Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သီချင်းဟောင်းတွေ ပြန်ဆိုတဲ့အခါ ဝေဖန်မှာကို မကြောက်တဲ့ အဆိုတော် ထိုက်ထိုက်

$
0
0

“Me N Ma Girls” အဖွဲ့ဝင်ဟောင်း အဆိုတော် ထိုက်ထိုက်က အဆိုတော်ကြီးတွေရဲ့ သီချင်းဟောင်းတွေကို ပြန်လည်သီဆိုတဲ့အခါ ဝေဖန်မှုများရှိမှာကို မကြောက်ဘူးလို့ ဆိုပါတယ်။

“အဆိုတော်သစ် စိုင်းထူးဝမ်းရဲ့ ‘အားလုံကို ကျော်ဖြတ်ရမယ်’ဆိုတဲ့ အခွေထဲမှာ ဖိုးလေး(ခိုင်ထူး)ဆိုခဲ့တဲ့ “ဆို”သီချင်းကို သီဆိုထားပါတယ်။ သီချင်းဟောင်းတွေ ပြန်ဆိုရင် အခက်အခဲတွေ ရှိတယ်။ ထိုက်ကိုယ်တိုင်က အဆိုတော်ဟောင်းတွေရဲ့ သီချင်းကိုတွေနဲ့ အဆိုတော်ဟောင်းတွေကိုကြိုက်တဲ့ ပရိသတ်တယောက်ဖြစ်တာကြောင့် ပရိသတ်တယောက်ရဲ့ အတ္တပေါ့”

“ဒီသီချင်းတွေကို ပြန်ဆိုရင် မကောင်းဘဲနေမလားဆိုတဲ့ စိတ်ကတော့ရှိမှာပဲ။ ထိုက်ကတော့ ထိုက်ကို ဝေဖန်မှာ မကြောက်ပါဘူး။ ပရိသတ်တွေကလည်း ဝေဖန်ပိုင်ခွင့် ရှိတယ်။ သီချင်းဟောင်းတွေကိုကိုလည်း သေချာတန်ဖိုးထားပြီး ဆိုထားတယ်။ ထိုက် စီးပွားရေးလည်း လုပ်နေတော့ အနုပညာနဲ့ နည်းနည်းဝေးနေတယ်။ ထိုက် တကိုယ်တော်ခွေလေး လုပ်ဖို့တော့ရှိတယ်။ မကော်နဲ့ ထွက်ထားတဲ့ ‘နည်းနည်းလေးမှ စိတ်မချဘူး’ကိုလည်း Music Video လေးထွက်ဖို့ ရှိတယ်”လို့ အဆိုတော် ထိုက်ထိုက်က ပြောပါတယ်။

ဂီတလောကနဲ့ အနည်းငယ် ကင်းကွာနေတဲ့ ထိုက်ထိုက်က သီချင်းအသစ်တွေ မလုပ်ဖြစ်တဲ့အကြောင်းကိုလည်း အခုလိုဆိုပါတယ်။

“ထိုက် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့ အနုပညာ သိပ်မလုပ်ချင်ဘူးဖြစ်နေတာ။ အဆိုတော်တွေ အရမ်းဖောင်းပွပြီး ပရိသတ်တွေက ရွေးချယ်စရာ အရမ်းများနေတဲ့အခါ ထိုက်က မတိုးချင်ဘူး။ ကိုယ်တိုင်လည်း မတိုးချင်တော့ လူများရင် အမြဲတမ်းဖယ်ပေးလိုက်တယ်။ အဲ့တော့ကိုယ့်ကို လူတွေက ထိုက်ခြေလှမ်း ကျဲနေတယ်ဆိုပြီး ပြောကြတယ်”

“ထိုက်တို့တုန်းက မုန့်ဖိုးစုအခွေဝယ်ပြီး သီချင်းတွေနားထောင်ခဲ့ရတယ်။ အခုချိန်မှာတော့ သီချင်းတပုဒ်ကို ကြိုက်ရင် နားထောင်မယ်။ မကြိုက်ရင်ဖြတ်လိုက်မယ်ဆိုတဲ့ ခေတ်ဖြစ်နေတော့ ထိုက်တို့ရဲ့ အနုပညာပြကွက်တွေက အရမ်းကို တန်ဖိုးလျော့တယ်”

“ပရိသတ်တွေအနေနဲ့ ရွေးချယ်စရာတွေ အများကြီးရှိတော့ ကောင်းတယ်။ အခုက သီချင်းတပုဒ်ကို လွယ်ကူစွာ ဒေါင်းလို့ရနေတော့ လွယ်ကူရင် ဘယ်အရာ မဆိုတန်ဖိုးကျတယ်လေ။ လွယ်ကူလွန်းတဲ့ အတွက် တန်ဖိုးတွေကကျသွားတယ်”လို့ ထိုက်ထိုက်ကဆိုပါတယ်။

ထိုက်ထိုက်က Melody World ကနေ ပရိသတ်တွေ အားပေးမှုရရှိလာခဲ့ပြီး “Oh My God” နဲ့ “ချစ်တယ်” တကိုယ်တော်တေးစီးရီး ထွက်ရှိထားပါတယ်။

The post သီချင်းဟောင်းတွေ ပြန်ဆိုတဲ့အခါ ဝေဖန်မှာကို မကြောက်တဲ့ အဆိုတော် ထိုက်ထိုက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...