Marvel ရုပ်ရှင်တွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေဖြစ်ပေမယ့် ပရိသတ်တွေကတော့ သူတို့ချစ်မြတ်နိုးတဲ့ ဇာတ်ကောင်တွေ သေဆုံးမယ့်အရေးကနေ ကယ်တင်ပေးဖို့ အမေရိကန်အမျိုးသား လေကြောင်းနှင့် အာကာသဆိုင်ရာ အေဂျင်စီ နာဆာထံ အကူအညီတောင်းဆိုတာတွေ ရှိခဲ့ပါတယ်။
မကြာသေးခင်တုန်းကပဲ “Avengers: Endgame” ရုပ်ရှင်ရဲ့ ပထမဆုံးအမြည်းဗီဒီယိုထွက်ရှိလာခဲ့ပြီး အဲဒီဗီဒီယိုထဲမှာ Tony Stark (မင်းသား Robert Downey Jr.) ဟာ အာကာသထဲမှာ လွင့်မျောနေပြီး အစာရေစာနဲ့ အောက်ဆီဂျင် ပြတ်လပ်နေခဲ့ပါတယ်။
အဲဒီအမြည်းဗီဒီယိုကြည့်ရှုခဲ့ပြီးတဲ့နောက်မှာတော့ ပရိသတ်အချို့က လူမှုကွန်ရက်မီဒီယာကနေ တဆင့် နာဆာကို ဆက်သွယ်ပြီး Tony သို့မဟုတ် Iron Man ကို ကယ်ဆယ်ပေးဖို့ တောင်းဆိုခဲ့ကြရတာဖြစ်ပါတယ်။
အဲဒီ့အခါ နာဆာဘက်ကလည်း ပရိသတ်တွေထံ ဟာသနှောပြီး ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ နာဆာက Tony ကိုကယ်ဆယ်ဖို့ သီအိုရီပိုင်းအရ တတ်စွမ်းသလောက် ကယ်ဆယ်ဖို့ ကြိုးစားသွားမယ့်အကြောင်း Twitter အကောင့်မှာ ဖော်ပြရေးသားခဲ့ပါတယ်။
နာဆာက “Marvel ရေ။ ကျနော်တို့ Tony Stark ရဲ့အကြောင်းကို ကြားထားပါတယ်။ ကျနော်တို့ သိထားတဲ့ အတိုင်းပဲ Avengers တွေအတွက် မစ်ရှင်ထိန်းချုပ်မှုနဲ့ ပတ်သက်လို့ ပထမဆုံး လုပ်နိုင်တဲ့အရာကတော့ ပြဿနာရှိနေပါတယ်”
“ ဒါပေမယ့် သူက မဆက်သွယ်နိုင်ဘူးဆိုရင် မြေပြင်အဖွဲ့တွေကို ပျောက်နေတဲ့ အမျိုးသားအတွက် ကောင်းကင်ယံကို ထောက်လှမ်းရေး ပစ္စည်းအားလုံးအသုံးပြုသွားဖို့ ထောက်ခံချက်ပေးထား ပါတယ်” လို့ အရွှန်းဖောက်ပြီး ပြန်လည် ပြောဆိုခဲ့ပါတယ်။
ဗီလိန်ကြီး Thanos ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ကျန်ရှိတဲ့ Avengers အဖွဲ့တွေနဲ့ အချိန်မီပူးပေါင်းနိုင်ရေးအတွက် ကမ္ဘာဆီသို့ ပြန်နိုင်ပါ့မလားဆိုတာ မရှင်းလင်းသေးပါဘူး။
အဲဒီ့ရုပ်ရှင်ရဲ့ အမြည်းဗီဒီယိုကို ဖြန့်ချိပြီး ၂၄ နာရီအတွင်း ကြည့်ရှုသည့် အကြိမ်အရေအတွက် စံချိန်တင်ခဲ့သည့်အတွက် ပရိသတ်များ၏ စိတ်အား ထက်သန်မှုကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။ ယင်းရုပ်ရှင်အသစ်ကို လာမယ့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ပြသမည်ဟု သိရသည်။
Ref: aceshowbiz
The post Iron Man ကို ကယ်တင်ပေးရန် တောင်းဆိုနေသူများကို NASA တုံ့ပြန်ပြောဆို appeared first on ဧရာဝတီ.