Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Social Media တွေ အသုံးမပြုကြတဲ့ နာမည်ကျော် အနုပညာရှင်များ

$
0
0

နာမည်ကျော် အနုပညာရှင်အများစုဟာ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်နဲ့ အမြဲမပြတ် ထိတွေ့စေချင် တာကြောင့် Facebook, Instagram နဲ့ Twitter အစရှိတဲ့ Social Media တွေကို အသုံးပြုလေ့ရှိကြပါတယ်။

အခုဖော်ပြပေးမယ့် နိုင်ငံတကာ နာမည်ကြီး အနုပညာရှင်တွေဟာဆိုရင် Social Media တွေကို လုံးဝ အသုံးမပြုကြသူတွေပဲ ဖြစ်ပါတယ်။

(၁) Jennifer Lawrence

ဟောလိဝုဒ်စတားတဦးဖြစ်တဲ့ မင်းသမီးချော Jennifer Lawrence ကတော့ “ကျမ အနေနဲ့ Twitter, Facebook, Instagram အစရှိတာတွေကို အသုံးပြုလေ့ မရှိပါဘူး။ တကယ်လို့ ပရိသတ်တွေအနေနဲ့ Social Media တွေမှာ ကျမ ပုံတွေနဲ့ လှုပ်ရှားမှုတွေကို တွေ့မြင်ခဲ့မယ်ဆိုရင်လည်း ဒါဟာ ကျမ အသုံးပြုနေတာ မဟုတ်ဘူးလို့ ပြောပါရစေ” လို့ အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။

(၂) Scarlett Johansson

ဝင်ငွေအကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်တွေစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေတဲ့ သူမကတော့ “ကျမမှာ Facebook နဲ့ Instagram စတဲ့ Account တွေ မရှိပါဘူး။ ရင်းနှီးရသူတွေနဲ့ မိသားစုဆီကို စာပို့ဆက်သွယ်ချင်တဲ့ အခါမျိုးတွေမှာလည်း Mail ကနေတဆင့်ပဲ ဆက်သွယ်လေ့ရှိပါတယ်” လို့ The Huffington Post နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

(၃) Daniel Radcliffe

ဟယ်ရီပေါ်တာ မင်းသားရယ်လို့ လူသိများကြတဲ့ မင်းသား Daniel Radcliffe ဟာဆိုရင်လည်း “Social Media တွေဟာ လူအများစုအတွက်တော့ အရေးပါကောင်း ပါနိုင်ပေမယ့် ကျနော့်အတွက်တော့ အရေးတကြီး အသုံးပြုစရာ လိုအပ်တယ်လို့ မထင်မိပါဘူး” လို့ နယူးယော့ခ်တိုင်းမ် သတင်းစာမှာ ဖြေကြားသွားခဲ့ပါတယ်။

(၄) Benedict Cumberbatch

ရှားလော့ ဇာတ်လမ်းတွဲတွေရဲ့ နာမည်ကြီးမင်းသားချော Bendict ကတော့ “Social Media တွေကို ကောင်းကောင်းလည်း မသုံးတတ်သလို ဒါတွေကို အသုံးပြုပြီးတော့ ဖြစ်လာမယ့် ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေမယ်လို့ ထင်ပါတယ်” ရေဒီယို အသံလွှင့် အစီအစဉ်တခုမှာ ဖြေကြားသွားခဲ့ဖူးပါတယ်။

(၅) Bradely Cooper

မင်းသားချော Bradely Cooper ဟာဆိုရင်လည်း Social Media တွေမှာ သူ့ပုံတွေအသုံးပြုပြီး ရှိနေကြတဲ့ Account တွေဟာ သူကိုယ်တိုင်သုံးစွဲတာ မဟုတ်တဲ့အပြင် လူမှုကွန်ရက်တွေကိုလည်း သူ့အနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ဘူးလို့ ဆိုပါတယ်။

Ref: www.cheatsheet.com

The post Social Media တွေ အသုံးမပြုကြတဲ့ နာမည်ကျော် အနုပညာရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)