Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘာဘီအရုပ်မလေးအဖြစ် မင်းသမီး Margot Robbie သရုပ်ဆောင်မည်

$
0
0

သြစတြေးလျမင်းသမီး Margot Robbie ဟာ နှစ်ပေါင်း ၆၀ သက်တမ်းရှိနေပြီဖြစ်သည့် ကမ္ဘာကျော် ဘာဘီ အရုပ်လေး တွေအကြောင်း ရိုက်ကူးမည့် ရုပ်ရှင်မှာ ဘာဘီအရုပ်မလေးအဖြစ် သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အရုပ်ဖန်တီးသည့်ကုမ္ပဏီ Mattel နှင့် ရုပ်ရှင်စတူဒီယို Warner Bros တို့က အော်စကာ ဆန်ခါတင်စာရင်းဝင်ထားတဲ့ မင်းသမီး ပါဝင်မယ့်ရုပ်ရှင်ကို ထုတ်လုပ်ဖို့ ပူးပေါင်းထားကြတယ်လို့ ဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ် မင်းသမီး Robbie ဟာ အဲဒီရုပ်ရှင်ကို သူကိုယ်တိုင်လည်းပူးတွဲ ထုတ်လုပ်သူ အဖြစ် ပါဝင်ဦးမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်းအရာ၊ ရုပ်ရှင်နာမည်နဲ့ ဖြန့်ချိမယ့်ရက်ကို မကြေညာသေးပါဘူး။ ကမ္ဘာကျော် လူကြီးပုံစံ ဘာဘီအရုပ်မလေးကို ၁၉၅၉ ခုနှစ်၊ မတ်လမှာ စတင်ပြီး ပရိသတ်ကို မိတ်ဆက်ပေးခဲ့တာမို့လို့ အခုဆို သက်တမ်း နှစ် ၆၀ ရှိနေပါပြီ။

၂၀၁၇ ခုနှစ်မှာ “I, Tonya” ရုပ်ရှင်နဲ့ အော်စကာဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ “Suicide Squad” မှာလည်း သရုပ်ဆောင်ထားတဲ့ မင်းသမီး Robbie က ဒီရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ကလေးတွေနဲ့ ပရိသတ်တွေအပေါ် ကောင်းကျိုးပြုတဲ့ ရိုက်ခတ်မှုရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မင်းသမီးက “ဘာဘီအရုပ်လေးဟာ မင်းသမီးလေးတစ်ဦးကနေ သမ္မတအထိ အားကျဖွယ် ဇာတ်ကောင်တွေမှာ စိတ်ကူးယဉ်နိုင်ဖို့ ကလေးတွေကို ခွန်အားပေးခဲ့ပါတယ်” လို့ ကြေညာချက်တခုထဲတွင် ပြောကြားထားပါတယ်။

ဘာဘီဟာ သူ့ရဲ့ ဘဝသက်တမ်းတလျှောက်လုံးမှာ စက်ရုပ်အင်ဂျီနီယာ၊ အာကာသယာဉ်မှူး နဲ့ ဆရာမအဖြစ် အလုပ်အကိုင်ပေါင်း ၂၀၀ ကျော်ကိုလုပ်ကိုင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ လူသိအများဆုံးအရုပ်ဖြစ်ပါတယ်။

ဝေဖန်သူတွေက အဲဒီအရုပ်လေးရဲ့ ကောက်ကြောင်းဟာ မိန်းကလေးငယ်လေးတွေအတွက် အမှန်တကယ် မဖြစ်နိုင်တဲ့ ပုံရိပ်ဖြစ်တယ်လို့ ဝေဖန်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်မှာ ရောင်းအားစတင်ကျဆင်းလာခဲ့ပါတယ်။

Ref:asiaone

The post ဘာဘီအရုပ်မလေးအဖြစ် မင်းသမီး Margot Robbie သရုပ်ဆောင်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...