Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တတိယမြောက် မင်္ဂလာပွဲကို ခမ်းနားစွာ ကျင်းပခဲ့တဲ့ Ranveer Singh နဲ့ Deepika Padukone

$
0
0

ဘောလိဝုဒ်အကျော်အမော်တွေဖြစ်ကြတဲ့ Ranveer Singh နဲ့ Deepika Padukone တို့ဟာ သူတို့နှစ်ဦးရဲ့ တတိယမြောက် မင်္ဂလာဧည့်ခံပွဲကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၈ ရက်နေ့၊ မွမ်ဘိုင်းမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဧည့်သည်တော် စာရင်းမှာတော့ မင်းသားရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ မီဒီယာနဲ့ စက်မှုလုပ်ငန်းရှင် တချို့လည်း ပါဝင်ကြတာတွေ့ရပါတယ်။ ဧည့်ခံပွဲပြီးတဲ့နောက်မှာ သူတို့စုံတွဲနှစ်ဦးဟာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ အတူ ပါတီပွဲတခုကိုလည်း ကျင်းပခဲ့ပါတယ်။

လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ မျှဝေခဲ့ကြတဲ့ ဗီဒီယိုတွေထဲမှာဆိုရင်တော့ သူတို့နှစ်ဦး ပါတီပွဲကို ကျင်းပနေပုံကို မြင်တွေ့ရပါတယ်။

ဗီဒီယိုတခုမှာဆိုရင်တော့ “Simmba” ရုပ်ရှင်မင်းသား Ranveer ဟာ သူ့ရဲ့ ကိုယ်ပိုင်ပါတီမှာ ဒီဂျေတဦးအနေနဲ့ ဆောင်ရွက်ခဲ့ပြီး တော်တော်လေးကို တက်တက်ကြွကြွ ရှိခဲ့တာကို မြင်တွေ့ရတယ်။ မိတ်ကပ်ဒီဇိုင်နာ Priyanka Gupta ဝေမျှထားတဲ့ တခြားဗီဒီယိုတခုမှာဆိုရင်တော့ မင်းသား Ranveer ဟာ တော်တော်လေးကို ပျော်ရွှင်မြူးထူးနေတာကို တွေ့ရပြန်ပါတယ်။

ဘောလိဝုဒ် အကျော်အမော် နှစ်ဦးဖြစ်တဲ့ သူတို့နှစ်ဦးဟာ ဧည့်ခံပွဲပြီး ပါတီမှာ တော်တော်လေးကို ပျော်ရွှင်နေခဲ့ကြတာက မုဒိတာပွား ပီတီဖြစ်ဖွယ်ကောင်းပါတယ်။

တက်ရောက်လာတဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ရုံသာမက သူတို့နှစ်ဦးဟာ ပါပါရာဇီတွေအတွက် ဓာတ်ပုံ အရိုက်ခံခဲ့ကြပြီး နှစ်ဦးရဲ့ ချစ်စဖွယ် ကိုယ်နေဟန်ထားလေးတွေကိုလည်း ပြသပေးခဲ့ပါတယ်။ မင်းသား Ranveer ဟာ ဇနီးဖြစ်သူ Deepika ရဲ့လက်လေးကို တယုတယ နမ်းနေတာမျိုးကိုလည်း တွေ့ခဲ့ရပါတယ်။

သူတို့နှစ်ဦးရဲ့ နောက်ဆုံးမင်္ဂလာဧည့်ခံပွဲကို လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီပွဲမှာဆိုရင်တော့ အိန္ဒိယရုပ်ရှင်လုပ်ငန်းထဲက နာမည်ကျော်ကို ဖိတ်ကြားမယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တုန်းက အီတလီနိုင်ငံမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Ref: indianexpress

The post တတိယမြောက် မင်္ဂလာပွဲကို ခမ်းနားစွာ ကျင်းပခဲ့တဲ့ Ranveer Singh နဲ့ Deepika Padukone appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...