပြုခဲ့တဲ့အပြင့် သူမရဲ့ လည်ပင်းမှာ ညှစ်ရာတွေ့တယ်လို့ ဆိုပါတယ်။

တရားခံအဖြစ် သူမရဲ့ ခင်ပွန်းဟောင်း ၊ လက်ရှိချစ်သူ အပါအဝင် သူမ ပတ်သက်ခဲ့တဲ့ ဂိုဏ်းခေါင်းဆောင်စတဲ့ ၃ ဦးကို သံသယရှိခဲ့ပေမယ့် အမှုဟာ အဖြေ မပေါ်ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

(၃) Tupac Shakur

 

ကမ္ဘာကျော် အမေရိကန်ရက်ပါ Tupac ကတော့ ၁၉၉၆ ခုနှစ်မှာ လော့အိန်ဂျလိစ်မြို့က လက်ဝှေ့ပွဲ တခုက အပြန် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ သူရဲ့ သေဆုံးမှုအတွက် ပရိုဂျူဆာ Puff Daddy နဲ့ ခေတ်ပြိုင်ရက်ပါဖြစ်သူ Notorious B.I.G ကို သံသယ ရှိခဲ့ပေမယ့် Notorious B.I.G ဟာလည်း Tupac သေဆုံးပြီး ခြောက်လအကြာမှာ အသတ်ခံခဲ့ရတာကြောင့် အမှုပိတ်သွားခဲ့ပါတယ်။

Tupac ရဲ့ သေဆုံးမှုဟာ ယနေ့ အထိ ဟစ်ဟော့ကို နှစ်သက်သူတွေကြား လက်ခံပေးလို့မရတဲ့ ပုစ္ဆာတပုဒ် ဖြစ်နေပါသေးတယ်။

(၄) Elizabeth Short

 

အသက် ၂၂ နှစ်အရွယ် မင်းသမီး Elizabeth Short ဟာ လော့အိန်ဂျလိစ်မြို့က ပန်းခြံတခုမှာ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ပြီး သေဆုံးနေတာကို ၁၉၄၇ ခုနှစ်က တွေ့ရှိခဲ့ပါတယ်။ သူမ အသတ်ခံရမှုမှာ သက်သေ အနည်းငယ်သာ ရှိခဲ့ပြီး ရှိခဲ့တဲ့ သက်သေတွေဟာလည်း တဖြည်းဖြည်းပျောက်ဆုံးလာခဲ့ပါတယ်။ ဒါကြောင့် အမှုပိတ်သွားပြီး ယနေ့ အထိ L.A ရဲစခန်းရဲ့ အကြာမြင့်ဆုံး အမှုအဖြစ် တည်ရှိနေပါတယ်။

(၅) George Reeves

 

 

၁၉၅၀ နှစ်များမှာ စူပါမန်းဇာတ်လမ်းတွဲကို သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Reeves ဟာ အသက် ၄၅ နှစ်အရွယ်မှာ ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ နေအိမ်မှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ သေဆုံးမှုကို သက်ဆိုင်ရာက မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လို့ သတ်မှတ်ခဲ့ပေမယ့် ပရိသတ်တွေကတော့ သတ်ခံရတယ်လို့ ယုံကြည်ထားကြပါတယ်။

သေဆုံးမှုဖြစ်ချိန်မှာ သူ့သူငယ်ချင်း ၃ ဦးနဲ့ သူ့ရဲ့ ဇနီးလောင်းလည်းတူတူ ရှိနေတာဖြစ်လို့ ပူပေါင်းကြံစည်မှု ဖြစ်တယ်လို့ ယုံကြည်သူတွေလည်း ရှိနေပါတယ်။

Ref ; lifehacks.com

The post ယနေ့ထိ အဖြေရှာ မရသေးတဲ့ ကမ္ဘာကျော်တို့ရဲ့ သေဆုံးခြင်းများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...