Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Baby Shark”ကိုရီးယားကလေးသီချင်း Billboard Hot 100 စာရင်းမှာ ၂ ပတ် ဆက်တိုက်ပါဝင်

$
0
0

တောင်ကိုရီးယား ကလေးသီချင်းတပုဒ်ဖြစ်တဲ့ “Baby Shark” (ငါးမန်းသားလေး) ဟာ Billboard ရဲ့ နာမည်ကျော် သီချင်းရေ အပုဒ် ၁၀၀ စာရင်းမှာ ဒုတိယမြောက် သီတင်းပတ်အဖြစ် ပါဝင်လာတယ်လို့ ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေထဲမှာ တွေ့ရပါတယ်။

ကလေးသူငယ် ပညာရေးနဲ့ ဖျော်ဖြေရေးအဖွဲ့ Pinkfong က အင်္ဂလိပ်ဗားရှင်းနဲ့ သီဆိုထားတဲ့ အဲဒီသီချင်းဟာ ဇန်နဝါရီ ၁၉ ရက်သီတင်းပတ်ရဲ့ နာမည်ကျော် သီချင်း အပုဒ် ၁ဝ၀ စာရင်းမှာ နံပါတ် ၃၈ နေရာကနေ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အဲဒီ့သီချင်းဟာ Single တေးသီချင်းတွေထဲ နံပါတ် ၃၂ နေရာမှာ ရပ်တည်နေပြီး ဒါဟာ အဲဒီ့စာရင်းမှာ ပါဝင်ခဲ့တဲ့ ပေါ့ပ်သီချင်းမဟုတ်တဲ့ ပထမဆုံးကိုရီးယားသီချင်း ဖြစ်လာပါတယ်။

အဲဒီစာရင်းထဲမှာဆိုရင် တကယ့်ကို ထိတ်ထိတ်ကြဲ ကိုရီးယား ပေါ့ပ်အဆိုတော်တွေသာ ပါဝင်နိုင်ခဲ့တာပါ။ Psy, Wonder Girls နဲ့ BTS အဖွဲ့တို့သာက ဒီစာရင်းထဲမှာပါဝင်နိုင်ခဲ့ပါတယ်။

BTS အဖွဲ့ကတော့ သူတို့ နောက်ဆုံးထွက်ရှိခဲ့တဲ့ “Idol” သီချင်းဟာ နံပါတ် ၁၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ Pinkfong အဖွဲ့ကသီဆိုထားတဲ့ “Baby Shark” သီချင်းကို ပညာရေးဖျော်ဖြေမှုအဖွဲ့ SmartStudy ကနေ ၂၀၁၅ ခုနှစ်မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

၂ မိနစ်သာကြာမြင့်တဲ့ အဲဒီ့သီချင်းထဲမှာဆိုရင် ငါးမန်းမိသားစုနဲ့ သူတို့ရဲ့ ရေအောက်ကမ္ဘာမှာ ငါးငယ်လေးတွေကို လိုက်လံဖမ်းဆီးပုံ အကြောင်းကို ရေးသားထားပါတယ်။ အဲဒီသီချင်းရဲ့ အင်္ဂလိပ်ဗားရှင်းဗီဒီယိုမှာ ချစ်စဖွယ်ကကွယ်လေးတွေ ပါဝင်ပြီး “Doo doo doo doo doo doo” ဆိုတဲ့ အသံက ကမ္ဘာတခွင်က ကလေးပရိသတ်တွေကို လူကြီးပရိသတ်တွေကိုပါ ဖမ်းစားနိုင်ခဲ့တာပါ။

အဲဒီသီချင်းဟာ သြဂုတ်လတုန်းက ဗြိတိန်ရဲ့ Singles Chart မှာလည်း ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာလည်း လူကြည့်အများဆုံး Youtube ဗီဒီယိုအဖြစ် မှတ်တမ်းတင်ခံရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့အထိတော့ အဲဒီဗီဒီယိုကို ကြည့်ရှုသူ ၂ ဒဿမ ၁၉ ဘီလီယံ ရှိနေပါပြီ။

Ref:Yonhap

The post “Baby Shark” ကိုရီးယားကလေးသီချင်း Billboard Hot 100 စာရင်းမှာ ၂ ပတ် ဆက်တိုက်ပါဝင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


မောင်ကိန်းရွှေဆိုင်ဓားပြတိုက်သူမှာလောက်ကိုင် အမျိုး သား လွှတ် တော် ကိုယ် စား...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)