Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သြစတြေးလျထူးချွန်ဆုပေးပွဲမှာ Nicole Kidman ဇာတ်ဆောင်နဲ့ ဇာတ်ပို့ဆု နှစ်ခုလုံးလျာထားခံရ

$
0
0

မင်းသမီး Nicole Kidman ဟာ ၂၀၁၉ သြစတြေးလျရုပ်ရှင်နှင့် ရုပ်သံအနုပညာ နိုင်ငံတကာဆုပေးပွဲအတွက် ဇာတ်ဆောင်နဲ့ ဇာတ်ပို့ ဆန်ခါတင်စာရင်း နှစ်ခုလုံးမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

အော်စကာဆုရမင်းသမီး Nicole က သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင် “Destroyer” နဲ့ အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆု လျာထားခံရပြီး “Boy Erased” ဆိုတဲ့ ရုပ်ရှင်မှာတော့ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို လျာထားခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆုအတွက် Glenn Close “The Wife”, LadyGaGa “A Star Is Born”, Olivia Colman “The Favourite” နဲ့ Toni Collette “Hereditary” တို့နဲ့အတူ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇာတ်ပို့ဆုအတွက်တော့ Amy Adams ‘Vice 2018’, EmilyBlunt ‘A Quiet Place’, Margot Robbie ‘Mary Queen of Scots’ နဲ့ Claire Foy ‘First Man’ တို့နဲ့အတူ ပြိုင်ဆိုင်ရမှာပါ။

‘A Star Is Born’ ရုပ်ရှင်ဟာ အကောင်းဆုံးဒါရိုက်တာဆုနဲ့ မင်းသားဆုတို့အပါအဝင် ဆုငါးခုအတွက် လျာထားခံရပါတယ်။ ဒါ့အပြင် အကောင်းဆုံး ရုပ်ရှင်ဆုအတွက်လည်း ‘Vice’ ‘Roma’ ‘Bohemian Rhapsody’ နဲ့ ‘BlacKkKlansman ‘ ရုပ်ရှင်တို့နဲ့အတူ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အကောင်းဆုံးရုပ်ရှင်တွေကို ကမ္ဘာပေါ်အထိ ထိုးဖောက်ပြသနိုင်ဖို့ သြစတြေးလျ ရုပ်ရှင်ထုတ်လုပ်သူတွေကို အခွင့်အရေးပေးဖို့အတွက် အခုလိုမျိုး ဆုပေးပွဲကို ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဆုပေးပွဲကိုတော့ လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့ လော့စ်အင်ဂျလိစ်မြို့မှာ ကျင်းပမယ့် ပွဲတခုအတွင်းမှာ ကြေညာသွားမှာဖြစ်ပါတယ်။

မင်းသမီး Nicole ရဲ့ စံချိန်တင် ဆုလျာထားခံရမှုဟာ သြစတြေးလျ အကယ်ဒမီရဲ့နိုင်ငံတော်အဆင့် ဆုပေးအပ်ပွဲမှာ ‘Down Under’ ရုပ်သံစီးရီးကို ဂုဏ်ပြုခံခဲ့ရပြီးတဲ့နောက် အခုသတင်း ထွက်ပေါ်လာတာပါ။ သူဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း “Lion” ရုပ်ရှင်နဲ့ ဆုရရှိခဲ့တဲ့နောက် အခုဒုတိယမြောက်အနေနဲ့ ဇာတ်ပို့မင်းသမီး ဆန်ခါတင်စာရင်းမှာပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

Ref: aceshowbiz

The post သြစတြေးလျထူးချွန်ဆုပေးပွဲမှာ Nicole Kidman ဇာတ်ဆောင်နဲ့ ဇာတ်ပို့ဆု နှစ်ခုလုံးလျာထားခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...