Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“လယ်သူမ”ထမင်းဆိုင်မှာ ဈေးများတယ်လို့ ဝေဖန်ကြတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ ဗေလုဝ

$
0
0

သရုပ်ဆောင် အလုပ်လည်း လုပ်သလို စာပေဟောပြောပွဲတွေမှာလည်း ဟောပြောနေတဲ့ သရုပ်ဆောင် ဗေလုဝက အရင်တည်းက ထမင်းဆိုင်ဖွင့်ချင်ခဲ့တဲ့ စိတ်ကူးရှိပြီး မကြာသေးခင်က “လယ်သူမ” လို့ အမည်ရတဲ့ ကျေးလက်မြန်မာ ထမင်းဆိုင်ကို ဖွင့်လှစ်ထားပါတယ်။

“ဒီဆိုင်ကို ၂၀၁၈၊ ဒီဇင်ဘာ ၁၆ က စဖွင့်တာ။ အခု တလပြည့်တော့မှာပေါ့။ ဒီဆိုင်မှာ ဟင်းကတော့ အမယ်များတယ်။ အဓိက ကြိုက်ကြတာတော့ လယ်သူမ ဟင်းပေါ့။ ကျနော်တို့လည်း ရွေးချယ်ပြီးစားတာလေ။ စားသုံးသူတွေက ကျနော့်ဆိုင်လေးကို ရွေးချယ် အားပေးကြတာ ဝမ်းသာပါတယ်”

“တခြား စီးပွားရေးတွေထဲကမှ ဒီစီးပွားရေး လုပ်ဖြစ်သွားတာက တခြားစီးပွားရေး မလုပ်တတ်ဘူးလေ။ ဒီစီပွားရေးပဲ လုပ်တတ်တယ်။ မီးဖိုချောင်ထဲ ခဏခဏ ဝင်နေကျလည်း ဖြစ်တယ်။ နောက်တချိန်မှာ ထမင်းဆိုင်ဖွင့်မယ်ဆိုတဲ့ စိတ်ကူးလည်းရှိလို့ ဖွင့်ဖြစ်ခဲ့တာပါ”လို့ သရုပ်ဆောင် ဗေလုဝက ပြောပါတယ်။

“လယ်သူမ ဆိုတဲ့ နာမည်ပေးဖြစ်တာက လယ်သူမ ကျေးလက်မြန်မာ ထမင်းဆိုင် ဖွင့်ချင်တာ စိတ်ကူးယဉ်ထားတာ အဆင်မပြေလိုက်၊ အကောင်အထည် မဖော်လိုက်နဲ့ အခုမှပဲ အကောင်အထည်ဖော်ဖြစ်သွားတာ။ နာမည်ကိုလည်း ဝေဖန်မှုတွေ ရှိတယ်”

“ဒီနာမည်လေး စဉ်းစားထားတာတော့ ကြာပြီပေါ့။ ဒါပေမဲ့ ဒီနာမည်က ကျနော် နှစ်ပေါင်းများစွာ မွေးမြူထားတဲ့ နာမည်။ လယ်သူမရဲ့ လယ်ထဲကို လာပြီး စားတဲ့ သဘောမျိုးပေးထားတာ။ အခုလည်း လယ်ထဲက ကမန်းကတန်း ဟင်းတွေကို စိတ်ကူးယဉ်ပြီးရောင်းတာ။ နာမည်ကို ဝေဖန်စရာ မရှိဘူးလို့ ထင်တာပဲ”လို့ ဗေလုဝက ပြောပါတယ်။

သရုပ်ဆောင် ဗေလုဝနဲ့ “လယ်သူမ” ထမင်းဆိုင်မှ ဝန်ထမ်းများ

“လယ်သူမ” ထမင်းဆိုင်ကို အွန်လိုင်းမှာလည်း ဈေးနှုန်းများတယ်လို့ ဝေဖန်မှုတွေရှိနေပြီး အဲဒီအပေါ် ဈေးနှုန်းကို တင့်သင့်တဲ့ ဈေးနှုန်းနဲ့သာ ရောင်းချပြီး စားလို့မြိန်တယ်၊ စိတ်ကျေနပ်တယ်ဆိုရင် ပေးရတာ တန်တယ်လို့ ဗေလုဝက ဆိုပါတယ်။

