Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၈ ခုနှစ်အတွက် မယ်စကြဝဠာဆုကို ဖိလစ်ပိုင်အလှမယ် Catriona Gray ဆွတ်ခူး

$
0
0

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Impact Arena မှာ ယနေ့၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မယ်စကြာဝဠာ အလှမယ်ရွေးချယ်ပွဲမှာတော့ ဖိလစ်ပိုင်နိုင်ငံသူ Catriona Gray က သရဖူကို ဆွတ်ခူးရရှိခဲ့ပြီး မယ်စကြာဝဠာ သရဖူကို ရရှိခဲ့တဲ့ စတုတ္ထမြောက် ဖိလစ်ပိုင်အလှမယ် ဖြစ်လာခဲ့ပါတယ်။

အလှမယ် Catriona ဟာ ပြီးခဲ့တဲ့နှစ် မယ်စကြာဝဠာဆုရှင် တောင်အာဖရိက အလှမယ် Demi-Leigh Nel-Peters ထံကနေ သရဖူကို လက်ခံရရှိခဲ့ပါတယ်။ တောင်အာဖရိကအလှမယ် Tamaryn Green ကတော့ သူ့နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ဖို့ရာ လက်တကမ်းအလိုလောက်မှာသာ ရှိနေရခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဗင်နီဇွဲလား အလှမယ် Sthefany Gutierrez ကတော့ တတိယနေရာကို ရရှိခဲ့ပါတယ်။ ပရိသတ်အားပေးမှု ရရှိထားတဲ့ ဗီယက်နမ်နှင့် ပွာတိုရီကို နိုင်ငံအလှယ်မယ်တွေကတော့ နံပါတ် ၄ နဲ့ ၅ နေရာမှာ ရှိနေကြပါတယ်။

သက်တမ်း ၆၆ နှစ်ရှိပြီဖြစ်တဲ့ မယ်စကြဝဠာပြိုင်ပွဲ သမိုင်းတလျှောက် ဒီနှစ်မှာတော့ပြိုင်ပွဲဝင် အလှမယ် ၉၄ ဦးအထိ ရှိခဲ့ပါတယ်။ နောက်ဆုံးအဆင့် မေးခွန်းမေးမြန်းတဲ့ အစီအစဉ်မှာ နောက်ဆုံး ဆန်ခါတင် ၃ ဦးဟာ သူတို့ဘဝမှာ လေ့လာသင်ကြားခဲ့ရတဲ့ အရေးအကြီးဆုံး သင်ခန်းစာအကြောင်း မေးမြန်းခံခဲ့ရပါတယ်။

ဖိလစ်ပိုင်အလှမယ် Gray က မနီလာမြို့မှာရှိတဲ့ တွန်ဒိုက ကျူးကျော်ဆင်းရဲသား ရပ်ကွက်မှာ အလုပ်လုပ်ခဲ့ရတဲ့ အတွေ့အကြုံကို ပြောပြခဲ့ပြီး အဲဒီမှာရှိတဲ့ ကလေးတွေရဲ့ ငွေရောင်တောက်ပတဲ့ အပြုံးတွေကို တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနှစ်အတွက် ကမ္ဘာကျော်အလှမယ်ရွေးပွဲမှာတော့ ဒိုင်တွေအဖြစ် အမျိုးသမီးတွေချည်းသာ ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီ ဒိုင်တွေထဲမှာတော့ အမေရိကန်အခြေစိုက် နိုင်ငံတကာ ဖက်ရှင်ဒီဇိုင်နာနဲ့ ဖိလစ်ပိုင်သူတွေဖြစ်ကြတဲ့ Monique Lhuillier နဲ့ Richelle Singson-Michael၊ ဖိလစ်ပိုင်နိုင်ငံမှာ ၆၅ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲကို စီစဉ်ကျင်းပခဲ့တဲ့ Ilocos Sur ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Luis Chavit Singson ရဲ့သမီး Richelle Singson-Michael တို့လည်း ပါဝင်ကြပါတယ်။

ဒါ့အပြင် မယ်စကြဝဠာဆုရှင်ဟောင်း ထိုင်းနိုင်ငံမှ Porntip Nakhirunkanok နဲ့ ၁၉၉၂ ခုနှစ်၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ နမီးဘီးယားနိုင်ငံမှ Michelle McLean တို့ကလည်း ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ကြပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဖြစ်တဲ့ iliana Gil Valetta, Iman Obou နဲ့ Janaye Ingram တို့လည်း ဒိုင်အဖွဲ့မှာ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ ဆီမီးဖိုင်းနယ် အဆင့်ကို တက်ရောက်မယ့် မယ်စကြဝဠာပြိုင်ပွဲ အလှမယ်တွေကို ပထဝီဝင်ဒေသတွေကို အခြေခံပြီး ရွေးချယ်ပါတယ်။

အမေရိက၊ ဥရောပ၊ အာဖရိကနဲ့ အာရှ-ပစိဖိတ်ဒေသ တွေကနေ ၅ ဦးစီ ရွေးချယ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်တိုက်ကြီးတွေမှာပဲ နေထိုင်တာပဲဖြစ်ဖြစ် နောက်ထပ် “wildcard” အဖြစ် အလှမယ် ၅ ဦးကို ထပ်မံရွေးချယ်ပါတယ်။ အခုနှစ်ပြိုင်ပွဲမှာ ထူးခြားချက်တော့ လိင်ပြောင်းလဲ ခွဲစိတ်ခံယူထားသူ အလှမယ်တဦး ပထမဆုံး ပါဝင်ယှဉ်ပြိုင်တာပဲ ဖြစ်ပါတယ်။

ပထမဆုံး လိင်ပြောင်းလဲခံယူထားသူ အလှမယ်အဖြစ် ပါဝင်ခဲ့တဲ့ စပိန်အလှမယ် Angela Ponce က “ကျမ မယ်စကြာဝဠာဆုရဖို့ မလိုအပ်ပါဘူး။ ဒီအတိုင်း ဒီစင်မြင့်ပေါ်မှာ ရှိနေဖို့ လိုအပ်တာ သက်သက်ပါ” လို့ ပြိုင်ပွဲအတွင်းမှာ ပြသတဲ့ ဗီဒီယိုတခုမှာ စပိန်ဘာသာနဲ့ ပြောဆိုခဲ့ပါတယ်။

ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေက မတ်တပ်ရပ်ထပြီး လက်ခုတ်သြဘာ ပေးခဲ့ကြပါတယ်။ မယ်စကြာဝဠာဆုကို ရရှိခဲ့ဖူးတဲ့ ဖိလစ်ပိုင် အလှမယ်တွေကတော့ Gloria Diaz (၁၉၆၉), Margie Moran (၁၉၇၃) နဲ့ Pia Wurtzbach (၂၀၁၅) တို့ ဖြစ်ကြပါတယ်။ ဟာသပညာရှင် Steve Harvey က တတိယမြောက် နှစ်အနေနဲ့ ပွဲအစီအစဉ် တင်ဆက်ခဲ့ပြီး ဂရမ်မီဆုရှင် အဆိုတော် Ne-Yo က ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

Ref: asiaone

The post ၂၀၁၈ ခုနှစ်အတွက် မယ်စကြဝဠာဆုကို ဖိလစ်ပိုင်အလှမယ် Catriona Gray ဆွတ်ခူး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...