Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဆယ်လီဖြစ်ချင်လို့ ဝေဠုကျော်ကို တရားစွဲတာ မဟုတ်ဘူးလို့ ပြောတဲ့ အလှမယ် သင်းသင်း

$
0
0

လတ်တလောမှာ ပရဟိတ မင်းသား ဝေဠုကျော်ကို ချစ်သူဟောင်းဖြစ်သူ အလှမယ် သင်းသင်းက တရားစွဲဆိုမယ်ဆိုတဲ့ သတင်းများ ပျံ့နှံ့နေပြီး ဒါနဲ့ပတ်သက်လို့ သင်းသင်းက ဂုဏ်သိက္ခာအတွက် တရားစွဲဆိုမှာဖြစ်ပြီး ဆယ်လီ ဖြစ်ချင်လို့ မဟုတ်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ဂုဏ်သိက္ခာကျမှာပဲ ဆိုပြီး မှိန်းပြီးနေတဲ့အထဲမှာ ကျမ မပါပါဘူး။ ကျမက မဟုတ်မခံတဲ့ စိတ်နဲ့ လုပ်တယ်။ ကြိုက်တာ လုပ်ပါ။ သူတို့ပြောသလိုပဲ ငွေကြောင့်လား၊ ဘာကြောင့်လားဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ်။ ကျမဘယ်လို မိန်းမလဲဆိုတာ အဲဒါပဲပြောချင်ပါတယ်။ ပြောချင်တဲ့သူ ပြောပါ။ ဘယ်သူ့ကိုမှ မဝေဖန်ပါဘူး”လို့ ဝေဠုကျော်ကို တရားစွဲထားတဲ့ သင်းသင်းက ဧရာဝတီကို ပြောပါတယ်။

အလှမယ် သင်းသင်းက ဝေဠုကျော်နဲ့ ပတ်သက်ခဲ့တာ ၆ လကျော်၊ ၇ လနီးပါးရှိခဲ့ပြီဖြစ်ပြီး ဝေဠုကျော်ကို အခုချိန်မှာ ကာမလိမ်လည်မှုနဲ့ တရားစွဲမယ်လို့ သိရပါတယ်။ သင်းသင်းက Show ပွဲတွေ လျှောက်ဖြစ်နေပြီး မော်ဒယ်အလုပ်တွေ ပိုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

တရားစွဲရလောက်အောင် စိတ်နာကျည်းမိတဲ့အကြောင်းကိုလည်း သင်းသင်းက အခုလို ပြောပါတယ်။

“ပြောရရင်တော့ ကိုယ်နဲ့ လက်ရှိမှာတောင် မပြတ်သေးဘူး။ အတူတူ နေနေတယ်ကွာ။ အတူတူ သွားနေတယ်။ အဲဒါကြီးကို ကိုယ့်ကို လှည့်သွားတာ။ မျက်လှည့်လိုမျိုး လှည့်သွားတာ။ စကားများရန်ဖြစ်လို့ရှိရင် အကောင့်ကို Block မယ်။တဖက်မှာကျတော့ အားလုံးလည်းမြင်မှာပါ။ သူတင်နေတဲ့ အကောင့်တွေကို။ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ယုံအောင်ပြောတယ်။ အကြိမ်ရေများသွားတော့ စိတ်နာသွားတာပေါ့”လို့ သင်းသင်းက ပြောပါတယ်။

အခုလိုလုပ်တာဟာ ဆယ်လီဖြစ်ချင်လို့ ဆိုပြီး အများရဲ့ဝေဖန်ခံရတာနဲ့ပတ်သက်ပြီးလည်း သင်းသင်းက “ကျမက မိသားစုထဲမှ ာအကြီးဆုံးပါ။ မိဘနှစ်ပါးလည်း ရှိပါတယ်။ မွေးချင်းမောင်နှစ်မတွေကို လုပ်ကိုင်ကျွေးမွေးနေပါတယ်။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ ကိုယ့်ဘဝမှ ာလူတယောက်ကို သံယောဇဉ်ရှိလာရင် နွေးထွေးတဲ့မေတ္တာနဲ့ပဲ သွားတယ်။ ဝေဠုကျော်ဆိုတာ ပတ်သက်လာတာ နွေးထွေးတဲ့ ရင်ခွင်တစုံနဲ့ပဲ သွားခဲ့တာပါ။ ဘာအကန့်မှ မပါပါဘူး”