“ဈေးနှုန်းက သင့်တင့်တဲ့ ဈေးနှုန်းပါပဲ။ တကယ်တော့ များတယ်၊ များတယ် ပြောနေကြတာ။ စားကြည့်ရင် သိပါတယ်၊ မများပါဘူး။ မိမိနှစ်သက်တယ်ဆိုတဲ့ ပစ္စည်းတခုပေါ့။ စားလို့ မြိန်တယ်၊ စိတ်ကျေနပ်တယ်ဆိုရင် ပေးရတာ တန်တယ်။ ဒီမှာကလည်း အထွေထွေ ရင်းနှီးမြှုပ်နှံမှုတွေ များသွားတဲ့အခါ ကျတော့ အဲဒါကြောင့်မို့ ယူရတာ မများချင်ဘူး။ မများချင်ကြပါဘူး ဘယ်ဆိုင် မဆိုပါပဲ။ သို့သော်လည်း ကုန်ဈေးနှုန်းတွေနဲ့ ဆိုင်ခန်းခတွေနဲ့ အခြား အကုန်ပေါင်းလိုက်လို့ ယူတာလည်း မဟုတ်ဘူး”

“ဟင်းတမယ်တိုင်းရဲ့ ဈေးက သိပ်မများပါဘူး။ အွန်လိုင်းမှာလည်း ဝေဖန်တာတွေ ရှိတယ်ဆိုတာကလည်း မရောက်ဖူးသေးလို့ ပြောတာ ဖြစ်မှာပါ။ ရောက်ဖူးရင်တော့ ပြောချင်မှ ပြောတာ့မှာပါ။ ဆိုင်မှာကတော့ လယ်သူမ ဟင်းကို မိန်းကလေး ကြိုက်ကြတယ်။ ချွေးလေး သုတ်ပြီး စားကြတာ ကြည်နူးစရာပေါ့။ ကျနော် ကိုယ်တိုင်လည်း အဲ့လို စားခဲ့တာ။ အမျိုးအဆွေဟင်းကို အခုချ ရောင်းတာ။ အဓိက ချက်တာကတော့ အမျိုးသမီးက ချက်တယ်”လို့ ဗေလုဝက ပြောပါတယ်။

အနုပညာသမားတွေ အနုပညာအလုပ်အပြင် အခုလိုမျိုး စီးပွားရေးတွေ လုပ်လာကြာတာ ကောင်းတဲ့ လက္ခဏာပဲလို့ ဗေလုဝက ပြောပါတယ်။ “အခုနောက်ပိုင်း အနုပညာရှင်တွေ စီးပွားရေးလုပ်ကြတာ ကောင်းသော လက္ခဏာပါပဲ။ အနုပညာသမားတွေဆိုတာ ကမ်းနားသစ်ပင်လိုပဲ။ အနုပညာသမား အသက်ကြီးလာတော့ ကျောထောက်နောက်ခံ လိုတယ်။ အသက်ကြီးမှ ထရှာလို့ မရဘူးလေ”

“နောက်ပိုင်း အနုပညာသမားတွေ စီးပွားရေးတွေ လုပ်လာတာ အရမ်းကောင်းတယ်။ နောက်ထပ် လယ်သူမဆိုင်ကို နံနက်ခင်းစာ ရနိုင်တဲ့ ဆိုင်လေး ထပ်ဖွင့်ဖို့ လုပ်နေတယ်။ အဓိကက ငါးခူနဲ့ ချက်တဲ့ မုန့်ဟင်းခါးကို မိတ်ဆက်ချင်တာ။ ဈေးလည်း သင့်တင့်တဲ့ ဈေးနဲ့ ရောင်းမှာပါ”လို့ ဗေလုဝက ပြောပါတယ်။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ “လယ်သူမ” ကျေးလက်မြန်မာ ထမင်းဆိုင်

သရုပ်ဆောင် ဗေလုဝရဲ့ “လယ်သူမ” ကျေးလက်မြန်မာထမင်းဆိုင်ကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းမပေါ်မှာ ဖွင့်လှစ်ထားပါတယ်။

The post “လယ်သူမ” ထမင်းဆိုင်မှာ ဈေးများတယ်လို့ ဝေဖန်ကြတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ ဗေလုဝ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...