Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဆေး” သီချင်းကို လွတ်လွတ်လပ်လပ်တွေးပြီး ပုံဖော်ဖန်တီးခဲ့သူ တေးရေး ဝေကြီး

$
0
0

အဆိုတော် ကော်နီ ဆိုထားတဲ့ “ဆေး” သီချင်းက အွန်လိုင်း ပရိသတ်များကြားမှာ ရေပန်းစားခဲ့ပြီး အဲဒီသီချင်းကို ရေးပေးသူကတော့ တေးရေးဝေကြီး ဖြစ်ပါတယ်။ ဒီသီချင်းကို သူ့အနေနဲ့ လွတ်လွတ်လပ်လပ် ပုံဖော်ပြီးရေးသားထားတာလို့ တေးရေး ဝေကြီးက ဧရာဝတီကို ပြောပါတယ်။

“အွန်လိုင်းမှာ “ဆေး”သီချင်းလေး အရမ်းကို ပရိသတ်တွေကကြိုက်ကြတော့ ပျော်ရတယ်။ အဲ့သီချင်းလေးက ကျနော်တွေးဖြစ်တာတွေကို လွတ်လွတ်လပ်လပ် ပုံဖော်ရေးထားတာ။ ကျနော်ရေးထားတာ မကော်ကိုပေးပြီး ဆိုဖြစ်တယ်။ အကုန်လုံး ကောင်းကြတယ်။ ကျနော် အရမ်းအားရတဲ့ သီချင်းတပုဒ်ပါ။ Cover တွေ ပြန်ဆိုကြတော့ ဝမ်းသာကြတယ်။ Cover ဆိုကြတဲ့ ညီကိုမောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ တေးရေး ဝေကြီးက ပြောပတယ်။

“ကျနော်နှင်းဆီအဖွဲ့ကတာကို ကြည့်လိုက်ရတယ်။ နှင်းဆီအဖွဲ့ကို အရင်ကတည်းက အားပေးတာ ရယ်လည်းရယ်ရတယ်။ အခု ဆေးသီချင်းလေးကို ပြက်လုံးလုပ်တော့ မြင်ရတွေ့ရတာတော့ တမျိုးပေါ့။ ဒါပေမဲ့ ကျေနပ်ပါတယ်။ ကျနော် သီချင်းရေးရင် လွတ်လွတ်လပ်လပ်ပဲ ရေးတယ်။ အသည်းကွဲရင် အဲ့ဒီအသည်းကွဲတဲ့နေရာမှ ကိုယ်တိုင်ခံစားပြီးတော့ ရေးဖြစ်တယ်”လို့ တေးရေး ဝေကြီးက ဆိုပါတယ်။

တေးရေး ဝေကြီးကတော့ သူ့ရေးခဲ့တဲ့ သီချင်းတိုင်းလိုလို ပရိသတ်များကြား ရေပန်းစားသူတဦးဖြစ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ ၂၀၁၈ခုနှစ်အတွင်းက အတွေ့အကြုံများနဲ့ ပတ်သက်လို့လည်း ဝေကြီးက အခုလိုဆိုပါတယ်။

“၂၀၁၈ခုနှစ်က အလုပ်များတဲ့နှစ် ကြိုးစားတာတွေ အရာထင်တဲ့နှစ်လို့ ပြောလို့ရတယ်။ ကျနော်ဘဝမှာ မရဘူးတဲ့ ဆုလည်းရတယ်။ သီချင်းတွေလည်း တောက်လျှောက်လုပ်နိုင်တယ်။ ဆု ရခဲ့တာက အဓိကကတော့ ပရိသတ်တွေပါပဲ။ ကျနော့်သီချင်းကို ကြိုက်ပြီးတော့ နားထောင်ပေးကြတဲ့ ပရိသတ်တွေရှိလို့ ဒီဆုရတာပါ။ မထင်မှတ်ပဲ ရတဲ့အတွက် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဆုနဲ့ တန်အောင်လည်း ဒီထက်ပိုပြီးလည်း ကြိုးစားပါ့မယ်”လို့ ဝေကြီးက ပြောပါတယ်။

ဂီတဆုတွေလည်း ရရှိထားတဲ့ တေးရေး ဝေကြီးက ဒီလို ဆုတွေရရှိခဲ့တဲ့အတွက် သူ့အနေနဲ့ သီချင်းရေးခကို ဈေးတက်ပြီးယူဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

“ကျနော် တေးရေးခတွေကိုတော့ ဆုရလို့ ဈေးတက်တာတို့ သီချင်းပေါက်လို့ ဈေးတက်တာတို့တော့မရှိပါဘူး။ အဲ့လိုလည်း ကျနော် မလုပ်တတ်ဘူး။ အနုပညာကြေးကတော့ သူ့ဟာသူရှိတာပေါ့။ Copy ရေးရတာလည်း တကယ်ကို မလွယ်ဘူးဗျာ။ Own Tune ပဲ တောက်လျှောက်ရေးလာတော့လေ Copy ဆိုတာက အစကတည်းက သူ့ Mood ကရှိပြီးသားလေ”

“အဲ့ဒါကြောင့် ကိုယ့်စာသားက အဲ့ခံစားချက်ပေါ်မှာ အနောင့်အယှက်ဖြစ်မှာလည်း ကျနော်က အားနာတယ်။ ဒါကြောင့် ကျနော်တို့ လေးစားတဲ့ ဒီနိုင်ငံမှာ နာမည်ကြီး တေးရေးဆရာတွေ Copy ရေးတယ်ဆိုတာ တကယ်အရမ်းကို တော်တာပါ။ Copy ကို မြန်မာစာသားနဲ့ သံစဉ်နဲ့ ပရိသတ်တွေ ရင်ထဲရောက်ဖို့ ဆိုတာ မလွယ်ဘူး။ သူတို့လိုမျိုး အဆင့်ရောက်ဖို့ ကျနော် မတရားကို ကြိုးစားရဦးမှာပါ” လို့ ဝေကြီးက ဆိုပါတယ်။

တေးရေးဝေကြီးက ၂၀၁၉ ခုနှစ်အတွင်းမှာ ပရိသတ်ကြိုက်မယ့် သီချင်းတွေဆက်ရေးသွားဖို့ ရှိနေပြီး သားဖြစ်သူအတွက်လည်း သီချင်းတပုဒ်ဖန်တီးရေးသားဖို့ ရှိတယ်လို့ ဆိုပါတယ်။ တေးရေးဆရာ ဝေကြီးက လက်ရှိချိန်မှာတော့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ ဖြစ်နေပြီး City FM နဲ့ Shwe FM ကပေးတဲ့ “အကျော်ကြားဆုံး တေးရေးဆု” ရရှိထားသူလည်း ဖြစ်ပါတယ်။

The post “ဆေး” သီချင်းကို လွတ်လွတ်လပ်လပ်တွေးပြီး ပုံဖော်ဖန်တီးခဲ့သူ တေးရေး ဝေကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...