Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပြည်တွင်းက ဂီတသမားတွေကိုလည်း အားပေးစေချင်တဲ့ ရေမွန်

$
0
0

အဆိုတော် ရေမွှန်က သီချင်းသစ်တွေ ထွက်ဖို့ပြင်ဆင်နေသလို ဂီတနဲ့ ပတ်သက်တဲ့ ကျောင်းတက်ဖို့ရှိတယ်လို့ မီဒီယာတွေကို ပြောပါတယ်။ အဆိုတော် ရေမွန်က နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ ဂီတနဲ့ ပတ်သက်ပြီး ကျောင်းသွားတက်မှာ ဖြစ်ပါတယ်။

“တတိယခွေလေးထွက်ဖို့ လုပ်နေတယ်။ ရေးရင်းတီးရင်း လုပ်နေတယ်။ သြင်္ကန် မတိုင်ခင်လောက်တော့ ထွက်ဖို့ လုပ်နေတယ်။ သီချင်းပုံစံတွေကတော့ ကွဲနေမှာပါ။ ပြီးရင်ကျောင်းသွားတက်ဖို့ ရှိတယ်။ ဂီတနဲ့ ပတ်သက်တဲ့ကျောင်း သွားတက်မှာပါ။ EDM က နိုင်ငံတကာမှာလည်း အရမ်းခေတ်စားတယ်။ ဒီမှာလည်း သွားကြတယ်”

“Local Artist တွေကိုလည်း အားပေးစေချင်တယ်။ ကျနော် Local Artist ဖြစ်နေလို့ပြောတာမဟုတ်ဘူး။ ဘောလုံးပွဲကြည့်သလိုပဲပေါ့။ ကိုယ့်မြန်မာပွဲဆို မြန်မာတွေကြည့်ချင် ကြတယ်။ ဂီတလောကမှာလည်း ကိုယ့်မြန်မာ အချင်းချင်းကို အားပေးစေချင်တယ်”လို့ ရေမွန်က ဆိုပါတယ်။

ပြည်ပက အနုပညာရှင်များ ပြည်တွင်းမှာ လာရောက် ဖျော်ဖြေကြမှုအပေါ်ကိုလည်း အဆိုတော်ရေမွန်က သူရဲ့ အမြင်ကို အခုလိုဆိုပါတယ်။

“နိုင်ငံခြားက အနုပညာရှင်တွေ လာဆိုကြတယ်။ သူတို့ကို ဒေါ်လာသိန်းနဲ့ချီ ပေးရတယ်။ ပြီးတော့ သူတို့ပြန်သွားရတယ်။ ဒီက အဆိုတော်တွေကြတော့ မြန်မာငွေ သိန်း သုံးလေးဆယ်နဲ့ အားစိုက်ထုတ်ထားပြီး ရရှိသင့်သလောက် မရရှိကြဘူး။ ကျနော်တို့ ပွဲဈေးဆိုရင် ၃ထောင် ထားပါလား။ ၄ ထောင်ထားပါလားနဲ့ စစ်ကြတယ်”

“EDM ပွဲ ၂သောင်းတို့ ၃သောင်းတို့ သူတို့ ဝယ်ကြတယ်။ ကျနော်တို့ Local artist လေးတွေကို သနားကြပါလို့။ ပွဲမလုပ်ဖြစ်တာက ပွဲလုပ်ရင် လူမလာဘူး။ ရှုံးတယ်။ အဲ့တော့ ပွဲလုပ်မယ့်သူ မရှိတော့ ပွဲတွေ မကြည့်ရတော့ဘူးပေါ့”လို့ ရေမွန်က ပြောပါတယ်။

Idiot အဖွဲ့ဟာ အခုဆိုရင် ရော့ခ်ဂီတ မျိုးဆက်သစ်အဖွဲ့ အနေနဲ့ ၁၃ နှစ်ကြာ ရပ်တည်လာတဲ့ အောင်မြင်နေတဲ့ ဂီတသမားတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ တေးသီချင်းတိုင်းကလည်း ယနေ့ခေတ် လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားပါတယ်။ ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မယ့် Myanmar Music Wave 2018 ပွဲမှာလည်း Idiot အနေနဲ့ ပါဝင်ဖျော်ဖြေသွားမှာပါ။ Idiot အဖွဲ့ရဲ့ Music Video ကိုလည်း ဒီဇင်ဘာလအတွင်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

The post ပြည်တွင်းက ဂီတသမားတွေကိုလည်း အားပေးစေချင်တဲ့ ရေမွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...