Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အကယ်ဒမီကို အရမ်း မမျှော်လင့်ထားပါဘူးလို့ ဇဏ်ခီပြော

$
0
0

သရုပ်ဆောင် ဇဏ်ခီ ရဲ့ “ဥပါယ်တံမျဉ်” ၊ “မုဒြာခေါ်သံ”ရုပ်ရှင် နှစ်ကားဟာ အကယ်ဒမီ ဇာတ်ကားစာရင်းထဲမှာ ပါတဲ့အတွက် ပရိသတ်တွေက ဇဏ်ခီကို အကယ်ဒမီ မှန်းနေပေမယ့် ဇဏ်ခီက အကယ်ဒမီကို အရမ်းမမျှော်လင့်ထားပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ ဇာတ်ကား ၂ ကား အကယ်ဒမီစာရင်းဝင်ပေမယ့် အရမ်း မမျှော်လင့်ထားပါဘူး။ ကားကောင်းတွေကလည်း များတယ်လို့ကြားတယ်။ တော်တော်လည်း အားလုံးကြိုးစားထားကြတယ်။ ကျနော်တို့ ဇာတ်ကား စရိုက်ကတည်းကလည်း ဘာဆုရရမယ် ဆိုပြီး မရှိဘဲ အကောင်းဆုံး ကြိုးစားကြတာပေါ့”

“ကျနော်တို့ အခုရိုက်မယ့် Now & Ever လည်း အဲ့လိုပဲ အကောင်းဆုံးကြိုးစားပြီး ရိုက်မယ်။ ဘာဆုမှ မမျှော်လင့်ထားဘူး။ ပရိသတ်ကြိုက်ရင် ကျေနပ်တယ်။ ဆုပေးရင်တော့ ဆုက တကယ်တမ်းတော့ လူတဦးတယောက်ကို ပေးတာထက် လမ်းကြောင်းတခုကို မီးမောင်းထိုးပြတာဖြစ်တဲ့အတွက် သူတို့ ဘယ်လမ်းကြောင်းကို မီးမောင်းထိုးမလဲ ကျနော်တို့ကြည့် ရမှာပေါ့။ ကျနော်လည်း အသစ်ဆိုတော့ ဘာဆုမှ မမှန်းထားပါဘူး။ ကျနော့်ပရိသတ်တွေ အရမ်းမမျှော်လင့်ကြပါနဲ့”လို့ ဇဏ်ခီက ပြောပါတယ်။

ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့နှစ်ဦးဟာ တတိယမြောက်ကားဖြစ်တဲ့ “Now & Ever ” (ထာဝရနှောင်ကြိုး) ရုပ်ရှင်ကားကြီးကို ရိုက်ကူးဖို့ ပြင်ဆင်နေပြီး ဇာတ်ကားကောင်းတကား ထွက်ဖို့ အချိန်ယူရကြောင်း ဇဏ်ခီက ဆိုပါတယ်။ အဲဒီကားကို ဒါရိုက်တာ ခရစ္စတီနားခီ ရိုက်ကူးပြီး ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဇဏ်ခီဟာ လက်ရှိမှာ အောင်မြင်တဲ့ မင်းသားတယောက်ဖြစ်နေသလို ဇနီးဖြစ်သူ ခရစ္စတီးနားခီကလည်း အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာ တယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်လျှက် ရှိပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီစာရင်းမှာ “ဥပါယ်တံမျဉ်” ၊ “မုဒြာခေါ်သံ”ရုပ်ရှင် ဇာတ်ကားနှစ်ကား ပါဝင်နေပါတယ်။

The post အကယ်ဒမီကို အရမ်း မမျှော်လင့်ထားပါဘူးလို့ ဇဏ်ခီပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...