“သူသည် ပရဟိတ မှာပဲဖြစ်တယ်။ အသက်လည်း ၅၀ ကျော်နေပါပြီ။ မင်းသားလည်း မဟုတ်တော့ပါဘူး။ အားလုံးက ကျမ အခုလိုလုပ်တာ ဆယ်လီဖြစ်ချင်တာလားလို့ ပြောတယ်။ ဆယ်လီဖြစ်မယ့် နည်းလမ်းက ကိုယ့်သိက္ခာကို ချနင်းပြီးတော့ ကိုယ့်မှာလည်း ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်မွေးချင်း မောင်နှမဆိုတာ ရှိတယ်လေ။ အဲဒီသိက္ခာတွေ ရင်းပြီးတော့မှ ဆယ်လီဖြစ်အောင် လုပ်ရအောင်ကလည်း ကျမက ၁၅ နှစ်၊ ၁၆ နှစ် မဟုတ်တော့ဘူး”

“ကျမကားလည်း မစီးချင်ဘူး။ တိုက်နဲ့၊ ကားနဲ့လည်း မနေချင်ဘူး။ အဲဒီလိုနေချင်မှဖြင့်တော့ အခုလိုလည်း အရှက်ကွဲစရာ မလိုပါဘူးရှင်။ ဆယ်လီဖြစ်တာလည်း ကြာပါပြီ”လို့ သင်းသင်းက ဆိုပါတယ်။

အခုလိုပုဒ်မနဲ့ တရားစွဲတဲ့အပေါ်ဝေဠုကျော်ဘက်က တုန့်ပြန်တာနဲ့ပတ်သက်ပြီးလည်း သင်းသင်းက အခုလိုပြောပါတယ်။ “ဥပဒေဆိုတာကိုပဲ အရင်လေ့လာပါ။ ပြည့်တန်ဆာလိုမိ န်းမတောင်မှပဲ သူတို့မကြည်ဖြူရင် အမှုလုပ်လို့ရပါတယ်။ အဲဒီဥပဒေလေးကိုပဲ သေချာစုံစမ်းပါဦး”

“ကျမက ဘွဲ့ရပညာတတ်လည်း မဟုတ်ပါဘူး။ သာမန်လူတယောက်ပါ။ အရှင်းဆုံးပြောပါမယ်။ ဥပဒေကိုနားလည်လို့ မဟုတ်ပါဘူး။ ကြားဖူးနားဝ၊ ဗဟုသုတရှိထားလို့ ပြောပြတာပါ။ ကျမက ပြည့်တန်ဆာ မဟုတ်ဖူးလေ။ အဲဒါပဲပြောချင်ပါတယ်”လို့ သင်းသင်းက ပြောပါတယ်။

ဖြစ်ပျက်မှုတွေအတွက် ဝေဖန်မှုတွေလည်း ခံနေရပြီဖြစ်တဲ့သင်းသင်းက “ခုလက်ရှိတရားစွဲနေပါပြီ။ လုပ်နေပါပြီ။ အားလုံးကို ကိုယ့်မိသားစုနဲ့ ၊ကိုယ့်ဘေးအသိုင်းအဝိုင်းနဲ့ ၊ အရှက်သိက္ခာနဲ့ မိန်းကလေးတယောက်ဟာ ဘာ့ကြောင့်ဒီလိုလုပ်တယ်ဆိုတာ ထမင်းစားနေတဲ့သူတွေ အရမ်းသိစေချင်တယ်။ ကိုယ်ချင်းစာတရားနဲ့ သိစေချင်တယ်။ကျန်တာ ဘာမှမပြောချင်ပါဘူး။ တိုက်ခိုက်ကြပါစေ”

“Facebook လောကကြီးမှာလိုက်ခံစားနေရင် သေသွားလိမ့်မယ်။ ဒါကြောင့် မခံစားပါဘူး။ ကြိုက်တဲ့သူ ကြိုက်သလိုဝင်ရေးပါ။ ကြိုက်သလိုပြောပါ။ ကျမကို ဘယ်လိုပဲပြောပြော ကျမသည် ကာယကံရှင်၊ ဝေဠုကျော်သည် ကာယကံရှင် အချိန်တန်ရင် အဖြေမှန်ပေါ်သွားပါလိမ့်မယ်။ ဘယ်သူက အမှန်၊ ဘယ်သူက အမှား ဆိုတာ။ သူ့ပရိသတ် ဝင်ဝေဖန်တာလည်း ဝေဖန်ကြပေါ့နော်။ အဲ့ဒါပဲပြောချင်ပါတယ်”လို့ သင်းသင်းက ဧရာဝတီကို ပြောပါတယ်။

The post ဆယ်လီဖြစ်ချင်လို့ ဝေဠုကျော်ကို တရားစွဲတာ မဟုတ်ဘူးလို့ ပြောတဲ့ အလှမယ် သင်းသင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...