Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Bird Box ဇာတ်ကားကြိုက်နှစ်သက်သူတွေ ထပ်မံကြည့်ရှုသင့်တဲ့ ဇာတ်ကားများ

$
0
0

ဒီဇင်ဘာ ၂၁ ရက်နေ့မှာ Netflix အနေနဲ့ Bird Box ကို စတင်ပြသခဲ့တာဖြစ်ပြီး ကမ္ဘာအနှံ့အပြားက ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ အပြင်လောကအထိပါ လွှမ်းမိုးနိုင်တဲ့အထိ အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။

Bird Box ကို အခြားရုပ်ရှင်တွေလိုပဲ နောက်ဆက်တွဲရုပ်ရှင် ဆက်လက်ရိုက်ကူးဖို့ အစီအစဉ်ရှိနေပြီး အခုဖော်ပြပေး မှာကတော့ Bird Box ကို ကြိုက်နှစ်သက်သူတွေအတွက် ထပ်မံကြည့်ရှုသင့်တဲ့ ရုပ်ရှင်တွေအကြောင်းပဲဖြစ်ပါတယ်။

(၁) A Quiet Place

နာမည်ကျော်သရုပ်တွေဖြစ်ကြတဲ့ Emily Blunt နဲ့ John Krasinski တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တကားဖြစ်ပြီး ကလေးတွေကို ကမ္ဘာပျက်ကာလအလွန်မှာ ပြုစုစောင့်ရှောက်ဖို့နဲ့ မကောင်းဆိုးဝါးတွေရန်က ကာကွယ်ဖို့ကို အဓိကထား ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။

Bird Box ရုပ်ရှင်ကတော့ အမြင်အာရုံရဲ့ လှည့်စားမှုတွေကို အဓိကထားတာဖြစ်ပြီး အခု A Quiet Place ကတော့ အသံထွက်တဲ့ ပစ္စည်းတွေကို အာရုံခံနိုင်တဲ့ မကောင်းဆိုးဝါးတွေနဲ့ ရုပ်ရှင်ကို အသက်သွင်းထားတာပဲဖြစ်ပါတယ်။

(၂) It Comes At Night

တောနက်ထဲမှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားနေရတဲ့ မိသားစုတစုအကြောင်းကို အခြေပြုရိုက်ကူးထားတဲ့ Horror ရုပ်ရှင်တကားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Joel Edgerton , Christopher Abbott တို့အပြင် အခြားသော သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ထပ် မိသားစုတစုဟာ သူတို့နေထိုင်ရာ တောနက်ထဲကို ရောက်ရှိလာခဲ့ချိန်မှာတော့ Bird Box ရုပ်ရှင်ထဲကလို သူစိမ်းတွေဟာ ဘယ်လိုအန္တရာယ်မျိုးကို သယ်ဆောင်လာမလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။

(၃) The Happening

Bird Box ကို ရုပ်ရှင်ကြည့်သူတွေအနေနဲ့ Equation တခု ဥပမာပြပြီး ညွှန်းဆိုလေ့ရှိပါတယ်။ အဲဒါကတော့ Bird Box = The Happening + A Quiet Place ဆိုတာပဲဖြစ်ပါတယ်။

ပြင်းထန်တဲ့ မတော်တဆမှုတွေ ၊ ရုတ်တရက်သေဆုံးခြင်း တွေဟာ တနိုင်ငံလုံးမှာဖြစ်ပျက်နေပြီး အကြောင်းအရင်း ကိုလည်း မသိနိုင်တဲ့ အခြေအနေအချိန်အခါတွေမှာ သိပ္ပံပညာသင်ကြားပေးနေရတဲ့ ကျောင်းဆရာနဲ့အတူ သူ့ဇနီးတို့ ဘယ်လို ဖြတ်ကျော်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။

(၄) The Thing

အခြားဂြိုဟ်ကမ္ဘာကနေ ရောက်ရှိလာတဲ့ ဂြိုဟ်သားဟာ ဘယ်သူရဲ့ ပုံတူမဆို သူ့ကိုယ်သူ ပွားနိုင်တဲ့ ဇာတ်ကောင်နဲ့အတူ The Thing ရဲ့ ဇာတ်အိမ်ကို ဆွဲဆောင်မှုရှိအောင် တည်ဆောက်ထားတာလည်းဖြစ်ပါတယ်။ သုတေသနပညာရှင်တွေဟာ ဘယ်သူဟာ ဒီဂြိုဟ်သားရဲ့ ပုံတူပွားထားတဲ့ သူလည်းဆိုတာကို အဖြေထုတ်ဖို့ ကြိုးစားကြပုံကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။

Ref: www.thisisinsider.com

The post Bird Box ဇာတ်ကားကြိုက်နှစ်သက်သူတွေ ထပ်မံကြည့်ရှုသင့်တဲ့ ဇာတ်ကားများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...