Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အရင်တုန်းက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Body Shaming လုပ်ခြင်းခံခဲ့ရတဲ့ ထူးအောင်

$
0
0

မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးကြတဲ့ ထူးအောင်က ဟိုးအရင်က ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Body Shaming လုပ်တာခံရဖူးတယ်လို့ ဆိုပါတယ်။

“ကျနော်က အရင်က အရပ်လည်း ရှည်တယ်။ ပိန်လည်း ပိန်တယ်။ ကြိုက်တာကလည်း Emo ပုံစံ။ အဲ့လိုမျိုးဆိုတော့ ဒီကောင်တွေ လမ်းလျှောက်ရင် နွဲ့နွဲ့နဲ့ အခြောက်တွေလားပေါ့။ လူတွေ တခါတလေကျရင် ပြောစရာမရှိရင် ရှာကြံပြီးပြောတဲ့သူတွေဆိုတော့ သူတို့တွေ ပြောတာ မှားတယ်ဆိုတာကို သက်သေပြဖို့အတွက်က ကိုယ့်အပေါ်မှာပဲ မူတည်တယ်”

“Gym မဆော့ချင်ရင်တောင် အဲ့လိုပြောနေတာတွေကို စိတ်သွင်းပြီး ဆော့သွားတယ်။ Body Shaming လုပ်တာ ခံရဖူးလို့လေ။ ဒါတွေက များသောအားဖြင့် ကြုံတွေ့ရမယ့် အခိုက်အတန့်ပါပဲ။ ကျနော်တို့ အရင်က ငွေအရမ်း အဆင်မပြေဘူး။ အကြောင်းပြချက်မပေးဘူး။ ရအောင်တော့ ဆော့တယ်။ အရှေ့က ဖြေခဲ့ဖူးတာတွေကတော့ ကောင်မလေးပုံစံက ဘယ်လိုဖြစ်ဖြစ် ရတယ်ပေါ့နော်”

“ဒါပေမဲ့ အခုကျတော့ နည်းနည်းတော့ စဉ်းစားရတာပေါ့နော်။ ခန္ဓာကိုယ်လှတဲ့လူကို ပိုသဘောကျမိတယ်။ ကျနော်ကလည်း Gym ဆော့မိတဲ့သူဆိုတော့ တခါတရံတော့ ဒီလိုလေး တွေးမိပါတယ် ”လို့ ထူးအောင်က ပြောပါတယ်။

မော်ဒယ်လုပ်တုန်းက ဆံပင်အရောင်ချွတ်လိုက်တာကြောင့် ဆံပင်ကိုလည်း Hair Treatment လေးတွေ လုပ်ဖြစ်ကာ လက်မွှေးတွေကိုပါ အရောင်ဆိုးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်မော်ဒယ် လုပ်တုန်းက ဆံပင်အရောင်ချွတ်လိုက်တာ ဆံပင်ထိသွားတယ်။ ဆံပင်တွေ ပျက်စီး ကုန်တယ်။ အဲ့အတွက် Hair Treatment လေးတွေ လုပ်ဖြစ်တယ်။ ဆံပင်သန်ရုံတင် မကဘူး။ အမွှေးတွေ အကုန်ထူလာတယ်။ လက်မွှေးတွေလည် းရှည်လာတော့ တနှစ်လောက် ကုလိုက်ရင် လူဝံဖြစ်သွားမလား တောင်ထင်ရတယ်”

“လက်မွှေးတွေ ရှည်လာတဲ့အခါ အသားမည်းတယ်လို့ ထင်မှာစိုးလို့ ကျနော့် လက်မွှေးကို အရောင်ဆိုးခဲ့ပါတယ်။ ချစ်သူထားရင်လည်း ဆံပင်ရှည်လေးတွေသဘောကျတယ်။ အခုခေတ်ကောင်မလေးတွေက ဆံပင်တိုထားတာတော့ တွေလဲရှိတယ်။ သူ့အလှနဲ့ သူပေါ့”လို့ ထူးအောင်ကပြောပါတယ်။

မော်ဒယ်လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တယောက်လည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ ထူးအောင်က သူငယ်ချင်းတွေကို Gym ဆော့တာနဲ့ ပတ်သက်ပြီး Train ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။

The post အရင်တုန်းက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Body Shaming လုပ်ခြင်းခံခဲ့ရတဲ့ ထူးအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...